backup og meta

လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုများကြောင့် ကလေးများ၏ သင်ယူမှု၊ အမူအကျင့်နှင့် ကျန်းမာရေးတွင် ထိခိုက်မှုဖြစ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်မှုများကြောင့် ကလေးများ၏ သင်ယူမှု၊ အမူအကျင့်နှင့် ကျန်းမာရေးတွင် ထိခိုက်မှုဖြစ်ခြင်း

    ကလေးများဟာ ထိရှလွယ်ပြီး ဆိုးကျိုးဖြစ်စေတဲ့ အကြောင်းအရာတွေက သက်ရောက်မှု လွယ်ကူပါတယ်။ ပြသနာတခုကတော့ လူမျိုးခွဲခြားမှု၊ အကြမ်းဖက်မှုတွေကို ခံစားရခြင်း ဖြစ်ပါတယ်။

    သုတေသနတွေအရ ဒီပြသနာတွေကို ငယ်ရွယ်စဉ်မှာ ကြုံဖူးတဲ့ကလေးတွေဟာ သူတို့ရဲ့ သင်ယူမှု၊ အမူအကျင့်နဲ့ ကျန်းမာရေးကိစ္စတွေမှာ ရေရှည်ထိခိုက်မှု ဖြစ်စေပါတယ်။

    ကလေးများတွင် ဆိုးရွားသော ဖိအားသက်ရောက်ခြင်း

    လူမျိုးခွဲခြားမှု

    ဒေါက်တာဂီးလ်ဘတ်နဲ့အဖွဲ့ရဲ့ သုတေသနပြုချက်အရ လူမျိုးရေးခွဲခြားမှုကြောင့် ကျန်းမာရေးချို့ယွင်းခြင်းပါ ဖြစ်ပေါ်စေပါတယ်။ အလားအလာရှိတဲ့ ကလေးများကို လူမျိုးရေး ခွဲခြားခံရမှုဟာ သူတို့ရဲ့ အနာဂတ် အခွင့်အလမ်းတွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ ဆိုးရွားပြီး ရေရှည်ကြုံရတဲ့ အခြေအနေဆိုရင် လူ့သက်တမ်းပါ တိုစေနိုင်ပါတယ်။

    ကလေးများငယ်စဉ်မှာ ခွဲခြားခံရရင် ဖိအားတွေ ကြုံနိုင်ပါတယ်။ ဒီဖိအားဟာ ကလေးများ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံကြောများ ဆက်သွယ်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ထပ် တွေ့ရှိချက်အရ လူမျိုးခွဲခြားခံရသူများဟာ အဆီများတဲ့ အစာတွေ ပိုမိုစားသုံးပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

    အကြမ်းဖက်မှု

    အကြမ်းဖက်မှုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ခံစားခဲ့ရသူများဆီမှာ ရေရှည်သက်ရောက်မှုတွေ ရှိပါတယ်။

    – စိတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ သိမ်ငယ်မှု၊ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှု၊ ဆက်ဆံရေး အဆင်မပြေမှု၊ ဒေါသဖြစ်လွယ်မှု၊ ဆန့်ကျင်လိုမှု၊ မနာခံလိုခြင်း စတာတွေ ဖြစ်လာပါတယ်။

    – သိမြင်နားလည်မှုဆိုင်ရာအရ ကျောင်းစာသင်ခန်းမှာ အားနည်းလာတာ၊ ပြသနာကို မဖြေရှင်းနိုင်တာတွေ ကြုံလာရပါတယ်။

    – ရေရှည်မှာ စိတ်ကျဆင်းမှု၊ ထိခိုက်မှု၊ ကြီးပြင်းလာတဲ့အခါ အကြမ်းဖက်လိုမှု စတာတွေ အားသန်လာပါတယ်။

    ခွဲခြားဆက်ဆံခံရခြင်းရဲ့ အကျိုးဆက်တွေကို ဘယ်လိုကန့်သတ်မလဲ

    ကိုယ်ပိုင်လက္ခဏာရှိခြင်း၏ အရေးကြီးမှု

    လူမျိုးရေးအရ ခွဲခြားပြီး လှုံ့ဆော်ခြင်းကို လုံး၀ ပျောက်ကွယ်သွားအောင် မတတ်နိုင်ပေမယ့် ကန့်သတ်ထိန်းချုပ်ဖို့ နည်းလမ်းရှိပါတယ်။ ကိုယ်ပိုင်လူမျိုးစုနဲ့အတူ သွင်ပြင်ဖော်ထုတ် သတ်မှတ်ထားနိုင်ခြင်းဟာ စိတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။ လူမျိုးစုရဲ့ ကိုယ်ပိုင်လက္ခဏာအပေါ် အစွဲကြီးခြင်းဟာ ဂုဏ်ယူမှုကို ဖြစ်ပေါ်စေပြီး ကိုယ်ပိုင်ယဉ်ကျေးမှု လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း၊ နဂိုဇာတိဇစ်မြစ်ကို သိနားလည်ခြင်းတို့ကို ဖြစ်လာစေပါတယ်။ မိမိလူမျိုးစုအတွက် ဂုဏ်ယူရခြင်း၊ ကိုယ်ပိုင်လက္ခဏာရှိခြင်းဟာ ကလေးများကို လူမျိုးခွဲခြားခံရခြင်းကနေ ကာကွယ်နိုင်ရုံသာမက စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းကိုပါ တွန်းလှန်ပေးနိုင်ပါတယ်။

    မိဘများရဲ့ ပါဝင်မှု

    ဟောင်းဝပ်တက္ကသိုလ်ရဲ့ သုတေသနအရ လူမျိုးခွဲခြားမှု၊ အကြမ်းဖက်မှုများနဲ့ ပတ်သက်တဲ့ မိဘများရဲ့ အတွေ့အကြုံနဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ကြားပေးမှုဟာ သူတို့ကလေးတွေကို ပိုမို ကောင်းမွန်စေပါတယ်။ လူမှုဆက်ဆံရေးဟာ အရေးအကြီးဆုံးပါပဲ။ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေအကြောင်း ကလေးတွေကို ပြောဆိုခြင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

    မိမိလူမျိုးနဲ့ ပတ်သက်ပြီး ဂုဏ်ယူတတ်အောင်၊ ယုံကြည်မှုရှိအောင် သင်ကြားပေးခြင်းဟာ သူတို့ကို ဖိအားများ ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးများ မိမိကိုယ်ကို ယုံကြည်လေးစားလာအောင်၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ နည်းလာအောင် ပြုစုပျိုးထောင်ပေးဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးလှပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement