လက္ခဏာများ
လည်ချောင်းနာခြင်းဟာ တစ်ခုခုမြိုချရာမှာတောင် နာကျင်စေပါတယ်။ လည်ချောင်းထဲမှာ ခြောက်သွေ့ပြီး အက်ကွဲနေသလို ခံစားရစေပါတယ်။ အောက်ပါလက္ခဏာတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း သို့မဟုတ် ဓါတ်မတည့်မှုကြောင့်ဖြစ်ရတဲ့ လည်ချောင်းနာခြင်းနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေပါ။
နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်း (၃၈̊C ထက်နည်းသော)၊ မျက်ဝတ်ထွက်ခြင်း၊ အပျော့စားခေါင်းကိုက်ခြင်း သို့မဟုတ် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း စတာတွေပါဝင်ပါတယ်။
Strep Throat နဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ ပါးကြိတ်ယောင်ခြင်း၊ အာခေါင်ပျော့ သို့မဟုတ် အာခေါင်မာမှာ သေးငယ်တဲ့ အနီစက်တွေပေါ်လာခြင်း၊ အပိန့်ထခြင်း၊ အော့အန်ခြင်း၊ အဖျားကြီးခြင်း (38̊C နဲ့အထက် ) ပျို့ခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း သို့မဟုတ် ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းတွင်းမှ Lymph Nodes များ ရောင်ရမ်းခြင်း စတာတွေပါဝင်ပါတယ်။
ကုသခြင်း
တကယ်လို့များ သင်နဲ့သင့်ကလေးမှာ ဖြစ်နေတဲ့ လည်ချောင်းနာခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတယ်ဆိုရင် ပဋိဇီဝဆေးဝါးတွေ လုံးဝလိုအပ်မှာမဟုတ်ပါဘူး။ ဒီလို လည်ချောင်းနာခြင်းတွေဟာ ၄ရက် ကနေ ၅ရက်အတွင်းမှာ သူ့အလိုလိုပျောက်ကင်းသွားမှာပါ။ တကယ်လို့သင့်မှာက Strep Throat ရှိနေတယ်ဆိုရင်တော့ ပင်နယ်စလင်ဆို ပဋိဇီဝဆေးတွေကို ဆရာဝန်က ညွှန်းကောင်းညွှန်းပါလိမ့်မယ်။
ဒါပေမဲ့ Strep Throat ဟာလည်း ဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ ၃ရက်ကနေ ၇ရက်အတွင်းမှာ အလိုလိုပျောက်ကင်းသွားမှာပါ။ ပဋိဇီဝဆေးတွေဟာ မြန်မြန်ပိုကောင်းလာစေမှာလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ တခြားသူတွေဆီ ပြန့်ပွားနိုင်မယ့် အချိန်ကာလကိုတော့ တိုတောင်းအောင်လုပ်ပေးနိုင်ပါတယ်။
ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားပိုးတွေကသင့်ခန္ဓါကိုယ်ရဲ့ အခြားသောအစိတ်အပိုင်းတွေ ဥပမာ နားနဲ့ နှာခေါင်းတွေထဲ ပြန့်ပွားသွားခြင်းကို လျှော့ချပေးနိုင်ပါတ်ယ။ ဒါပေမဲ့ ပဋိဇီဝဆေးတွေမှာ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ အပိန့်ထခြင်းတို့လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကို ခဏထားပါဦး။ ပဋိဇီဝဆေးတွေ မသောက်ခင်မှာ ဒါတွေကို အရင်စဉ်းစားကြည့်ပါ။
-လည်ပင်းနာတာက Sterp throatကြောင့် ဟုတ်မဟုတ်၊ ပဋိဇီဝဆေးလိုမလို ဆရာဝန်ကသာ ဆုံးဖြတ်ပေးနိုင်မှာပါ။ ကိုယ့်သဘောနဲ့ကိုယ် ကလေးကို ပဋိဇီဝဆေးတိုက်တာမျိုး မလုပ်ပါနဲ့။
-ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ သောက်သုံးမိရင်တော့ တကယ်တမ်းလိုအပ်လာတဲ့အချိန်မှာ ဆေးတိုးတော့မှာမဟုတ်ပါဘူး။ ပဋိဇီဝဆေး တစ်ခါသောက်လိုက်တိုင်းမှာ ဆေးကြောင့်မသေနိုင်တဲ့ ဘက်တီးရီးယားတွေ တစ်ခါတစ်ခါတိုးလာတာပါပဲ။ ဖြည်းဖြည်းခြင်းနဲ့ ဒီဘက်တီးရီးယားတွေဟာ သုတ်သင်ရခက်ခဲလာပြီး ပိုပြီးပြင်းထန်တဲ့ ကူးစက်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေကို ရှင်းပစ်ဖို့ အခြား ပိုပြင်းထန်ပြီး မူလသောက်နေတာနဲ့ မတူတဲ့၊ ပိုပြီး အကုန်အကျများတဲ့ ပဋိဇီဝဆေးတွေကို သောက်ရနိုင်ပါတယ်။
တကယ်လို့ကလေးက ၃လလထက်ငယ်ပြီး အဖျားရှိနေမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ချက်ချင်းသွားပြပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။