ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်မှာပါပဲ။ တချို့သော အစားအစာတွေဟာ အာဟာရဖjစ်ပေမယ့် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်သလို ကိုယ်ခန္ဓာ ကအစာအာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပါဘူး