တခါတရံတွင် ကလေးများသည် ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နားအတွင်းပိုင်းတွင် ဒဏ်ဖြစ်ပြီး ချာချာလည်အောင်မူးခြင်းဖြစ်ရပါသည်။ တခါတရံတွင် ဦးခေါင်းကို ထိခိုက်မိခြင်းကြောင့် နားအတွင်းတွင် ဒဏ်မဖြစ်ဘဲ ဦးနှောက်ထဲတွင် ဒဏ်ဖြစ်သွားပြီး ခေါင်းမူးခြင်း၊ ချာချာလည်အောင်မူးဝေခြင်းတို့ကို ခံစားရတတ်ပါသည်။
· မီးနီးယားရောဂါစု
ယင်းသည် နားထဲတွင် အရည်များစုဝေပြီး နားလေထွက်ခြင်း၊ ချာချာလည်အောင်မူးခြင်းတို့ဖြစ်သော ရောဂါဖြစ်ပြီး နောက်ပိုင်းတွင် နားအူခြင်း၊ နားမကြားတော့ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုရောဂါသည် ဖြစ်ခဲသော်လည်း ကလေးများတွင် ဖြစ်နိုင်ကြောင်းတွေ့ရသည်။
· ရုတ်တရက်ချာချာလည်အောင်မူးခြင်း
ထိုသို့ဖြစ်ခြင်းသည် ကလေးဘဝတွင် အဖြစ်များပြီး ချာချာလည်အောင်မူးခြင်းမပြင် ဟန်ချက်မညီမျှခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် တစ်နှစ်အတွင်း၊ တစ်လအတွင်း အကြိမ်ကြိမ်ဖြစ်နိုင်ပြီး အသက် ၈ နှစ်ခန့်အထိဖြစ်နိုင်ပါသည်။
· မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ
ထိုရောဂါသည် ဦးနှောက်အောက်ပိုင်းရှိသွေးလွှတ်ကြောများတွင် သွေးလည်ပတ်မှုမမှန်ကန်ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး ခေါင်းကိုက်ခြင်း နှင့် ချာချာလည်အောင်မူးခြင်းတို့ ခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းဝေဒနာ ပြင်းထန်လေလေ ချာချာလည်အောင်မူးခြင်းကို ဆိုးရွားစွာ ခံစားရလေလေဖြစ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။