သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ ။

အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ်ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ်မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှုများရင် ဆေးရုံတက်ကုသရမှာပါ ။ ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်းသွားနေရင် စိုးရိမ်စရာမရှိပါဘူး ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိကကုထုံးက ဝမ်းချက်ချင်းရပ်ဖို့မဟုတ်ဘဲ ရေဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်‌တွေ ပြန်လည်ဖြည့်တင်းပြီး ‌ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။

ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များမပါ) တိုက်ပါ ။ ဖြစ်နိုင်ရင်တော့ ဆားဓါတ်ပါတဲ့အရည်များ ၊စွပ်ပြုတ်ရည်များ တိုက်နိုင်ပါတယ် ။

ဒါ့အပြင် ဝမ်းလျှောပြီးတိုင်းမှာ ကလေးတွေ ကို ဓါတ်ဆားတိုက်ဖို့လိုအပ်ပါတယ် ။ အသက် ၂နှစ်အောက် ကလေးတွေအတွက် ဝမ်းသွားပြီးတိုင်း ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် တစ်ဝက် ၊ အသက် ၂နှစ်ကနေ ၁၀နှစ်ကြား ကလေးတွေအတွက် ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် ၁ခွက် နဲ့ အသက်ကြီးတဲ့ကလေးတွေအတွက် ကလေး သောက်နိုင်သလို ဓါတ်ဆားရည် ပြန်လည်တိုက်ရပါမယ် ။

ဒါ့အပြင် ကလေးတွေကို ပုံမှန်အာဟာရတွေ ကျွေးဖို့ လိုပါတယ် ။ ဝမ်းလျှော့လို့ အစာမကျွေးတာဟာ ကလေးအတွက် ရောဂါပိုဆိုးစေနိုင်ပါတယ် ။ အာဟာရကျွေးတဲ့အခါမှာလည်း အစာကို တစ်ခါတည်းကျွေးခြင်းထက် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲကျွေးသင့်ပါတယ် ။ ၂နာရီကြားတစ်ခါလောက် ကျွေးရင် အဆင်ပြေနိုင်ပါတယ် ။

ဘယ်အချိန်မှာ ဆေးရုံပြသင့်လဲ

ကလေးအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်တဲ့

  • ဝမ်းသွားတာ နည်းမလာဘဲ ပိုဆိုးလာခြင်း
  • အန်ခြင်း
  • ရေငတ်ခြင်း
  • ရေ‌ သို့မဟုတ် နို့သောက်ရင် အငမ်းမရသောက်ခြင်း
  • အစာ မစားနိုင်ခြင်း
  • ဖျားခြင်း
  • သွေးဝမ်းသွားခြင်း
  • ဝမ်းပျက်တာ ၃ရက်ထက်ပိုကြာလာခြင်းတွေဆိုရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်သွားသင့်ပါတယ်။

ရေးသားသူ – Dr. Aung Kyaw Myint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။