ဗိုင်းရပ်ပိုးလေးတွေဟာ လေထဲကနေ တစ်ဆင့် မျက်နှာပြင်အမျိုးမျိုး အပေါ်ကိုရောက်သွားပြီး အဲဒီအပေါ်မှာ အချိန်အကြာကြီးရှိနေနိုင်ပါတယ်။ အဲဒီ ပိုးမွှားလေးတွေရှိနေတဲ့ မျက်နှာပြင်တွေကို လက်နဲ့ ထိတွေ့မိပြီး အဲဒီလက်နဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတွေကို ကိုင်မိ၊ ပွတ်မိတဲ့ အခါမှာလည်း ကူးစက်နိုင်ပါတယ်။ဒါ့အပြင် ရောဂါပိုးရှိတဲ့ သူရဲ့ ကူးစက်နိုင်တဲ့ အရည်လေးတွေကို တိုက်ရိုက်ထိတွေ့တဲ့ အခါမှာ ၊ ဥပမာ – ရောဂါရှိတဲ့ သူ သောက်သုံးထားတဲ့ ရေခွက်ကို သောက်မိခြင်း စတဲ့ နည်းတွေနဲ့လည်း ကူးစက်တတ်ပါသေးတယ်။
ဝက်သက်ရောဂါ ဖြစ်လာပြီဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရတတ်လဲ။
ရောဂါလက္ခဏာတွေအနေနဲ့
- ဖျားနာခြင်း။
- ချောင်းဆိုးခြင်း။
- နှာရည်ယိုခြင်း။
- လည်ချောင်းနာခြင်း။
- မျက်လုံးနီရဲလာခြင်း။
- ပါးစပ်ထဲတွင် အဖြူရောင် အစက်အပျောက်များ ပေါ်လာခြင်း။
- ရက်အနည်းငယ် ကြာတဲ့အခါမှာ အနီစက်များ မျက်နှာနဲ့ လည်ပင်းတွေမှာ စပေါ်လာနိုင်ပြီး တစ်ကိုယ်လုံးပျံ့နှံ့သွားခြင်း။ စတဲ့ရောဂါ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
ဝက်သက်ရောဂါ ဖြစ်လာပြီဆိုရင် ဘာတွေ လုပ်ဆောင်သင့်လဲ။
ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ mask လေးတပ်ပြီး ဆရာဝန်ဆီကို သွားပြသင့်ပါတယ်။ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါ အများစုဟာ၂ ပတ် ၃ပတ် အတွင်း ပျောက်ကင်းတတ်ကြပေမယ့် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်သင့်ပါတယ်။
ဒါ့အပြင်
အဖျားကျအောင် ရေပတ်တိုက်တာ၊ ဆေးသောက်တာ၊ ရေများများသောက်တာ တွေနဲ့ ကောင်းကောင်းမွန်မွန် အနားယူပြီး ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မိမိကနေ အခြားသူတွေ မကူးအောင်လည်း ဂရုစိုက်နေထိုင်ကြဖို့ အကြံပေးချင်ပါတယ်။
ဝက်သက်ရောဂါကို ကာကွယ်နိုင်ကြပါစေ။
ရေးသားသူ- Khine Phoo Ngon
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။