ကလေးတွင်ဖြစ်သော အစာဓါတ်မတည့်ခြင်း အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အစာဓါတ်မတည့်ခြင်းဟာ အဖြစ်များပြီး အရွယ်ရောက်ပြီးသူတွေမှာတောင် ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေ အထူးသဖြင့် ၂နှစ်အောက်ကလေးငယ်တွေမှာ အစာဓါတ်မတည့်ခြင်းဟာ အများကြီးပိုပြီးပြင်းထန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Anaphylactic shock လို့ခေါ်တဲ့ အပြင်းအထန်ရှောခ့်ဖြစ်သွားနိုင်လို့ပါ။ ကလေးတွေမှာ အစာဓါတ်မတည့်ခြင်းအတွက် အဖြစ်အများဆုံး လက္ခဏာတွေကတော့ ယားယံခြင်းနဲ့ အနီပြင်တွေထခြင်းပဲဖြစ်ပါတယ်။
အစာဓါတ်မတည့်ခြင်းဟာ ကလေးတွေရဲ့ခန္ဓါကိုယ်က အစားအစာတစ်မျိုးမျိုးကို လက်ခံနိုင်စွမ်းမရှိတဲ့အခါမှာဖြစ်ပါတယ်။ ကလေးရဲ့ ခုခံအားစနစ်ဟာ အစာဓါတ်မတည့်စေတဲ့ပစ္စည်းကို ပြန်လည်တိုက်ခိုက်ဖို့ ပဋိဇီဝပစ္စည်းတွေကိုထုတ်ပေးပါတယ်။ အစာဓါတ်မတည့်ခြင်းဟာ မတူညီတဲ့ လက္ခဏာတွေကိုဖြစ်ပေါ်စေပါတယ်။ ဥပမာအားဖြင့် ယားယံခြင်း အဖုထခြင်း၊ အင်ပြင်ထခြင်း စတာတွေပေါ့။ အချို့သော အခြေအနေတွေမှာတော့ ဒါတွေဟာ ကလေးရဲ့ အသက်ရှူစနစ်ကိုပါထိခိုက်စေပြီး အသက်ရှုကြပ်ခြင်း၊ မောခြင်းကိုပါဖြစ်ပေါ်စေပါတယ်။

အဖြစ်များတဲ့ အစာဓါတ်မတည့်စေတဲ့ပစ္စည်းများ

အစာဓါတ်မတည့်ခြင်း အဖြစ်အများဆုံးသော စားစရာတွေကတော့ နို့၊ ကြက်ဥ၊ ပုစွန်၊ ဂျုံ၊ မြေပဲ စတာတွေဖြစ်ပါတယ်။
• ပင်လယ်စာ။ ။ ပင်လယ်စာတွေဟာ အစာဓါတ်မတည့်ခြင်းဖြစ်စေတဲ့ အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ အထူးသဖြင့် မာကျူရီလယ်ဗယ်မြင့်မားစွာပါဝင်တဲ့ငါးတွေ ( ငါးရှဉ့် ၊ တူနာ၊ မက်ကရယ်ငါး၊ မာလင် စသဖြင့်) သို့မဟုတ် ဂဏန်း၊ပုစွန်၊ ခရု စတာတွေကြောင့်ဖြစ်ရတာပါ။
• ဥ။ ။ ကြက်ဥအကာတွေမှာ အချို့ကလေးတွေကို ဓါတ်မတည့်မှုဖြစ်စေတဲ့ ပရိုတိန်းတစ်မျိုးပါဝင်ပါတယ်။
• ဟင်းသီးဟင်းရွက်များ။ ။ အချို့သော နိုက်ထရိတ် ပမာဏမြင့်တဲ့ ဟင်းသီးဟင်းရွက်တွေ (ဟင်းနုနွယ်၊ ဥနီစသဖြင့်) ဟာ ကလေးအတွက် ဆိုးရွားတဲ့အကျိုးဆက်ကိုပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ဒီလိုဟင်းသီးဟင်းရွက်တွေစားသုံးတဲ့အခါ အလွန်ကို သတိထားရမှာပါ။
• နွားနို့။ ။ နွားနို့နဲ့မတည့်တာဟာ ရှားပါးဖြစ်စဉ်မဟုတ်ပါဘူး။ ဒါဟာကလေးရဲ့ ခုခံအားစနစ်က အထိခိုက်မခံဘဲ နွားနို့မှာပါဝင်တဲ့ ပရိုတိန်းတွေကို အလွန်အကျွံတုန့်ပြန်တဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။ လက္ခဏာတွေကတော့ အော့အန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖုထခြင်း၊မျက်နှာအမ်းခြင်း အစရှိသဖြင့် ဖြစ်တတ်ပါတယ်။

ကလေးတွေမှာ အစာဓါတ်မတည့်ခြင်းကို ဘယ်လိုရှောင်ရှားရမလဲ။

တကယ်လို့ကလေးတစ်ယောက်မှာ အစာဓါတ်မတည့်တာမျိုးဖြစ်နေပြိဆိုရင် မိဘတွေက ကလေးရဲ့အစားသောက်ကို အထူးသတိပြုပေးရမှာပါ။ အိမ်မှာရော၊ ကျောင်းမှာရောပေါ့။ ပထမဆုံး သင့်ကလေးဟာ ဘာစားစရာနဲ့ဓါတ်မတည့်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ အစားအစာတွေဝယ်တဲ့အခါ ထုတ်ကုန်ရဲ့ ပါဝင်ပစ္စည်းတွေကို ဂရုတစိုက်ဖတ်ပါ။ ကလေးငယ်ကို ဂရုစိုက်နေရတဲ့လူတိုင်းကို သင့်ကလေးရဲ့ အစာဓါတ်မတည့်ခြင်းအကြောင်းသိနေပါစေ။ ဆရာဝန်တွေရဲ့အကြံပေးမှုတွေကိုခံယူသင့်ပြီး အိမ်မှာလည်း လိုအပ်တဲ့ဆေးတွေကိုအသင့်ဆောင်ထားပါ။
တကယ်လို့ကလေးဟာ အစာစားပြီးနောက်ပိုင်း အသက်ရှူရကြပ်တာ၊ နှလုံးဖောက်တာ စတဲ့ ဓါတ်မတည့် လက္ခဏာတွေဖြစ်လာပြီဆိုရင် ကလေးကို ဆေးရုံရဲ့အရေးပေါ်ဌာနကိုသာ အမြန်ဆုံး ခေါ်သွားပါ။
အစာဓါတ်မတည့်ခြင်းကိုတော့ အပြည့်အဝပျောက်ကင်းအောင် ကုသလို့မရနိုင်ပါဘူး။ ကလေးကို ဆေးတွေပေးတာနဲ့ လက္ခဏာတွေရပ်တန့်သွားအောင်ပဲလုပ်လို့ရနိုင်တာပါ။ အကောင်းဆုံးနည်းလမ်းကတော့ ကလေးနဲ့ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့အစာတွေ မကျွေးဖို့ပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

    ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

    စာသင်ကျောင်း ကိုဗစ် ကပ်ဘေးကာလ ရောဂါပိုး မြန်မာနိုင်ငံ ကူးစက် ကာကွယ် ဒုတိယလှိုင်း Mask ကွမ်းတံတွေး ချောင်းဆိုး နှာချေ လက်ဆေး ကလေး လူကြီး ပိုးကူးစက်သူ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေးကျန်းမာရေး အကြောင်း

    ကလေးကျန်းမာရေး အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

    ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

    ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read