သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်

    ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်

    Paraben ဆိုတာ ဘာလဲ

    Paraben ဆိုတာ အလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

    ကလေးအသုံးအဆောင်တွေမှာ Paraben ပါဝင်မှု

    Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။

    Paraben ကဟော်မုန်းစနစ်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ Paraben နဲ့ထိတွေ့ရခြင်းဟာ သင်ယူလေ့လာနိုင်စွမ်းပြဿနာရှိလာတာလိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ‌တွေအပြင် မျိုးဆက်ပွားခြင်းဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြားပွန်းထားတာရှိရင် ပေါင်ကြားဧရိယာကတဆင့် Parabenတွေပိုစုပ်ယူမိနိုင်ပါတယ်။

    ကလေးအသားအရေ ကို Paraben နဲ့မထိတွေ့ရအောင် ဘယ်လိုကာကွယ်မလဲ

    Paraben ပမာဏနည်းနည်းနဲ့တော့ အတည်ပြုနိုင်လောက်အောင် သိသာတဲ့ကျန်းမာရေးအန္တရာယ်မရှိတဲ့အတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေမှာ အသုံးများကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကို သိလာကြတာနဲ့အမျှ paraben-freeဖြစ်တဲ့ ကုန်ပစ္စည်းတွေပေါ်ထွက်လာပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက်ပေါ့။ ကလေးအတွက် ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာတွေ စတဲ့ အသုံးအဆောင်တွေထဲparaben မပါဘူးဆိုရင် label မှာဖော်ပြထားတတ်ပါတယ်။

    ဒါ့ကြောင့် ကလေးအသုံးအဆောင်ပစ္စည်းတွေဝယ်ရင် label မှာ paraben ပါမပါ ကြည့်ပြီးစစ်ပါ။ သတိထားသင့်တဲ့ paraben ရဲ့အသုံးများတဲ့ အမျိုးအစားတွေက –

    • methylparaben
    • ethylparaben
    • propylparaben
    • butylparaben
    • isobutylparaben
    • isopropylparaben တို့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက် အသုံးအဆောင်ပစ္စည်းတွေဝယ်ယူမယ်ဆိုရင် လေဘယ်အညွှန်းမှာ အထက်ပါပစ္စည်းတွေပါမပါကြည့်ပြီး ရှောင်ရှားဝယ်ယူသင့်ပါတယ်။

    ကလေးအသုံးအဆောင်တွေမှာ ပါဝင်တတ်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းများ

    ကလေးအသုံးအဆောင်တွေမှာ Paraben အပြင် ဆိုးကျိုးဖြစ်စေနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း ပါဝင်တတ်ပါတယ်။ ကလေးအသားအရေမှာ ထိခိုက်မှုဖြစ်စေတဲ့ –

    • Talc
    • Fragrance (အမွှေးနံ့ပါရှိခြင်း။ ကလေးနဲ့ ဓာတ်မတည့်တာအဖြစ်များပါတယ်)
    • Proplyene glycol
    • Formaldehyde
    • Mineral Oil
    • Triclosan တို့လိုဓာတုပစ္စည်းတွေကို သတိထားသင့်ပါတယ်။

    ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေလိုမျိုးမဟုတ်ပါဘူး။ နူးညံ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ ချောမွေ့တဲ့အသားလေးတွေဟာ အသေအချာသတိမထားဘဲ အန္တရာယ်ရှိတာတွေ သုံးစွဲမိရင် အထိအခိုက်က လူကြီးတွေထက် ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့အသားအရေကို တစ်သက်လုံးထိခိုက်သွားနိုင်တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးတွေရဲ့ အသားနုနုလေးမှာ အဆိပ်သင့်ဓတုပစ္စည်းတွေနဲ့ မထိတွေ့ရအောင် ဒီပါဝင်ပစ္စည်းတွေမပါတဲ့ ကုန်ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ။

    health-tool-icon

    ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

    ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

    ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 19/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: