backup og meta

ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။

    သွားပိုးစားတယ်၊ သွားကျင်တယ်၊ သွားမှာ အပေါက်တွေဖြစ်နေတယ်ဆိုတာ ကလေးတွေမှာ အရမ်းအဖြစ်များတဲ့ အရာတစ်ခုပါ။ ကလေးတွေဆိုတာလည်း အချိုဆိုသိပ်ကြိုက်ပြီး အစားအသောက်တွေစားပြီးတိုင်းလည်း ပလုတ်ကျင်းလေ့မရှိတဲ့အပြင် ညည အိပ်ရာဝင်ခါနီးသွားတိုက်ဖို့လည်း ပျင်းကြတယ်လေ။ ဒီလိုနဲ့ သွားပိုးစား၊ သွားကိုက်တာတွေ သူတို့မှာဖြစ်ကုန်ရော။ ဒီသွားနဲ့ခံတွင်းဆိုတာကလည်း အစာခြေစနစ်ရဲ့ ထိပ်ဆုံး အပိုင်းတွေဖြစ်တာကြောင့် သူတို့မကျန်းမာရင် ကလေးလည်း အစာမစားနိုင်လို့ အာဟာရချို့တဲ့မှုတွေဖြစ်၊ သွားကိုက်ပြီး ဂျီကျလို့ မိဘတွေလည်း အလုပ်ရှုပ နဲ့ တော်တော်ကြီးကို ဗျာများရပါတယ်။

    ဒီလိုမျိုး ကိုယ့်ကလေးခံစားနေရတာကို မကြည့်ရက်ရင်၊ ဘယ်လို အစားအသောက်တွေက ကလေးသွားပိုးစားခြင်းကိုဖြစ်စေလဲ ဆိုတာ သိထားဖို့နဲ့ နည်းလမ်းမှန် သွားတိုက်တဲ့ ပုံစံအကြောင်း ကလေးကို သင်ပေးထားဖို့တော့လိုပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုသိမှာလဲဆိုပြီး ခေါင်းမစားလိုက်ပါနဲ့။ ဒီဆောင်းပါးလေးထဲမှာ ကလေးသွားပိုးစားခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေက ဘာတွေလဲဆိုတာ ပြောပြပေးတော့မှာပါ။ ဆက်ကြည့်ရအောင် ။ ။

  • ဖျော်ရည်များမုယောအားဖြည့်အချိုရည်၊ နို့၊ ဆိုဒါပါတဲ့ ဖျော်ရည်တွေနဲ့ အသ့င်သောက် ဖျော်ရည်ဘူးတွေဆိုတာ အချိုကြိုက်တဲ့ ကလေးတွေ ထိပ်ဆုံးက စားတဲ့ အစားသောက်တွေပါ။ ဒီဖျော်ရည်ဘူးတွေဟာ အချိုကဲ တဲ့အပြင် သွားကြွေလွှာတွေကို ဖျက်စီးတဲ့ ဓာတ်တို့ပါဝင်တာကြောင့် သင့်ကလေးသွားကို ပိုးစားစေမှာဆိုတာ လုံးဝကို မလွဲပါဘူး။
  • တော်ဖီ၊ သကြားလုံး – ဒါတွေက ကလေးတွေ အကြိုက်ဆုံး သရေစာဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ သကြားလုံးဆိုမှတော့ အချိုများမယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီသကြားလုံးတို့ တော်ဖီတို့ဆိုတာ ကလေးတွေလည်း ကြိုက်သလို ခံတွင်းထဲက ဘက်တီးရီးယားတို့ရဲ့ အကြိုက်လည်းဖြစ်ပါတယ်။ ဒါကြောင့် များများစားလေလေ သွားပိုးစားလေလေပါပဲ။
  • ကစီဓာတ်များတဲ့ အစားအစာတွေထမင်းအာလူး၊ ပေါင်မုန့်စတဲ့ ကစီဓာတ်များတဲ့ အစားအသောက်တွေဟာ စားလိုက်ရင် ခံတွင်းထဲမှာ စေးကပ်နေပြီး သွားကြားထဲလည်း ညှပ်စေတာကြောင့် သွားပိုးစားခြင်းကို ဖြစ်စေမှာ မလွဲပါဘူး။
  • သစ်သီးယို – စတော်ဘယ်ရီယိုတို့ ၊ နာနတ်ယိုတို့ ဆိုတာ မွှေးမွေးလေးလေးနဲ့ စားလို့လည်းကောင်းတာကြောင့် ကလေးတွေ ကြိုက်တဲ့အစားအသောက်တွေပါ။ အသီးတွေဆိုတော့ ကျန်းမာရေးအတွက် ညီညွတ်တယ်ဆိုပေမယ့်လည်း သူတို့မှာပါတဲ့ သကြားဓာတ်အများကြီးက သွားပိုးစားတာကို ဖြစ်စေမှာပါ။
  • ဘီစကစ်၊ ကွတ်ကီး – သရေစာအဖြစ်ပါလေရာ ပွဲတိုးတဲ့ ဒီ ဘီစကစ်တို့ ကွတ်ကီးတို့ဆိုတာ စားလိုက်ရင် ခံတွင်းထဲ ကပ်နေစေပြီး သေချာ သွားမတိုက်ရင် ကျန်နေတတ်တာကြောင့် သွားပိုးစားခြင်းကို ဖြစ်စေမယ်ဆိုတာ လုံးဝကို သေချာပါတယ်။
  • ဂျယ်လီ – ကလေးအကြိုက်ပုံစံမျိုးစုံ ၊ ရောင်စုံထုတ်ထားတဲ့ ဂျယ်လီတွေမှာ သကြားနဲ့ တာရှည်ခံပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်ရော၊ သွားနဲ့ ခံတွင်းကိုရော ဒုက္ခပေးတဲ့ အစားအစာတွေပါ။
  • ပြောရမယ်ဆိုရင် ကလေးအကြိုက်ဖြစ်အောင် ထုတ်ထားတဲ့ အချိုကဲတဲ့ သရေစာတွေအားလုံးဟာ သွားပိုးစားခြင်းကိုဖြစ်စေတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကို ကလေးတွေက မစားဘဲလည်း မနေနိုင်ကြဘူးဆိုတော့ သူတို့လေးတွေကို သွားပိုးမစားအောင် ဘယ်လိုလုပ်ပေးကြမလဲ ။ ။

    သွားတိုက်ခြင်းကသာ သွားပိုးစားခြင်းကို အဓိက ကာကွယ်ပေးတဲ့ အရာပါ။ ဒါကြောင့် ကလေးကို နည်းလမ်းမှန်တဲ့ သွားတိုက်နည်းပုံစံနဲ့ တိုက်တတ်အောင် မိဘတွေဘက် က သင်ပေးရမယ့်အပြင် သွားတိုက်ဖို့ မပျင်းအောင်လည်း စည်းကမ်းတွေချထားပြီး တင်းကြပ်ပေးမှရမှာပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တယ်မလား ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement