ကလေးက ဒါက အနိုင်ကျင့်နေတာ၊ အနိုင်ကျင့်နေတာဟာ မကောင်းဘူးဆိုတာ မသိပါဘူး။ သူများလုပ်လို့ လိုက်လိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကျောင်းနေစအရွယ်လေးတွေမှာ ဖြစ်တတ်တာဆိုတော့ ဒီအရွယ်က ပြောရင်လည်း နားလည်ပါတယ်။ သေချာနားလည်အောင် ရှင်းပြပေးပါ။
ကိုယ့်ကလေးက ကျောင်းမှာ ဘယ်လိုကလေးမျိုးလည်း ဆိုတာကို မေးမြန်းပါ။ သူက အမြဲအနိုင်ကျင့်တတ်သူလား။ ဒါမှမဟုတ် သူများက စလို့ ပြန်လုပ်ရင်း အနိုင်ကျင့်တယ်လို့ ဖြစ်သွားတာလား။ ကျောင်းမှာ ပေါင်းသင်းဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိလဲ စသဖြင့်ပေါ့။
- ကလေးပြောတာကို နားထောင်ပါ။
အနိုင်ကျင့်ရတာက အကြောင်းရင်း တစ်ခုခု ရှိတတ်ပါတယ်။ သူပြောတာကိုလည်း နားထောင်ပေးပါ။ သူ့ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးပါ။ အထူးသဖြင့် သူအနိုင်ကျင့်ခံရလို့ အကာအကွယ်ရအောင် ပြန်အနိုင်ကျင့်လိုက်ရတာလည်း ဖြစ်နိုင်တာပဲလေ။
- နောက်ဆက်တွဲပြဿနာတွေကို ပြောပြပါ။
အနိုင်ကျင့်တာက သူများကို ထိခိုက်နိုင်တယ်။ ကိုယ်တိုင်လည်း အပြစ်ပေးခံရနိုင်တယ်။ နှစ်ယောက်လုံးအတွက် မကောင်းဘူး။ ဆိုလိုတာက ဒါက ဘယ်သူ့မှာမှ အကျိုးမရှိဘူးဆိုတာ မြင်အောင် ပြောပြပါ။ ဒါက လုပ်ရပ်သက်သက်မဟုတ်ဘဲ နောက်မှာ ပြစ်ဒဏ်တွေပါလာရင် ကလေးက နောက်ထပ်လုပ်ဖို့ တွန့်သွားမှာပါ။
ခုနောက်ပိုင်းမှာ ကလေးတွေကို အပြစ်ပေးတဲ့ ပုံစံပြောင်းလာပါတယ်။ အရင်ကတော့ အမှားတစ်ခုခု လုပ်မိရင် တစ်ခုခု ‘လုပ်စေ’ပါတယ်။ ဥပမာ ရိုက်တာ၊ ထိုင်ထ စသဖြင့်ပေါ့။ ဒါက ကလေးစိတ်ဒဏ်ရာ ဖြစ်စေလို့ လုံးဝမလုပ်ခိုင်းတော့ပါဘူး။ ဒီအစား အခွင့်အရေးတွေကို ရုပ်သိမ်းပါတယ်။ ဥပမာ တစ်ရက်တာ ကစားခွင့်ပိတ်တာမျိုး၊ ကာတွန်းကားကြည့်ခွင့်ပိတ်တာမျိုးပေါ့။
အထူးသဖြင့် ဒီလိုမျိုး ကိုယ့်ကလေးက သူများကို အနိုင်ကျင့်လိုက်လို့ ရုံးခန်းအခေါ်ခံရရင် မိဘတွေက ရှက်ပါတယ်။ ဒီတော့ အိမ်လည်းရောက်ရော ကလေးကို ဆူရော။ ကလေးကို စိတ်နာစေလောက်တဲ့ စကားမျိုးတွေ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ မလုပ်သင့်ပါဘူး။ ဒါက ကလေးကို စိတ်ထိခိုက်စေပြီး အပြုအမူတွေကို ပိုကြမ်းတမ်းစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။