မွေးစကလေးတွေ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်သေဆုံး သွားတယ်ဆိုတာကို ကြားဖူးကြမှာပါ၊၊ ရောဂါရယ်လို့လည်း မရှိဘဲနဲ့ အကောင်းကြီးကနေ အိပ်နေရင်း ဆုံးသွားကြတာပါ၊၊ ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ခေါ်ပါတယ်၊၊
မွေးစကလေးတွေ အိပ်ရာထဲမှာ အိပ်နေရင်းနဲ့ အကြောင်းအရင်းမရှိဘဲ ရုတ်တရက်သေဆုံး သွားတယ်ဆိုတာကို ကြားဖူးကြမှာပါ၊၊ ရောဂါရယ်လို့လည်း မရှိဘဲနဲ့ အကောင်းကြီးကနေ အိပ်နေရင်း ဆုံးသွားကြတာပါ၊၊ ဒါကို ဆေးပညာအရ Sudden infant death syndrome (SIDS) လို့ခေါ်ပါတယ်၊၊

အမေရိကမှာ ၂၀၁၉တုန်းက ကလေးပေါင်း ၁,၂၅၀ လောက်က SIDSနဲ့ ဆုံးပါးသွားကြတာပါတဲ့၊၊ အရင်တုန်းကတော့ SIDS ဘာကြောင့် ဖြစ်လဲဆိုတာကို သေချာမသိကြပါဘူး၊၊ ခုလေ့လာမှု အသစ်မှာတော့ SIDSကို ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ အကြောင်းရင်းတစ်ရပ်ကို တွေ့ရှိလာပါပြီ၊၊
အရင်တုန်းကတော့ မွေးစကလေးတွေ အိပ်နေရင်း ရုတ်တရက်သေဆုံး ရတာက ကလေးတွေရဲ့ အသက်ရှူတာနဲ့ နိုးထမှုကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အစိတ်အပိုင်းမှာ ချို့ယွင်းချက်ရှိနေတာကြောင့်လို့ ယူဆခဲ့ပါတယ်၊၊
ပုံမှန်ဆို ကလေးက အိပ်နေရင်း အကြောင်းတစ်ခုခုကြောင့် (ဥပမာ ခေါင်းအုံးနဲ့ ဖိမိတာ) အသက်ရှူလို့ မရတော့ရင် ဦးနှောက်ကို သတင်းပို့တာကြောင့် ဦးနှောက်က ကလေးကို နိုးစေပြီး အသက်ရှူဖို့၊ ရုန်းကန်ဖို့၊ ငိုဖို့ အချက်ပြရမှာပါ၊၊ ခုဒီလိုမဖြစ်ဘဲ အသက်ရှူမရဘဲ တိတ်တိတ်လေး သေဆုံးသွားတာက ဒီဦးနှောက်အစိတ်အပိုင်း ကောင်းကောင်းအလုပ်မလုပ်တာကြောင့်ဖြစ်မယ်လို့ ထင်ခဲ့ကြပါတယ်၊၊
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာရှိတဲ့ Westmead ကလေးဆေးရုံက သုတေသနပညာရှင်တွေက ကလေးတွေရဲ့ သွေးထဲမှာ butyrylcholinesterase (BChE) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး နည်းနေတာက ကလေးတွေ အိပ်နေရင်း အသက်ရှူရပ်သွားရင် အလိုအလျောက် မနိုးစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်၊၊
ဒီတွေ့ရှိချက်ကို လာမယ့် ၂၀၂၂၊ ဇွန်လမှာ ထုတ်ဝေမယ့် The Lancet’s eBioMedicine မှာ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်၊၊
ဆစ်ဒနီက သုတေသနပညာရှင်တွေက မွေးစကလေးလေးပေါင်း ၇၂၂ယောက်ရဲ့ ခြေဖနှောင့်ကနေ ထုတ်ယူထားတဲ့ သွေးအခြောက်တွေကို လေ့လာခဲ့ပါတယ်၊၊ ဒီထဲမှာ ၆၅၅ယောက်က ကျန်းမာတဲ့ ကလေး၊ ၂၆ယောက်က SIDSနဲ့ ဆုံးသွားတဲ့ကလေးတွေ ဖြစ်ပြီး ကျန်တဲ့ ၄၁ယောက်ကတော့ မွေးစအရွယ်မှာ တခြားအကြောင်းကြောင့် ဆုံးသွားတဲ့ကလေးတွေပဲ ဖြစ်ပါတယ်၊၊
သူတို့ရဲ့ သွေးအခြောက်တွေကို လေ့လာကြည့်လိုက်တဲ့အခါမှာ SIDSနဲ့ ဆုံးသွားတဲ့ကလေးတွေရဲ့သွေးထဲမှာ BChE ပမာဏ နည်းနေတာကို တွေ့ရပါတယ်၊၊ ဒီအင်ဇိုင်းက ဦးနှောက်ကို နိုးထဖို့ လှုံ့ဆော်တဲ့နေရာမှာ အရေးပါတဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်၊၊
ဒါပေမယ့် သုတေသနက ပြီးပြည့်စုံသေးတာတော့ မဟုတ်ပါဘူး၊၊ သွေးထဲမှာ BChE အင်ဇိုင်းပမာဏက အချိန်ကြာလာနဲ့အမျှ ပြောင်းလဲနိုင်သလား၊ ခြေဖနှောင့်ကနေ မထုတ်ဘဲ တခြားနေရာကနေ ယူရင်ရော ပြောင်းလဲနိုင်သလားဆိုတာကို သေချာမသိကြသေးပါဘူး၊၊ ပြီးတော့ ပုံမှန်ဆို သွေးထဲမှာ ပမာဏဘယ်လောက်ရှိရမလဲဆိုတာလည်း မသိကြပါဘူး၊၊
နောက်တစ်ချက်က ဒါက သွေးအခြောက်တွေကို လေ့လာထားတာပဲ ဖြစ်ပါတယ်၊၊ လေ့လာထားတဲ့ ကလေးတွေထဲမှာ SIDSနဲ့ ဆုံးပေမယ့် တခြားကလေးတွေနဲ့ BChE ပမာဏတူတူဖြစ်နေတဲ့ ကလေးတွေလည်း ရှိပါတယ်၊၊
ဒါကြောင့် နောက်တစ်ဆင့် လေ့လာချက်အနေနဲ့ မွေးစကလေးတွေကို BChE အင်ဇိုင်း စစ်ဖို့ စီစဉ်ထားပြီး SIDSနဲ့ အင်ဇိုင်းချို့တဲ့တာရဲ့ကြားက ဆက်စပ်မှုတွေကို ပိုပြီးလေ့လာဖို့ စီစဉ်ထားကြပါတယ်၊၊ ဒီအဆင့်ကနေ အဖြေတစ်ခုခုရဖို့ ၅နှစ်လောက် စောင့်ရမယ်လို့လည်း မျှော်လင့်ထားကြပါတယ်၊၊
ကိုယ့်ကလေးလေး အကောင်းအတိုင်းအိပ်သွားပြီး မနက်သွားကြည့်လို့ အသက်မရှိတာ့တာက မိဘတွေအတွက် စိတ်ဒဏ်ရာပါ၊၊ မေမေတို့အနေနဲ့ လက်ရှိမှာ ကလေးရဲ့ သွေးထဲက အင်ဇိုင်းကို စစ်ဖို့ မလိုသေးပါဘူး၊၊ ဒါက လေ့လာဆဲမို့လို့ပါ၊၊
ဒါပေမယ့် မေမေတို့ ကိုယ်တိုင် ခုပြောမယ့်နည်းလမ်းတွေကို လိုက်နာပြီး ကလေးလေးတွေ ရုတ်တရက် သေဆုံးတာကို လျှော့ချနိုင်ပါတယ်၊၊