backup og meta

သင့်ကို နေ့ချင်းညချင်း ဝလာစေနိုင်တဲ့ အစားအသောက်တွေ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို နေ့ချင်းညချင်း ဝလာစေနိုင်တဲ့ အစားအသောက်တွေ ။ ။

    ဝလာတယ်ဆိုတဲ့ ဖြစ်စဉ်မှာ အဓိက တရားခံက အစားအသောက်ပါပဲ။ အစားတွေ အများကြီးစားမိလို့၊ ကယ်လိုရီ တွေ လိုတာထက်ပိုစားမိလို့ စတာတွေက သင့်ကို ဝလာနိုင်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ အစားအများကြီး မစားပေမယ့် နေ့ချင်းညချင်း ဝလာစေမယ့် ခုပြောပြမယ့် အစားအသောက်တွေ စားတာကြောင့်လည်း သင့်ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေ ဝေးဝေးကရှောင်သင့်တဲ့ အစားသောက်တွေက ဘာတွေလဲ ။

    ဆိုဒါပါသော အချိုရည် ။ ။

    အဖတ်မှ မဟုတ်တာ၊ အရည်လေးသောက်တာ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်နေရင် သိပ်မှားသွားမှာပေါ့။ အသင့်ဖျော် အချိုရည်ဘူးတွေထဲမှာပါတဲ့ ဆိုဒါနဲ့ သကြားအတွဲ အစပ်လောက် သင့်ကို ဝစေတဲ့သူရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချိုရည်ထဲမှာပါတဲ့ သကြားက သင့်ကို ဆီးချိုရောဂါ ၊နှလုံးရောဂါ၊ နဲ့ အဝလွန်တဲ့ ရောဂါတွေကို ဖြစ်စေဦးမှာပါ။

    ကော်ဖီ ထဲထည့်ထားတဲ့ အချိုအတုတွေ။

    ကော်ဖီကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုပါ။ ဒါက ကိုယ်တိုင်နှပ်ဖျော်တဲ့ကော်ဖီတစ်ခွက် ဖြစ်မှပါ။ သကြားတွေ၊ အချိုတုတွေ နဲ့ ခရင်မ်တွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကတော့ သင့်ကိုယ်အလေးချိန်တက်လာစေမှာ မလွဲပါဘူး။

    ရေခဲမုန့် ။ ။

    ချိုစိမ့်နေတဲ့ ရေခဲမုန့်တိုင်းမှာ သကြား နဲ့ ပြည့်ဝဆီတွေ အများကြီးပါမယ်ဆို ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒါ့အပြင် နို့တွေအများကြီးနဲ့ လုပ်ထားတဲ့ ရေခဲမှုန့်တစ်ခွက်မှာ ကယ်လိုရီ ၃၅၀ တောင်ပါတာကြောင့် ရေခဲမှုန့်ဟာ သင့်ကို ဝလာစေတဲ့ အစားအသောက်တစ်ခုပါ။

    ပီဇာ၊ ဟမ်ဘာဂါ ။ ။

    နာမည်ကြီး လူကြိုက်အများဆုံး အသင့်စား အစားအသောက်တွေ ဖြစ်တဲ့ ပီဇာ၊ ဟမ်ဘာဂါ တို့မှာ ပြည့်ဝဆီတွေ၊ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေနဲ့ ကယ်လိုရီတွေ အများကြီးပါပါတယ်။ ချိစ်တွေ၊ အသားတွေ ၊နဲ့ ပြည့်နေတဲ့ ပီဇာတို့ ဘာဂါတို့ဆိုတာ သ့င်ကို နေ့ချင်းညချင်း ဝလာစေမယ့် အစားသောက်တွေ ဆိုတာ သံသယ ဖြစ်စရာတောင် မရှိပါဘူး။

    ကွတ်ကီးနဲ့ ဒိုးနတ် ။

    ကွတ်ကီးတို့ ၊ ဒိုးနတ်တို့ဆိုတာ အရသာရှိပြီးလူတိုင်း မငြင်းနိုင်တဲ့ အစားအသောက်တွေပါ။ ကယ်လိုရီများပြီး သကြားတွေ ပါရုံသာမက တစ်ခါစားပြီးရင် ထပ်ထပ် စားချင်စိတ်ကို ဖြစ်စေတာကြောင့် စားတဲ့သူတိုင်းကို ဝလာစေမှာ မလွဲပါဘူး။

    အာလူးချောင်းကြော် ။ ။

    French Fries လို့ လူသိများကြတဲ့ ဆီပူပူထဲ နှစ်ကြော်ထားတဲ့ ဒီ အာလူးချောင်းကြော်မှာ ပြည့်ဝဆီတွေ ပါတဲ့အပြင် တစ်ချောင်းစားပြီးရင် နောက်တစ်ချောင်း ထပ်ထပ်စားချင်စိတ်ကို ဖြစ်စေတဲ့ အာလူးရဲ့ အစွမ်းကြောင့် သူတို့ဟာ သင့်ကို ဝလာစေမှာပါ။

    မြေပဲထောပတ် ။ ။

    နာမည်မှာကိုတည်း မြေပဲရော ထောပတ်ရောပါတာကြောင့် ဒီ မြေပဲထောပတ်ဟာ သ့င့်ကို ကိုယ်အလေးချိန် တက်စေမယ့် အစားအသောက်တစ်ခုဆိုတာ မမှားပါဘူး။

    နို့ ချော့ကလက် ။ ။

    အနက်ရောင် ချော့ကလက်က သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပေမယ့် အဖြူရောင် ချော့ကလက်လို့ လူသိများကြတဲ့ နို့ချော့ကလက်က တော့ အနက်ရောင် ချော့ကလက်နဲ့ ဆန့်ကျင်ဘက်ပါ။ ပါဝင်တဲ့ သကြားတွေ ၊နို့တွေက သ့င်ကိုဝစေတာဖြစ်ပါတယ်။

    ဒါတွေကတော့ သ့င်ကို နေ့ချင်းညချင်း ဝလာစေမယ့် အပြင် အခြား ကျန်းမာရေးကို ပါထိခိုက်စေနိုင်တဲ့ အများကြီးစားဖို့ မသင့်တော်တဲ့ အစားအသောက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ ယောင်လို့တောင် အဲဒီ အစားအသောက်တွေကို လှည့်မကြည့်နဲ့နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement