backup og meta

သိပ္ပံနည်းကျလေ့လာထားသော နို့ဦးရည် အာဟာရပြည့်ဝစေဖို့ အစားအစာများ

သိပ္ပံနည်းကျလေ့လာထားသော နို့ဦးရည် အာဟာရပြည့်ဝစေဖို့ အစားအစာများ

နို့ဦးရည် ဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက မိခင်ရဲ့ ရင်သားမှာ စပြီး ထုတ်လုပ်နေပါပြီ။ ဒါကြောင့် တချို့မေမေတွေဆို ကလေးမမွေးခင်တည်းက ရင်သားကနေ နို့ထွက်တာပါ။ နို့ဦးရည်က မေမေ့ကလေးလေးအတွက် ပထမဆုံးနို့ဖြစ်တာကြောင့် အာဟာရပြည့်ဝနေစေဖို့ လိုပါတယ်။ ဒါကြောင့် နို့ဦးရည် အာဟာရပြည့်ဝစေဖို့ ဘာတွေ စားသောက်ရမလဲဆိုတာ သိထားဖို့ လိုပါတယ်။

နို့ဦးရည်က ကလေးလေးအတွက် ဘာကြောင့် အရေးကြီးတာလဲ။

နို့ဦးရည်က ကလေးအတွက် ဗိုက်ပြည့်စေရုံတင်မဟုတ်ပါဘူး။ ကလေးကို ကျန်းမာပြီး ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ကိုပါ ကူညီပေးပါတယ်။ ဒါကြောင့် နို့ဦးရည်ကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်

  • ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်စေနိုင်ဖို့

(၁) Immunoglobulin A (ပဋိပစ္စည်း)

(၂) Lactoferrin (ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ ပရိုတင်း)

(၃) သွေးဖြူဥ

(၄) Epidermal growth factor (ဆဲလ်တွေကြီးထွားစေတဲ့ ပရိုတင်း)

  • ကလေးရဲ့ အမြင်အာရုံ၊ အရေပြားနဲ့ ခုခံအားကို တက်စေဖို့ ဗီတာမင် အေ
  • ကလေးရဲ့ နှလုံးနဲ့ အရိုးတွေကို ကျန်းမာစေဖို့ မဂ္ဂနီဆီယမ်
  • ခုခံအားကို တက်စေတဲ့ ကော့ပါးနဲ့ ဇင့် စတာတွေ ပါတာကို တွေ့ရပါတယ်။

ဒါကြောင့် မိခင်တွေကို ကလေးမွေးပြီးတာနဲ့ နို့ဦးရည်ကို မြန်မြန်တိုက်ကြဖို့ တိုက်တွန်းတာပါ။ ပြင်ပလောကနဲ့ ထိတွေ့ရတော့မှာ ဖြစ်တဲ့အတွက် နို့ဦးရည်လေး သောက်ထားမှ ကလေးအတွက် အာဟာရလည်းဖြစ်၊ အကာအကွယ်လည်း ရမှာပါ။

နို့ဦးရည် အာဟာရမပြည့်ဝရင်ဘာတွေ ဖြစ်နိုင်သလဲ။

နို့ဦးရည် အပါအဝင်  မိခင်နို့ရဲ့ ပါဝင်ဖွဲ့စည်းပုံက မိခင်ဘာတွေ စားနေသလဲ။ အာဟာရပြည့်ရဲ့လားဆိုတာနဲ့လည်း ဆိုင်ပါတယ်။ မိခင်က အစားရှောင်လွန်းတယ်။ အာဟာရချို့တဲ့နေမယ်ဆိုရင် နို့ဦးရည်တို့၊ မိခင်နို့တို့ကလည်း အာဟာရပြည့်ဝမှာ မဟုတ်ပါဘူး။ ဒါဆိုရင် နို့ဦးရည်ကို အဓိကမှီခိုနေရတဲ့ ကလေးမှာပါ အာဟာရချို့တဲ့တာ၊ ခုခံအားပစ္စည်းတွေ မရတဲ့အတွက် ရောဂါပိုးတွေ ဝင်လာတာ ဒါတွေကို ကြုံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နို့တိုက်မိခင်တွေကို အစားမရှောင်ဖို့၊ အာဟာရပြည့်ဝမျှဝအောင်စားဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အစာအိမ်က မွေးစမှာ ဂေါ်လီလုံးအရွယ်သာသာလောက်ပဲ ရှိတဲ့အတွက် တစ်ခါနို့စို့ရင် ဂေါ်လီလုံးစာလောက်ပဲ စို့နိုင်တာပါ။ ဒီဂေါ်လီလုံးစာလောက်လေးထဲမှာ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝပါသွားဖို့ အရေးကြီးပါတယ်။

နို့ဦးရည် အာဟာရပြည့်ဝစေဖို့ ဘာတွေ စားသောက်သင့်သလဲ။

နို့ဦးရည်အပါအဝင် မိခင်နို့ရဲ့ ပါဝင်ပစ္စည်းတွေ၊ မိခင်နို့ထွက်နှုန်း စတာတွေက မိခင်ရဲ့ ဟော်မုန်းနဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေက အဓိကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့တစ်နေ့ မိခင်စားတဲ့ အစားအစာတွေ၊ အာဟာရပြည့်ဝမှုတွေကလည်း နို့ဦးရည်ပမာဏနဲ့ အာဟာရပြည့်ဝမှုအပေါ် သက်ရောက်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် နို့ဦးရည် အာဟာရပြည့်ဝစေဖို့ မိခင်က အစားမရှောင်ရပါဘူး။ အသား၊ ငါး၊ အသီးအရွက်၊ ဥ၊ နို့ စတာတွေကို စုံစုံလင်လင်နဲ့ ပြည့်ပြည့်ဝဝ စားပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲကနေမှ မိခင်တွေလည်း လက်လှမ်းမီ၊ သိပ္ပံနည်းကျ အတည်ပြုထားပြီး နို့ဦးရည်ကို အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ပြောပြပေးပါမယ်။

  • ကြက်ပေါင်းရည် (Chicken essence)

ဒီကြက်ပေါင်းရည်က အိမ်မှာ ကြက်ကို အကောင်လိုက် ပေါင်းပြီး ထွက်လာတဲ့အရည်ကို သောက်တာနဲ့ နည်းနည်းတော့ ကွဲပြားပါတယ်။ အိမ်မှာ အကောင်လိုက်ပေါင်းမယ်ဆိုရင် အရည်ကို သောက်ရုံတင်မကဘဲ ကြက်သားကိုပါ စားမှ အာဟာရရမှာပါ။ အရည်ချည်းပဲဆိုရင် အာဟာရသိပ်မပါပါဘူး။

Chicken essence ဆိုတာကတော့ ကြက်သားထဲက အာဟာရအဆီအနှစ်တွေကို အဆင့်မြင့်နည်းပညာနဲ့ extractလုပ်ပြီး အရည်အနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ ဒီအရည်ထဲမှာပဲ ကြက်သားထဲက အာဟာရတွေ အကုန်ပါတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် essenceလို့ ခေါ်တာပါ။

Journal of Nutritional Biochemistryက ထုတ်တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ချိန် ၃၇ပတ်လောက်ကနေ မွေးပြီး ၃ရက်လောက်အထိ Chicken essenceကို တစ်ရက်၃ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ နို့ဦးရည်မှာ Epidermal growth factorက ၂၃၆%ထိ ပိုများတာကို တွေ့ရပါတယ်။

Chinese Journal of Practical Gynecology and Obstetricsရဲ့ လေ့လာချက်မှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးပြီးစရက်တွေမှာ Chicken essenceကို တစ်ရက်၂ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အရ သူတို့တွေဟာ သာမန်စွပ်ပြုတ်၊ ဆေးမြစ်ပြုတ်တွေ သောက်သူတွေထက် နို့ထွက်နှုန်း သိသိသာသာ ကောင်းတာကို တွေ့ရပါတယ်။

ဆိုလိုတာက Chicken essenceက နို့ဦးရည်က အာဟာရကိုရော၊ နို့ထွက်နှုန်းကိုပါ ကောင်းစေတာ ဖြစ်ပါတယ်။

  • အုတ်ဂျုံ

အုတ်ဂျုံက နို့ထွက်နှုန်းကို ကောင်းစေပါတယ်။ ဒါ့ပြင် သူ့မှာ နို့တိုက်မိခင်နဲ့ ကလေးတွေ လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်နေပါတယ်။

သံဓာတ်နည်းတဲ့အခါ နို့ထွက်နှုန်းပါ နည်းသွားတဲ့အတွက် နို့တိုက်မိခင်တွေ နို့ထွက်ကောင်းချင်တယ်ဆိုရင် စားပေးသင့်ပါတယ်။ ဒါ့ပြင် ကလေးမွေးထားလို့ သံဓာတ်ဆုံးရှုံးနေတာကိုလည်း အထောက်အကူဖြစ်မှာပါ။

အမျှင်ဓာတ်ပါဝင်တာကြောင့် ကလေးမွေးပြီးစအချိန်မှာ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

  • အစေ့အဆန်တွေ

နှမ်းစေ့၊ နှမ်းကြတ်စေ့၊ ဗာဒံစေ့ စတာတွေမှာ ကျန်းမာစေတဲ့ အဆီတွေ၊ ပရိုတင်းနဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အတွက် နို့ဦးရည်ကို အာဟာရပြည့်ဝစေပါတယ်။ တချို့အစေ့တွေ (ဥပမာ နှမ်းစေ့)မှာဆိုရင် phytoestrogensလို့ခေါ်တဲ့ အီစထရိုဂျင်တစ်မျိုးပါတဲ့အတွက် မိခင်နို့ထွက်နှုန်းကိုလည်း ကောင်းစေပါတယ်။

  • ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ

နို့ဦးရည်မှာပါတဲ့ ပဋိပစ္စည်းတွေ၊ ဆဲလ်တွေကို ကြီးထွားစေတဲ့ growth factorတွေ ဒါတွေအားလုံးက ပရိုတင်းကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တာကြောင့် မိခင်နေ့စဉ်စားတဲ့ထဲမှာ ပရိုတင်းကြွယ်ဝတာတွေ ပါဝင်ဖို့ လိုပါတယ်။ ဒါ့ပြင် ပရိုတင်းဓာတ်က မိခင်နို့ထွက်တာကိုလည်း ကောင်းစေပါတယ်။

အဆီမပါအသားတွေ၊ တို့ဖူး၊ ပဲအမျိုးမျိုးနဲ့ ဥတွေက ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် နေ့စဉ်ပြောင်းပြောင်းပြီး စားပေးနိုင်ပါတယ်။

  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

University of Wisconsin’s Department of Family Medicine and Community Healthအဆိုအရ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက မိခင်နို့ထွက်အားကို ကောင်းစေနိုင်ပါတယ်တဲ့။

ဒါ့ပြင် ဒီအရွက်တွေမှာ ဗီတာမင် အေ၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ ဖောလိတ် စတာတွေ ပါဝင်တာကြောင့် နို့ဦးရည်ကိုလည်း အာဟာရပြည့်ဝစေမှာပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဝယ်ရလွယ်တာကြောင့် တစ်ရက်ကို တစ်မျိုး၊ နှစ်မျိုးလောက်တော့ ပါအောင် စားပေးသင့်ပါတယ်။

ဒီအစားအစာတွေက နို့ဦးရည်ကို အာဟာရပြည့်ဝစေပြီး နို့ထွက်နှုန်းကို ကောင်းစေတယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ကလေးမွေးချိန်မှာမှ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာတည်းက ပုံမှန်လေးစားပေးမယ်ဆိုရင် ပိုပြီး အကျိုးရှိမှာပါ။ အာဟာရကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် နို့ထွက်ကောင်းစေရုံတင်မကဘဲ မိခင်ရဲ့ ကျန်းမာရေးကိုပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

လျှော့စျေးအစီအစဉ်

သင်က
  • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
  • ကိုယ်ဝန်ဆောင်မိခင်
  • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
ဒါဆိုရင်တော့  https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breastfeeding nutrition: tips for moms https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/breastfeeding-nutrition/art-20046912#:~:text=Opt%20for%20protein%2Drich%20foods,flavor%20of%20your%20breast%20milk. Accessed date May 12, 2023

Genetic and Physiological Factors Affecting Human Milk Production and Composition https://www.ncbi.nlm.nih.gov/pmc/articles/PMC7284811/ Accessed date May 12, 2023

Colostrum https://my.clevelandclinic.org/health/body/22434-colostrum#:~:text=Colostrum%20(kuh%2Dloss%2Dtrum,will%20get%20from%20your%20breasts. Accessed date May 12, 2023

Chao JC, Tseng HP, Chang CW, Chien YY, Au HK, Chen JR, Chen CF. Chicken extract affects colostrum protein compositions in lactating women. J Nutr Biochem. 2004 Jan;15(1):37-44. Accessed date May 12, 2023

Li XM et al. Effects of Essence of Chicken on Postnatal Lactation.  Chin. J. Pract. Gynecol. Obstet.  1997;13:295-296.Accessed date May 12, 2023

Natural Galactogogues https://www.fammed.wisc.edu/files/webfm-uploads/documents/outreach/im/ss_galactogogues.pdf Accessed date May 12, 2023

ယခုပုံစံ

16/06/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement