အကြာကြီးထိုင်ပြီးလို့ ထလိုက်တိုင်း။ လှေကားတွေတက်လိုက်တိုင်း အရိုးအဆစ်တွေထဲက တဂျွတ်ဂျွတ်မြည်ပြီး စုတ်တသက်သက်နဲ့ နာလိုက်တာလို့ ဖြစ်နေရတဲ့သူတွေရှိလား….. အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးသိပ်သည်းဆ လျော့နည်း လာတာကြောင့် အရိုးတွေက ထိခိုက်လွယ်မယ်၊ ဒဏ်ဖြစ်လာမယ် ဆိုတာက ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေပေါ့။ အရိုးထိခိုက်မှုက အသက်အရွယ်ကြောင့်တင် မဟုတ်ပါဘူး။ မတော်တဆထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီပြဿနာတွေက အကောင်းဆုံးဖြေရှင်းနိုင်မှ တော်ကာကျမယ့် ကျန်းမာရေးပြဿနာပါ။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အရိုးက ခန္ဓာကိုယ်ကို အကောင်းဆုံးတည်ရှိစေပြီး လှုပ်ရှားမှုတွေအကောင်းဆုံးဖြစ်အောင် အားဖြည့်ပေးထားလို့ပါ။