( ၄ ) သေသေချာချာ မငုံတာ။
ဆေးဘူးထိပ်ကို ငုံတဲ့အချိန် ပါးစပ်လုံအောင် လုပ်မထားရင် ရှူလိုက်တဲ့ဆေးတွေ ပါးစပ်ကနေ ပြန်ထွက်သွားတတ်ပါတယ်။ ဒါ့ကြောင့် ပါးစပ်ကို လုံအောင်ပိတ်ပြီးမှ ဆေးကို ရှူပါ။
( ၅ ) ကိုယ်အနေအထား သေချာ မပြင်ဆင်တာ။
လျော့ရဲရဲ ထိုင်နေတဲ့အချိန် ပန်းနာသမားတွေရဲ့ အဆုတ်က လေတွေကို သေချာရှူသွင်းလို့မရသလို ရှူထုတ်ဖို့လည်း ခက်ခဲပါတယ်။ ဒီတော့ ဆေးကိုပါ ရှူလို့ရတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆေးရှူတဲ့ အခါမှာ ကိုယ်ခန္ဓါကို မတ်မတ်ထိုင်လိုက်တာ ( ဒါမှမဟုတ် ) မတ်တပ်ရပ်ပြီးမှ ရှူဆေးရှူပါ။
( ၆ ) ရက်စွဲသေချာမမှတ်ထားတာ။
ရှူဆေးဘူးကို ဆေးဖြည့်ပြီး စရှူတဲ့နေ့ကို သေချာမမှတ်မိလိုက်လို့ ဆက်တိုက်ရှူနေတဲ့အခါ ဘူးထဲမှာ ဆေးကုန်သွားပြီး အခြား အရာတွေ ပြည့်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ဘူးထဲမှာ ဆေးဘယ်လောက်ကျန်သေးလဲ မှတ်ထားပေးတဲ့ ဆေးဘူးဝယ်သုံး ( ဒါမှမဟုတ်) ဆေးက ဘယ်လောက်ဆိုဘယ်နှစ်လခံလဲ ဆရာဝန်ကို မေးပြီး စဝယ်ထဲက ရက်စွဲမှတ်တာမျိုး လုပ်သင့်ပါတယ်။
( ၇ ) တစ်ချက်ရှူပြီး နောက်တစ်ချက်ကို အမြန်ရှူတာ။
ရှူဆေးတစ်ချက်ရှူပြီး ခဏနေတာနဲ့ နောက်တစ်ချက်ချက်ချင်း ပြန်ရှူတဲ့အခါ မနှံ့စပ်တဲ့ ဆေးတွေကို ရှူမိလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဆေးရှူတဲ့ တစ်ချက်နဲ့ တစ်ချက်ကြားထဲ အနည်းဆုံး ၁ မိနစ်လောက် ခြားပြီးမှ ရှူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။