အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်ကုသမှုများ သည် အရိုးအကြောရောဂါများကို ကုသရာတွင် အရေးပါသည့် ကုသမှုနည်းလမ်းများ ဖြစ်လာပြီး တဖြည်းဖြည်း အဆင့်မြင့်လာကြပါပြီ။

ကျန်းမာရေးဗဟုသုတ

အရိုးအကြောခွဲစိတ်ကုသမှုများ

အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ အရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။ အရိုးအကြောခွဲစိတ်မှု ဆိုတာ အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။ အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ ကျောရိုးခွဲစိတ်မှုတွေ၊ ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း