backup og meta

မျှဝေပါ။

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

သန္ဓေသားဘဝကနေ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကလေးတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ အစာအာဟာရတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိနိုင်မှ ကလေးတွေ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာမယ်၊ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းမယ်၊ သက်လုံကောင်းမယ်၊ ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

အစာအာဟာရနှင့် ကလေးဦးနှောက်ဉာဏ်ရည်

မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။

မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို ၆ လ မပြည့်ခင်အချိန်ထိ မိခင်နို့တစ်မျိုးပဲ မှန်မှန်တိုက်ကျွေးပေးပါ။

ဦးနှောက်အတွက် အာဟာရ

ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် နေ့စဉ်ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုမိုလိုအပ်လာမှာပါ။ ကိုယ့်ကလေးကို ဂရုစိုက်တဲ့ မေမေတွေအနေနဲ့ အစားအစာတွေကို သေချာစီမံချက်ပြုတ်ဖို့ရာ ဘယ်အာဟာရဓါတ်တွေက ကိုယ့်ကလေးကို ဉာဏ်ရည်ထက်မြက်စေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

သံဓါတ်

ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ သွေးထဲက အောက်စီဂျင်ကို ဦးနှောက်ထဲပို့ပေးတဲ့အပြင် တစ်နေ့တာ လိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်ပါတယ်။ သံဓါတ်နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါတွေကို ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးတွေမှာ သံဓါတ်အလုံအလောက်ရဖို့ မိခင်နို့ကို မှန်မှန်တိုက်ကျွေးသင့်ပြီး အသား၊ အသည်းအမြစ်၊ ငါး၊ တို့ဟူး၊ အစေ့အဆန်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်ကနေလည်း သံဓါတ်ကို ရရှိနိုင်ပါတယ်။

ဗီတာမင် B

ဗီတာမင် B1, B2, B3, B6 နဲ့ B12 အစရှိတဲ့ ဗီတာမင် B အုပ်စုဟာ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးရာမှာလည်း အထောက်အကူဖြစ်စေတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အထောက်အကူပေးပြီး မှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓါတ်ကျရောဂါတွေ၊ သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် B အုပ်စုကို အသား၊ ငါး၊ ကြက်သား၊ အခွံမာသီး၊ နို့ထွက်ပစ္စည်း၊ ဥနဲ့ ပဲအမျိုးမျိုးကနေတစ်ဆင့် ရရှိနိုင်သလို ဂျုံကြမ်းပေါင်မုန့်တွေမှာလည်း တွေ့ရပါတယ်။

ဖောလစ်အက်ဆစ် (Folic Acid)

မိခင်နို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဂျုံ၊ ကောက်ပဲသီးနှံမှာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဖောလစ်အက်ဆစ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။

အိုင်အိုဒင်းဓါတ်

ကလေးတွေရဲ့ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ ကိုယ်တွင်း တစ်သျှူးတွေကို ကောင်းစွာ ကြီးထွားစေဖို့နဲ့ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထောက်အကူပေးလို့ အိုင်အိုဒင်းဓါတ်ကို ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါတယ်။ မိခင်နို့၊ ပင်လယ်စာ၊ အိုင်အိုဒင်းဆားမှာ အများဆုံးပါဝင်ပြီး နွားနို့၊ အစေ့အဆန်တွေနဲ့ ဥတွေမှာလည်း တွေ့ရပါတယ်။ ထ

DHA, Omega – 3, Omega – 6

ကလေး အသက် ၆လပြည့်ပြီးနောက်မှာလည်း DHA, Omega – 3, Omega – 6 ပါဝင်တဲ့ အစားအစာတွေ၊ ကလေးကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်စေမှုမှာ DHA, Omega 3, Omega 6 ဓါတ်တွေဟာ မရှိမဖြစ်လိုအပ်တဲ့အတွက် ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ပြီး ကျွေးဖို့လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Essential Nutrients For Child’s Brain Development –https://www.enfagrow.co.in/articles/smart-foods-literally-these-nutrients-help-grow-babys-brain (Accessed Date – Nov 13, 2018)

Role Of Nutrients For Child’s Brain Development –https://www.ncbi.nlm.nih.gov/pmc/articles/PMC4981537/ (Accessed Date – Nov 13, 2018)

ယခုပုံစံ

26/08/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement