backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု နဲ့ပတ်သတ်လို့ လေ့လာကြည့်ရအောင်။

ကျောင်းစတက်တာက ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမှတ်တိုင် တစ်ရပ်ပါ။ မိဘတွေရဲ့ ထိန်းကျောင်းမှုကနေ သူစိမ်းလို့ ဆိုရမယ့် ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံရတယ်။ မောင်နှမ မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ရတယ်၊ အတူတူ သင်ယူမှု၊ လေ့လာမှုတွေ လုပ်ရတယ်။ ဒါက ကစားရတဲ့ အရွယ်ပါ။

ဒီကာလမှာ ကလေးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေကို သင်ယူမှုတွေ လုပ်ကြရပါတယ်။ ဒီကာလမှာ ကလေးက လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးလာသလို တိုးတက်မှု ဖြစ်စဉ်ကလည်း အခြား အသက်အပိုင်းအခြားတွေနဲ့ မတူပါဘူး။ စိတ်ဝင်စားမှုတွေ ပြောင်းလဲလာမှာပါ။

ကျောင်းနေအရွယ် ကလေးတစ်ယောက် ကျော်ဖြတ်ရမယ့် အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ကျောင်းနေအရွယ် ကလေးတစ်ယောက်အနေနဲ့ လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးမှုနဲ့အတူ

  • ကျောင်းမှာ ရွယ်တူကလေးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာ
  • ဆီးမထိန်းနိုင်တာ၊
  • အိပ်စက်မှု ပြဿနာ စတဲ့ အခက်အခဲတွေကို အဓိက ရင်ဆိုင်ရပါတယ်။
  • ကျောင်းနေအရွယ် ကလေးတစ်ယောက် ဘယ်လို ဖွံ့ဖြိုးလာသလဲ။

    ကျောင်းနေအရွယ် ကလေးတစ်ယောက် ဘယ်လို ဖွံ့ဖြိုးလာသလဲ။

    ကလေးက စဉ်ဆက်မပြတ် ကြီးထွားလာမှုနဲ့အတူ မိဘတွေအနေနဲ့ ကလေးရဲ့ စွမ်းဆောင်ရည် အသစ်တွေ နဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ကလေးရဲ့ ဖွံ့ဖြိုးမှု အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းနေအရွယ်မှာ အသက်အပိုင်းအခြားအလိုက် ကလေးက အခုလိုတွေ ဖွံ့ဖြိုးလာမှာပါ။

    အသက် ၆ နှစ် ကနေ ၇ နှစ်

    • လုပ်ဆောင်မှု အတော်များများကို သဘောတကျ လုပ်ဆောင်နေမယ်။ အမြဲလိုလို အလုပ်များနေပါမယ်။
    • ပုံဆွဲတာ၊ ဆေးခြယ်တာတွေကို သဘောကျနေမယ်။
    • ငယ်သွားလေးတွေ စလဲမယ်။
    • အမြင်အာရုံက လူကြီးတစ်ယောက်လိုပဲ ဖွံ့ဖြိုးလာမယ်
    • အရာရာကို ပိုပြီး ကောင်းကောင်း လုပ်ဆောင် လာနိုင်မယ်
    • ​ကြိုးခုန်နိုင်လာမယ်
    • စက်ဘီး စီးနိုင်လာမယ်။

    အသက် ၈ နှစ် ကနေ ၉ နှစ်

    • လုပ်ဆောင်မှု အတော်များများကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်လာနိုင်မယ်။
    • ခုန်တတ်ပြီ။ စကိတ်စီးတတ်ပြီ။
    • ကိုယ်တိုင် အဝတ်အစားလဲ တတ်ပြီ။
    • တူ၊ ဝက်အူလှည့် စတာတွေကို ကိုင်တွယ်တတ်ပါပြီ။

    အသက် ၁၀ နှစ် ကနေ ၁၂ နှစ်

    • ကြီးသွားတွေ စပေါက်ပြီ
    • ချုပ်လုပ်တာနဲ့ အရောင်ခြယ်ရတာကို သဘောကျတယ်။

    ကျောင်းနေအရွယ် ကလေးတစ်ယောက်က ဘာတွေကို နားလည်ပြီလဲ။

    ကျောင်းနေအရွယ် ရောက်လာပြီဆိုရင် ကလေးရဲ့ လုပ်ဆောင်နိုင်စွမ်းရော သိမြင်နိုင်မှု စွမ်းရည်ပါ တိုးတက်လာပါပြီ။ ကလေးတစ်ယာက်ချင်းစီမှာတော့ တိုးတက်မှုခြင်း မတူနိုင်ဘူးပေါ့။

    အသက် ၆ နှစ် ကနေ ၇ နှစ်

    • နံပါတ်တွေကို နားလည်ပြီ
    • နေ့ နဲ့ ညကို သေချာ သိပြီ
    • ဘယ်ဘက်၊ ညာဘက် သေချာ ခွဲတတ်ပြီ
    • ပုံသဏ္ဍာန်တွေကို ကူးဆွဲတတ်ပြီ
    • အချိန်တွေကို ပြောနိုင်ပြီ
    • ညွှန်ကြားချက် ၃ ခုလောက်ကို လုပ်ဆောင် လာနိုင်ပြီ
    • အရာဝတ္ထုတွေ အကြောင်းနဲ့ အသုံးဝင်မှုတွေကို ရှင်းပြတတ်ပြီ
    • နံပါတ် ၃ ခုလောက်ကို အစဉ် လိုက်မဟုတ်ဘဲ ကြီးရာကနေ ငယ်ရာကို ရွတ်ပြတတ်ပြီ (ဥပမာ ၃-၂-၁) စသဖြင့်ပေါ့။
    • အသက်အရွယ်အလိုက် ထုတ်ထားတဲ့ စာအုပ်တွေကိုဖတ်နိုင်ပြီ။

    အသက် ၈ နှစ် ကနေ ၉ နှစ်

    • ဂဏန်းတွေကို နောက်ပြန် ရေတွက်တတ်ပြီ
    • ရက်စွဲတွေကို သိပြီ
    • စာတွေ ပိုဖတ်လာနိုင်ပြီ။ စာဖတ်ရတာကို သဘောကျတတ်ပြီ
    • ပုံဆွဲတတ်ပြီ
    • ဆေးခြယ်တတ်ပြီ
    • ရက်၊ လ၊ ရက်သတ္တပတ်တွေကို ခွဲခွဲခြားခြား သိပြီ
    • ပစ္စည်းလေးတွေ စုတတ်ပြီ။

    အသက် ၁၀ နှစ် ကနေ ၁၂ နှစ်

    • ပုံပြင်တွေ ရေးတတ်ပြီ
    • စာတွေ ရေးနိုင်ပြီ
    • စာကောင်းကောင်းဖတ်တတ်ပြီ
    • တယ်လီဖုန်း သုံးတတ်ပြီ။

    ကျောင်းနေအရွယ် ကလေးတစ်ယောက်ရဲ့ လူမှုဆက်ဆံရေး တိုးတက်မှု

    ကျောင်းနေအရွယ် ကလေးတစ်ယောက်ရဲ့ လူမှုဆက်ဆံရေး တိုးတက်မှု

    ဒီ အသက်အပိုင်းအခြားမှာ ကျောင်းနေအရွယ် ကလေးတစ်ယောက် အနေနဲ့ လူမှုဆက်ဆံရေးပိုင်းရော စိတ်ခံစားမှုပိုင်းပါ တိုးတက်မှုတွေ ရှိလာပါတယ်။ ဒီတိုးတက်မှုတွေနဲ့အတူ ကလေးက

    အသက် ၆ နှစ် ကနေ ၇ နှစ်မှာ

    • ပူးပေါင်းဆောင်ရွက်တတ်ပြီ။
    • မျှဝေတတ်ပြီ။
    • အခြားမွေးချင်းတွေကို မနာလို ဖြစ်တတ်ပြီ။
    • လူ​ကြီးတွေကို အတုခိုးတတ်ပြီ။
    • အခြား သူငယ်ချင်းတွေနဲ့ အတူ ကစားတတ်ပြီ။
    • ဒေါသဖြစ်တတ်ပြီ။

    အသက် ၈ နှစ် ကနေ ၉ နှစ်

    • ဂိမ်းတွေ၊ ပြိုင်ပွဲတွေကို ပြိုင်ဆိုင် ဆော့ကစားတတ်ပြီ
    • သူငယ်ချင်းတွေ အများကြီးနဲ့ ကစားတတ်ပြီ (ယောက်ျားလေးရော မိန်းကလေးနဲ့ပါ ကစားတတ်ပြီ)
    • သူ့ခန္ဓာကိုယ်အကြောင်း သူ ပိုနားလည်လာပြီ
    • အုပ်စုဖွဲ့ပြီး ကစားတတ်ပြီ။

    အသက် ၁၀ နှစ် ကနေ ၁၂ နှစ်

    • သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ရှိလာပြီ။
    • သူငယ်ချင်းကောင်း ထားတတ်လာပြီ။
    • မိဘတွေကို ရိုသေရမယ်ဆိုတာ နားလည်လာပြီ။
    • အခြားသူတွေနဲ့ စကားပြောရတာကို သဘောကျတတ်ပြီ။

    ကျောင်းနေအရွယ် ကလေးကို မိဘတွေဘက်က ဘယ်လို ကူညီပေးမလဲ။

    ကျောင်းနေအရွယ် ကလေးတစ်ယောက်ကို လူမှု ဆက်ဆံရေး တိုးတက်စေဖို့အတွက်

    • ကလေးအတွက် သင့်တင့်လျောက်ပတ်မယ့် အကန့်အသတ်တွေ၊ လမ်းညွှန်မှုတွေနဲ့ မျှော်လင့်ချက်တွေ ထားပါ။
    • ကိုယ်တိုင်က အတုယူစရာ ဖြစ်အောင် မပြုအမူတွေကို ဂရုစိုက်ပါ။
    • ကလေးကို ပူးပေါင်းဆောင်ရွက်တတ်အောင် လုပ်ဆောင်ပေးပါ။
    • ကလေးနဲ့ သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်စေပါ။
    • ကလေးကိ စကားပြောဖို့ တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းပြောဖို့ တိုက်တွန်းပါ။
    • ကလေးကို စာဖတ်ခိုင်းပါ။ ကလေးနဲ့အတူ စာဖတ်ပါ။
    • ကလေးကို ဝါသနာပါရာလေးတွေ လုပ်ခွင့်ပေးပါ။
    • ကလေးကို ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါ။
    • ကလေးကိုကိုယ်တိုင် စည်းကမ်းချမှတ်စေပါ။
    • ကလေးကို လေးစားမှု ပေးပါ။
    • ကလေးကို အချိန်ပေးပါ။
    • ကလေးရဲ့ ဖုန်းသုံးချိန်၊ ကွန်ပျူတာ အသုံးပြုတဲ့အချိန်၊ တီဗွီ ကြည့်ချိန် ကန့်သတ်ပါ။

    Takeaways

    ကျေင်းနေအရွယ် ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေကို အကောင်းဆုံး တိုးတက်စေဖို့ မိဘတွေအနေနဲ့ အခုပြောခဲ့တဲ့ လုပ်ဆောင်မှုလေးတွေကို လုပ်ဆောင်ပေးရင်း အကောင်းဆုံး တိုးတက်မှုတွေ ရရှိအောင် ပျိုးထောင်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement