ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။
သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ
ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ
သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲဖြစ်ပါတယ်။သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။
ခြေဖျားလက်ဖျားအေးတာ
ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ်ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့်ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။
ဖောရောင်တာ
သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓါကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။
Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓါကိုယ်အနှံ့ကိုသွေးအလုံအလောက်လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓါကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကိုဘေးတဝိုက်ကတစ်ရှူးတွေဆီရောက်ရှိစေပါတယ်။
ဖောရောင်ခြင်းလက္ခဏာတွေက –
- လေးလံပြီးရောင်ရမ်းတာ၊
- အရေပြားတင်းပြီး ပူနေတာ၊
- အဆစ်အမြစ်တောင့်တင်းတာ၊
- နာကျင်တာ တို့ပါဝင်ပါတယ်။
တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိတတ်ပါတယ်။
ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ
သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –
- ဦးနှောက်ကိုသွေးအရောက်နည်းတာ၊
- ခန္ဓါကိုယ်အနှံ့ကို ပို့ထုတ်ပေးလိုက်တဲ့သွေးပမာဏမလုံလောက်တာ၊
- သွေးဖိအားအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ပါဝင်ပါတယ်။
အစာခြေစနစ်ပြဿနာရှိလာတာ
အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေပြဿနာတွေက –
- ဗိုက်အောင့်တာ၊
- ဝမ်းပျက်ဝမ်းလျှောတာ၊
- ဝမ်းမှာသွေးပါတာ၊ ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။
မောပန်းနုံးချိနေတာ
သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီးမောပန်းအားကုန်ရပါတယ်။
အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ
ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ်ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။
အသားအရောင်ပြောင်းလဲတာ
ခန္ဓါကိုယ်တစ်ရှူးတွေဆီကိုသွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ်ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေသွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –
- နှာခေါင်း၊
- နှုတ်ခမ်း၊
- နားရွက်၊
- ရင်သားထိပ်၊
- လက်ဖျား၊
- ခြေဖျား တို့ဖြစ်ပါတယ်။
ခြေထောက်အနာလေးတွေဖြစ်တာ
ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
သွေးကြောထုံးတာ
သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကိုသွေးပြန်ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –
- ခြေထောက်မှာလေးလံနေတာ၊
- ခြေထောက်မှာ နာကျင်တာ၊
- ယားယံတာ၊
- ရောင်ရမ်းတာ၊
- အရေပြားမှာသွေးကြောထုံးတဲ့အရာလေးတွေမြင်နေရတာ စတာတွေပါဝင်ပါတယ်။
ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့်သွေးလည်ပတ်မှုကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစားမလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေ
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-heart-rate]