သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေ ရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင်အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေ ရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။