လက်သည်း၊ ခြေသည်းတွေဆိုတာ ရောဂါပိုးမွှားတွေ အောင်းလို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ အထူးသဖြင့် ကလေးတွေက အမြဲတမ်းဆော့ကစားနေတာ၊ လူတွေနဲ့ ထိတွေ့ကိုင်တွယ်နေရတာ ဖြစ်လို့ ပိုပြီးတောင် ချေးနဲ့ အညစ်အကြေးတွေ လက်သည်းကြားထဲ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လက်သည်း၊ ခြေသည်းတွေ အရမ်းရှည်တဲ့အထိ မစောင့်ဘဲ တစ်ပတ် တစ်ခါလောက် ပုံမှန်ညှပ်ပေးဖို့ လိုတယ်နော်။
၄။ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးဖို့ ကလေးကို အကျင့်လုပ်ပေးပါ။
ကလေးတွေဆိုတာ တစ်ခုခု စိတ်ဝင်စားစရာတွေ့တာနဲ့ လက်က အရင်ကိုင်လိုက်တာပါပဲ။ ကိုင်လိုက်တဲ့ အရာဝတ္ထုကနေ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေဟာ လက်ပေါ်ကို ကပ်ပါလာမယ်။ အဲ့လိုကိုင်ပြီးတာနဲ့ လက်သေချာမဆေးဘဲ နှာခေါင်း၊ ပါးစပ်ထဲ လက်ထည့်လိုက်တာ၊ မုန့်စားလိုက်တာ၊ မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာတွေကြောင့် ရောဂါပိုးတွေဟာ ကိုယ်ခန္ဓာထဲကို ရောက်သွားပြီး ကလေးကို နာမကျန်းဖြစ်စေတာပေါ့။
ဒါကြောင့် ကလေးကို ဘယ်လိုအရာဝတ္ထုတိုင်းမဆို ကိုင်ပြီးတိုင်း လက်ဆေးတဲ့ အကျင့်လုပ်ပေးပါ။ အစာမစားခင်၊ အိမ်သာတက်ပြီးသွားရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးပေးရမယ်။ အကယ်လို့ အပြင်ရောက်နေလို့ လက်ဆေးလို့ အဆင်မပြေဘူးဆိုရင်လည်း အိတ်ထဲမှာ လက်သန့်စင်ဆေးရည် ဒါမှမဟုတ် Wet Tissue လေး ဆောင်ထားသင့်တယ်နော်။
၅။ ကလေးကို အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။
ကလေးရဲ့ နေ့စဉ်အစာအာဟာရဟာ သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုပေါ် အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ အာဟာရမျှတမှ ကလေးက ကျန်းမာမယ်။ ကလေးက ကျန်းမာမှပဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းစာတွေကို လိုက်လုပ်နိုင်မှာပေါ့။ ဒါ့အပြင် အစားအစာက ရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လို့ ရောဂါတွေ မကူးစက်စေဖို့၊ ဖျားနာခြင်း ကင်းဝေးဖို့ ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ကလေးတွေကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန် အစရှိသဖြင့် နေ့စဉ် အာဟာရပြည့်ဝစွာ ကျွေးပေးရမယ်နော်။
ကလေးတိုင်း ဖျားနာတတ်တာ သဘာဝပဲဆိုပေမယ့် မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို အမြဲလုပ်ပေးမယ်ဆိုရင်တော့ ကလေးကို ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းပျော်ရွှင်စွာနဲ့ ကြီးပြင်းလာမှာ အသေအချာပဲပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။