backup og meta

ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပစေမယ့် အလှကုန်ပစ္စည်းအသစ်များ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပစေမယ့် အလှကုန်ပစ္စည်းအသစ်များ

    အလှကုန်ပစ္စည်းတွေဟာ အမျိုးသားရော အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာနေပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်ဖြစ် ကိုယ်တိုင်က အလှအပကိုမြတ်နိုးလို့ဖြစ်ဖြစ် အလှပြင်ဆင်တာကို အမျိုးသားရော အမျိုးသမီးတွေပါလုပ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှအပပြင်ဆင်တာကို စိတ်ဝင်စားမှုက ယခင်ကာလတွေကထက်ပိုများလာပါတယ်။ အမျိုးသမီးလေးတွေကတော့ပြောစရာတောင်မလိုလောက်ပါဘူး။ မိန်းကလေးတွေက ဗီဇအရအလှအပကိုမြတ်နိုးတတ်သူတွေလို့ဆိုရပါမယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလှအပထိန်းသိမ်းရေးပစ္စည်း ၁၂ ခုလောက်အသုံးပြုလေ့ရှိကြတယ်လို့Environmental Working Group (EWG) ရဲ့စစ်တမ်းကောက်ယူချက်အရသိရပါတယ်။

    ဒီနေ့ခေတ်မှာ အလှကုန်တွေကရွေးချယ်စရာတွေအရမ်းများတော့သုံးစွဲသူတွေအနေနဲ့ ကိုယ်နဲ့လိုက်ဖက်မယ့် ပစ္စည်းမျိုး ကိုရွေးချယ်ဝယ်ယူနိုင်ဖို့ အလှအပကဏ္ဍအကြောင်း ထိုက်သင့်သလောက် နားလည်ထားဖို့ လိုအပ်လာပါပြီ။ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ၊ ရေတိုရေရှည် ဘယ်လိုသက်ရောက်မှုတွေရှိမလဲစတာတွေကို သုံးစွဲသူတွေအနေနဲ့ သိရှိနေဖို့လိုအပ်ပါတယ်။

    အလှကုန်ဝယ်ယူတဲ့အခါ အသားအရေအမျိုးအစားနဲ့လိုက်ဖက်မှုရှိ၊မရှိ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားရဲ့လားဆိုတာအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေ၊မနေကိုပါသေသေချာချာကြည့်ရှု့ဖို့လိုအပ်ပါတယ်။ ဝယ်ယူမယ့် အလှကုန်ပေါ်မှာ သဘာဝအတိုင်းထုတ်လုပ်ထားတယ်ဆိုတိုင်း အလွယ်တကူယုံကြည်လိုက်တာမျိုး မဖြစ်စေဖို့လည်း လိုပါတယ်။

    အလှပြင်တဲ့အခါ အသားအရေမပျက်စီးစေဖို့နဲ့ တာရှည်ခံလှပနေစေဖို့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကနေစလို့ လှပအောင်ခြယ်မှုန်းရတဲ့အထိ အနုပညာဆန်ဆန်အဆင့်ဆင့် လူးခြယ်ရသလိုပြီးပြည့်စုံတဲ့လှပမှုတစ်ရပ်ဖြစ်စေဖို့ အချိန်လည်း တော်တော်ပေးရပါတယ်။ ဒီနေရာမှာ ပြောပြချင်တာက အလှကုန်ပစ္စည်းတိုင်း ကျန်းမာရေးနဲ့မညီညွတ်တာမဟုတ်ပါဘူး။ အလှကြိုက်တဲ့သူတွေအတွက် အချိန်အများကြီးလည်း ပေးစရာမလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး လှပစေတဲ့ အလှကုန်ပစ္စည်းတွေလည်းရှိပါတယ် အဲဒီအလှကုန်ပစ္စည်းတွေထဲကမှ moisturizer၊ primer၊ sunscreen၊ skin treatment၊ concealer နဲ့ foundationတွေအားလုံးကိုပေါင်းစပ်ထုတ်လုပ်ထားတဲ့ BB cream အကြောင်း မိတ်ဆက်ပေးချင်တယ်။ အလှပြင်ဖို့အချိန်မပေးနိုင်တဲ့ ပျိုမေတွေအတွက် BB Cream ကပြည့်စုံတဲ့ လှပမှုနဲ့ ကျန်းမာမှုကိုပါ ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

    BB Cream ဆိုတာကဘာများလဲ။

    BB ဆိုတာ Beauty Balm ကို ကိုယ်စားပြုပြီး BB cream တစ်ခုတည်းနဲ့ အသားအရေကိုထိန်းသိမ်းမှုရော လှပမှုရောပေးနိုင်ပါ့မလားလို့ သံသယဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ သံသယကင်းကင်းထားလိုက်ကြပါလို့ အကြံပြုလိုက်ပါရစေ။ BB cream အများစုမှာ SPF 30 ဒါမှမဟုတ် 30 ထက်ပိုများတဲ့ပမာဏပါဝင်နေပြီးနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ BB creamတွေမှာ ဇင့်အောက်ဆိုဒ်နဲ့ တိုက်တေနီယမ်အောက်ဆိုဒ်တို့လိုမျိုးနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတဲ့အာနိသင်တွေပါဝင်နေပါတယ်။

    BB creamတွေမှာ အသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်

    • ဗီတာမင် A၊ E နဲ့ C တို့လိုမျိုး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့peptides လိုမျိုးအရွယ်တင် စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။
    • hyaluronic acid နဲ့ glycerin လိုမျိုး အစိုဓါတ်ထိန်းပေးတဲ့ဒြပ်ပေါင်းတွေလည်းပါဝင်ပါတယ်။
    • အသားအရောင်ကိုဖြူစင်စေအောင် အထောက်အကူပြုတဲ့licorice နဲ့ arbutin တို့လည်းပါဝင်နေပါတယ်။
    • အသားအရေကိုတောက်ပစေတဲ့ဒြပ်ပေါင်းတွေလည်းပါဝင်နေပါတယ်။
    • နောက်တစ်ခုက BB creamတွေမှာ အသားအရေကိုချောမွေ့စေတဲ့ဒြပ်ပေါင်းတွေလည်းပါဝင်နေပါတယ်။

    BB cream က သယ်ဆောင်ရလွယ်ကူသလို နည်းနည်းလောက်လိမ်းပေးရုံနဲ့ အသားအရေအတွက်အကျိုးပြုပေးတဲ့အပြင် အချိန်ကုန်သက်သာစွာနဲ့လှပမှုကိုပါရရှိစေမှာဖြစ်ပါတယ်။ BB cream ကမိတ်ကပ်အထူကြီး လိမ်းခြယ်စရာ မလိုဘဲနဲ့ ပြီးပြည့်စုံတဲ့အလှအပကိုရရှိစေနိုင်တဲ့ ခရင်မ်တစ်မျိုးပါ။

    BB cream က လှပမှုကိုပေးစွမ်းတဲ့အပြင် အသားအရေကိုလည်းထိန်းသိမ်းပေးပါတယ်။ BB creamတွေဝယ်ယူတဲ့အခါ တစ်ခုသတိထားရမှာက SPF သာမက PA ပါ။ SPF က အသားအရေ လောင်ကျွမ်းမှုကို ဖြစ်စေတဲ့ UVB ကို ကာကွယ်ပေးပြီး SPF များလေ ကာကွယ်ချိန် မြင့်လေပါ။ PA ဆိုတာက UVA ကိုကာကွယ်ပေးတဲ့အတိုင်းအတာတစ်ခုပါ။ UVA ကအရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ အစက်အပြောက် တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ PA ဆိုတဲ့နေရာမှာလည်း PA +၊ PA ++ နဲ့ PA +++ ဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ PA+ ဆိုတာကmedium UV radiationတွေက နေသာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ PA++ ဆိုတာက Persistent Pigment Darkening (PPD) ၄ ကနေ ၈ အတွင်းပမာဏကို အကာအကွယ်ပေးနိုင် တာဖြစ်ပြီး PA+++ ကတော့ PPD 8 ထက်ကျော်နေတဲ့ UVA ကနေကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ။ PA+++ က UVA ကိုအမြင့်မားဆုံး ကာကွယ်ပေးထားတယ်လို့ ဆိုလို့ရပါတယ်။

    အလှကုန်ပစ္စည်းဈေးကွက်မှာ SPF ပါတဲ့အလှကုန်တွေအများကြီးရှိနေပြီး အလှကုန်ပစ္စည်းအချို့က ရောင်းအားကောင်းစေဖို့အတွက် SPF 30 ပါတယ်၊ SPF 30 အထက်ပါဝင်တယ်လို့ရေးသားဖော်ပြထားပေမယ့် အမှန်တကယ်ပါဝင်မှုမရှိတဲ့အခါ အသားအရေကိုထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကနေရောင်အောက်ကိုထွက်မှ SPF, PA ပါတဲ့အလှကုန်တွေကို အသုံးပြုဖို့လိုတာ မဟုတ်ပါဘူး။နေရောင်ဝင်ရောက်နိုင်တဲ့ ရုံးခန်းတွေ၊အိမ်ခန်းတွေနဲ့ ကားတွေထဲမှာနေတဲ့သူတွေ အနေနဲ့လည်း SPF, PA ပါဝင်တဲ့အလှကုန်တွေကိုအသုံးပြုပေးဖို့လိုပါတယ်။

    အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ အဆီပြန်တာကို သက်သာစေပြီး အသားအရေခြောက်သွေ့မှုမရှိအောင် မျက်နှာကိုရေဓါတ်ဖြည့်ပေးနိုင်တဲ့ BB cream ကိုသုံးစွဲပေးလို့ရပါတယ်။ Cream type ကိုမနှစ်သက်သူတွေအနေနဲ့လည်း Maybelline ရဲ့Super BB Cushion လိုမျိုး အလှကုန်ပစ္စည်းသုံးစွဲပေးလို့ရပါတယ်။ Cushion ဆိုတာကတော့ အခု ရေပန်းစားနေတဲ့ Liquid Foundation ကို Cushion Sponge ထဲမှာ ထည့်ထားတဲ့ အမျိုးအစားဖြစ်ပြီး Tap Tap လုပ်ရုံနဲ့ အချိန်တိုအတွင်း ပါးပါးပြောင်ပြောင်လေးနဲ့ လှစေပါတယ်။ Technology တွေ ဆန်းသစ်လာတာနဲ့အမျှ ယနေ့ခေတ်လူတွေရဲ့ Living Life Style ကိုပါဖြည့်ဆည်းပေးနိုင်ဖို့ အတွက် Liquid Foundation တစ်ခါ Two Way တစ်ခါ အဆင့်ဆင့် သုံးဖို့မလိုတော့ဘဲ Cushion တစ်ခုတည်းသုံးရုံနဲ့ အချိန်တိုအတွင်း ပြီးပြည့်စုံတဲ့ အလှတရားကို ရရှိစေလို့ အရမ်း အဆင်ပြေပါတယ်။

    ယနေ့ခေတ်မှာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ BB creamတွေ ထွက်ရှိလာနေပြီဖြစ်ပါတယ်။ BB cream ဝယ်ယူတဲ့အခါ ကိုယ့်အသားအရေအရောင်၊ အမျိုးအစားတွေနဲ့ လိုက်ဖက်မှု ရှိအောင် ရွေးချယ် ဖို့ တော့လိုအပ်လှပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement