backup og meta

မျှဝေပါ။

ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေသိထားသင့်တဲ့အချက်

မိဘတစ်ယောက်အနေနဲ့ အကြီးလေးဆုံးတာဝန်က သားသမီးကို အကောင်းဆုံးပျိုးထောင်မှုပါ။ ဒီတစ်ခေါက်တော့ သားသမီးကို အကောင်းဆုံးပျိုးထောင်ဖို့အတွက် မိဘတွေအနေနဲ့ အသုံးတည့်မယ့် အချက်လေးတွေကိုမေမေဖေဖေတို့နဲ့မျှဝေပေးပါရစေနော်။

အရင်ဆုံးပြောပြချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ကလေးတစ်ယောက်ကောင်းမွန်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက အာဟာရမျှတအောင်ကျွေးမွေးတဲ့ပုံစံကို ပျိုးထောင်ပေးလို့ရတယ်ဆိုတာပါ။ ကလေးတွေရဲ့ စားသောက်မှုနဲ့ပတ်သက်လို့မိဘတွေကသေချာသိထားမှ ကလေးကိုကျန်းမာပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်မှာပါ။ ဒီတော့ ကလေးတွေရဲ့ အစားအသောက်နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။

ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေအနေနဲ့ ဘာတွေသိထားဖို့လိုမလဲ

ကလေးကိုဘာတွေကျွေးမလဲ ဆိုတာကို ဆုံးဖြတ်ပါ

ကလေးက အစားအစာတွေအကြောင်းကိုမသိသေးပါဘူး၊ ဒီတော့ရွေးချယ်ပေးဖို့က မိဘတွေမှာ တာဝန်အပြည့်ရှိနေပါတယ်။ ကလေးကို ဘယ်လိုအစားအစာတွေကျွေးမယ်၊ ဘယ်အချိန်မှာကျွေးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အဓိကတာဝန်ရှိသူတွေကမေမေဖေဖေတို့ပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို အချိန်ကိုက်ကျွေးမွေးပေးဖို့ သတိထားရပါမယ်။ အိမ်ရဲ့ ရေခဲသေတ္တာနဲ့ ကြောင်အိမ်လိုမျိုး ပစ္စည်းတွေထည့်တဲ့နေရာမှာ ထည့်ထားပေးလိုက်ပါ။ သတိထားရမယ့်တစ်ချက်က အစားအစာ ၁၀ မျိုးမှာ ၁၀ မျိုးလုံးကို ကိုယ့်အကြိုက်ပဲဝယ်တာမျိုးမလုပ်ပါနဲ့။ တစ်ပတ်စာကျွေးမယ့်အစားအစာတွေထဲမှာ အာဟာရမပြည့်ရင်တောင် ကလေးကြိုက်တဲ့ မုန့်ကို တစ်ကြိမ်လောက်တော့ကျွေးဖို့လည်း သတိရပါ။ ဒါမှ သူတို့လည်း စိတ်ပျော်မှာလေ။

ကလေးကို ဘယ်အချိန်မှာ ဘာစားမလဲ ကိုယ်တိုင်ရွေးချယ်ခိုင်းပါ

ကလေးကအရမ်းငယ်သေးရင်တော့ ဒီကိစ္စကို မိဘကစီစဉ်ပေးရမှာပါ။ ဒီလိုမဟုတ်ဘဲ ကလေးက သိတတ်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ ကိုယ်ကျွေးချင်တဲ့ အစာအာဟာရတွေထဲမှာ ကလေးကို ဘယ်အချိန်မှာ ဘာကို စားချင်တာလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျရွေးချယ်ခွင့်ပေးလိုက်ပါ။ ဘယ်လောက်အတိုင်းအတာထိစားမလဲဆိုတာကိုရောပေါ့။ အာဟာရြပည့်ဝနေအောင် ကိုယ့်ဘက်ကရွေးထားပြီးရင်တော့ ဒီတစ်ချက်လောက်တော့ ကလေးကိုရွေးချယ်ခွင့်ပေးလိုက်ပါ။

ပန်းကန်ထဲကစားစရာတွေ ကုန်အောင်စားရမယ်ဆိုတဲ့ အယူကိုစွန့်ဖို့ပြင်ပါ

ကလေးကဗိုက်ဝသွားပြီဆိုရင် အတင်းအကျပ် ဆက်မစားခိုင်းပါနဲ့တော့။ မိဘတော်တော်များများက ပန်းကန်ထဲမှာထည့်ပေးထားတဲ့ ထမင်း၊ဟင်းတွေကုန်အောင်စားဆိုတဲ့ ဆုံးမစကားနဲ့အတူ ကြီးပြင်းလာတာကြောင့် ရိုးရာမပျက်ထိန်းရင်း ကလေးတွေအလှည့်လည်းရောက်ရော လက်တွေ့အကောင်အထည်ဖော်လိုက်ရောလေ။ ဒါက တကယ်တော့ မဖြစ်သင့်ပါဘူး။ ကလေးတစ်ယောက်က သူဆန္ဒရှိသလောက်ပဲစားသင့်ပါတယ်။ မစားချင်တာကိုကြောက်စိတ်ကြောင့် အတင်းအကျပ်စားတာမျိုး မဖြစ်သင့်ပါဘူး။ ဒီတော့ ပန်းကန်ထဲထည့်ထားတာကို ကုန်အောင်စားရမယ်ဆိုတဲ့ အလေ့အထကို စွန့်ဖို့ပြင်ပါတော့နော်။

ငယ်စဉ်ကတည်းက အကောင်းဆုံးပုံသွင်းပြုစုပါ

ကလေးတစ်ယောက် အစားရွေးတယ်ဆိုတာကို ငယ်စဉ်ကစားသောက်မှုအလေ့အထနဲ့လည်းဆိုင်ပါတယ်။ အစားတစ်ခုကိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတာက ငယ်စဉ်က အစားအသောက်ကျွေးမွေးမှုပုံစံနဲ့ အများကြီးဆိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစားအစာအစုံအလင်စားတတ်အောင်လေ့ကျင့်ပုံသွင်းပျိုးထောင်ပါ။ ကလေးကို အတင်းအကျပ်စားဖို့ ဖိအားပေးတာမျိုးမလုပ်ဘဲ နည်းနည်းလောက်စမ်းစားကြည့်ဖို့တိုက်တွန်းပေးပါ။

ကလေးရဲ့ စားသောက်မှုပုံစံက တသမတ်တည်းမရှိပါဘူး

ကလေးဆိုတိုင်း အချိုကြိုက်မှာပဲ၊ ပီဇာတွေ၊ ဘာဂါတွေကြိုက်မှာပဲ၊လို့တွေမထားပါနဲ့နော်။ အပြင်ထွက်စားတဲ့အခါမှာဖြစ်ဖြစ် အိမ်မှာ စားတဲ့အခါမှာဖြစ်ဖြစ် ကလေးကြိုက်တဲ့အစားအစာက ဘာလဲဆိုတာကိုသေချာမေးပြီးမှပြင်ဆင်ပေးပါ။ ကလေးတိုင်းက အကြိုက်မတူနိုင်သလို ကလေးတစ်ယောက်တည်းမှာလည်း အချိန်အခါအလိုက်အကြိုက်ပြောင်းလဲနေနိုင်ပါတယ်။

ကလေးတွေအတွက်သောက်စရာကိုဂရုစိုက်ရွေးချယ်ပေးပါ

ကလေးတွေက အချိုရည်တွေနဲ့ အချိုကဲတဲ့အစားအစာေတွေကိုတော်တော်လေးသဘောကျတတ်ကြပါတယ်။ တကယ်တော့ ဒီသောက်စရာတွေက ကယ်လ်လိုရီပါဝင်မှုများပြီး အာဟာရပါဝင်မှုနည်းတတ်ကြပါတယ်။ ကလေးတွေအတွက်အကောင်းဆုံးသောသောက်စရာတွေကရေနဲ့နို့တို့ပါ။ သဘာဝအသီးကိုကြိတ်ထားတဲ့ သစ်သီးဖျော်ရည်တွေကလည်း အဆင်ပြေပါတယ်။

အစားအသောက်ကျွေးပြီး ချစ်ခြင်းမေတ္တာကိုမဖော်ပြပါနဲ့

ကလေးကိုချစ်တယ်ဆိုပြီ အစားအသောက်တွေအများကြီးကျွေးတာ၊ စားချင်တယ်ဆိုတိုင်းဝယ်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးကို ချစ်တယ်ဆိုတာကို အခြားနည်းလမ်းနဲ့ပြသဖို့စဉ်းစားပေးပါ။ ကလေးကို အာဟာရမျှတအောင်ကျွေးမွေးတာမျိုးက အဆင်ပြေပေမယ့် အလိုလိုက်ပြီး စားချင်တာမှန်သမျှကျွေးတာက ချစ်ရာမရောက်ပါဘူး။ ဒါကြောင့် ကလေးကို နည်းလမ်းမှန်မှန်နဲ့ချစ်ဖို့ကြိုးစားပါ။

ကလေးအတွက်အကောင်းဆုံးရှေ့ဆောင်လမ်းပြလုပ်ပေးပါ

ကလေးတွေရဲ့ လက်ဦးဆရာက မိဘနှစ်ပါးပါ။ ကလေးတွေ က မိဘတွေကိုကြည့်ပြီး သင်ယူတာပါ။ ဒါကြောင့် ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် ဂရုစိုက်နေထိုင်ပေးပါ။ အာဟာရပြည့်ဝအောင်စားပေးပါ။ အစားမစားဘဲနေတာမျိုး ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေစားတာမျိုး မလုပ်ပါနဲ့။

တီဗွီနဲ့ကွန်ပျူတာအသုံးပြုချိန်ကို ကန့်သတ်ပါ – တီဗွီကြည့်တာ၊ ကွန်ပျူတာအသုံးပြုတာတွေက စားသောက်မှုပုံစံအပေါ်မှာ သက်ရောက်နေပါတယ်။ ဒါကြောင့် တီဗွီ နဲ့ ကွန်ပျူတာတွေအသုံးပြုတာအစား လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေပေးပါ။ ကလေးကိုလည်း ကိုယ့်နဲ့အတူ တက်တက်ကြွကြွပါဝင်လုပ်ဆောင်ခိုင်းပါ။ ကိုယ်ရောစိတ်ပါကျန်းမာတဲ့ ကလေးလေးအဖြစ်ကြီးပြင်းလာမှာပါ။

လေးစားမှုရှိပါ

ကလေးကိုဆက်ဆံတဲ့အခါလေးလေးစားစားလေးဆက်ဆံပေးပါ။ ကလေးမစားချင်တာကို အတင်းကျွေးတာမျိုး၊ ကိုယ်ဆန္ဒအတိုင်းကလေးကို လုပ်ခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးကို အစားအသောက်ကစလို့ အရာရာတိုင်းမှာ စိတ်ကြိုက်ရွေးချယ်ခွင့်ပေးပြီး ကလေးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပေးဖို့မမေ့ပါနဲ့။

ဒီအချက်လေးတွေကို လက်တွေ့အသုံးချလို့ ကလေးနဲ့ကိုယ့်အကြားမှာ အကောင်းဆုံးသောဆက်ဆံရေးကိုတည်ဆောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နိုင်ကြပါစေကြောင်း

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Kids and Food: 10 Tips for Parentshttps://kidshealth.org/en/parents/eating-tips.html?fbclid=IwAR19B8YoOyRXhfiUponFJwOHpPWLtwE0z4b8s4GxVCFPPUqAWveHxLKT2WE Accessed Date 7 February 2019

10 Commandments of Good Parentinghttps://www.webmd.com/parenting/features/10-commandments-good-parenting#1 Accessed Date 7 February 2019

WHAT ARE THE TOP TEN PARENTING TIPS? https://centerforparentingeducation.org/library-of-articles/top-10-tips/what-are-the-top-ten-parenting-tips/ Accessed Date 7 February 2019

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement