ဆရာဝန်က အဖျားရှိသလား၊ ချမ်းတုန်သလား၊ ရင်သားနာသလား စသဖြင့် ခန္ဓါကိုယ်ကို စစ်ဆေးခြင်းအားဖြင့် နို့နာ ဖြစ်မဖြစ်ကို စစ်ဆေးပါလိမ်မယ်။ တခြား သိသာထင်ရှားတဲ့ လက္ခဏာကတော့ ရင်သားပေါ်မှာ နီရဲပြီး ခပ်ချွန်ချွန် ပုံစံနဲ့ ထိလိုက်ရင် နူးညံ့နေပါလိမ့်မယ်။
ဆရာဝန်က သင့်မှာ ရင်သားပြည်တည်နေသလား ဆိုတာကိုလည်း စမ်းသပ်ပါလိမ့်မယ်။ ရင်သားပြည်တည်ခြင်းဆိုတာ နို့နာကို သေချာ စနစ်တကျမကုသဘူး ဆိုရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ရောဂါ ဖြစ်ပါတယ်။ တကယ်လို့ နို့နာက အရမ်းဆိုးရွားပြင်းထန်နေမယ် ဆိုရင်တော့ ဆရာဝန်က အကောင်းဆုံး ပဋိဇီ၀ ဆေးကို ညွှန်းပါလိမ့်မယ်။
ရှားပါးရင်သားကင်ဆာ – ရောင်ရမ်းသောရင်သားကင်ဆာ – နီရဲ ရောင်ရမ်းနေပြီး ကနဦးပိုင်းမှာ နို့နာနဲ့ လွဲမှားတတ်ပါတယ်။ ဆရာဝန်က ရင်သားဓါတ်မှန် ရိုက်ခိုင်းပါလိမ့်မယ်။ ပဋိဇီဆေးပတ်လည် အောင် သောက်ပြီးတာတောင် လက္ခဏာတွေက ရှိနေမယ်ဆိုရင်တော့ ရင်သားကင်ဆာရှိ၊ မရှိ သေချာအောင် အသားစယူပြီး စစ်ခိုင်းပါလိမ့်မယ်။
Mastitis (နို့နာ ) ကို ဘယ်လိုကုသပါသလဲ
နို့နာကို ကုသတဲ့အခါမှာ –
- ပဋိဇီဝဆေးတွေ – နို့နာကို ကုသဖို့အတွက် ပဋိဇီ၀ ဆေးကို ၁၀ ရက်ကနေ ၁၄ ရက်လောက်အထိ သောက်ပေးရပါမယ်။ ဆေးသောက်ပြီး ၂၄ နာရီ ကနေ ၄၈ နာရီ အတွင်း သက်သာလာပါမယ်။ ဒါပေမယ့် နောက်ထပ်တစ်ခါပြန်မဖြစ်စေဖို့ ဆေးပတ်လည်အောင် သောက်ဖို့လိုပါမယ်။
- အနာပျောက်ဆေး – ဆရာဝန်က သိပ်မပြင်းတဲ့ acetaminophen (Tylenol, others) သို့မဟုတ် ibuprofen (Advil, Motrin IB, အခြား) စတဲ့ အနာပျောက်ဆေးတွေကို ညွှန်းပါလိမ့်မယ်။
- နို့တိုက်တဲ့ အနေအထားတွေကို ချိန်ညှိရပါမယ်။ နို့တိုက်တဲ့ အချိန်မှာ နို့တွေမကျန်ရစ်ခဲ့အောင် ကလေးကလည်း ကောင်းကောင်းနို့စို့နိုင်အောင် လုပ်ရပါမယ်။ ဆရာဝန်က သင့်ရဲ့ နို့တိုက်တဲ့ ပုံစံကို စစ်ဆေးပါလိမ့်မယ်။
- မိမိကိုယ်ကို ဂရုစိုက်ခြင်း – နားနားနေနေ နေပြီး နို့တိုက်ပါ။ ပိုးကူးစက်တာကို ခန္ဓါကိုယ်က ကာကွယ်တိုက်ဖျက်နိုင်ဖို့ အရည်များများသောက်ပါ။
တကယ်လို့ ပဋိဇီဝဆေးတွေ သောက်ပြီးရင်တောင် နို့နာ မပျောက်နိုင်ဘူးဆိုရင် ဆရာဝန်ဆီမှာ သေချာစစ်ဆေးမှုကို ခံယူပြီး နောက်ထပ် ဘယ်လို စစ်ဆေးချက်တွေ လိုအပ်မလဲ ဆိုတာကို ဆရာဝန်က လမ်းညွှန်ပေးနိုင်ပါတယ်။
နေထိုင်မှုပုံစံ နှင့် အိမ်တွင်းကုထုံးများ
နို့နာဖြစ်တာကို ထိန်းချုပ်နိုင်မယ့် နေထိုင်မှု ပုံစံ နဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။
အောက်ပါနေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေကို လိုက်နာမယ်ဆိုရင် နို့နာဖြစ်တာကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်ပါလိမ့်မယ်။
- ကလေးဆာတိုင်း နို့ကို မကြာမကြာတိုက်ပေးပါ။
- တတ်နိုင်သရွေ့ အိပ်ရာထဲမှာ ကလေး နဲ့ အတူ အနားယူပါ။ ကလေးကို နို့ပိုတိုက်ဖြစ်စေပါတယ်။
- နို့မတိုက်ခင် အချိန်အကြာကြီး ရင်သားမှာ နို့တွေ ပြည့်လျှံမနေစေပါနဲ့။
- နို့တိုက်တဲ့ အခါ ခန္ဓါကိုယ် အနေအထားကို ခဏခဏ ပြောင်းပါ။
- အရည်အများကြီးသောက်ပါ။
- နို့တွေက ကျန်မြဲကျန်နေမယ်ဆိုရင်၊ နို့မတိုက်ခင် ရေနွေးဝတ်နဲ့ အသာအယာဖိပေးတာ၊ ရေနွေးနဲ့ ရေချိုးတာတွေ လုပ်ပေးပါ။
- ဘရာစီယာကို ချောင်ချောင်ချိချိ ဝတ်ပါ။
တကယ်လို့ သင့်မှာနို့နာ ဖြစ်နေမယ် ဆိုရင်တောင်မှ နို့ဆက်တိုက်လို့ ရပါတယ်။ နို့တိုက်တာကလည်း ပိုးကူးစက်တာကို ကာကွယ်ရှင်းလင်းနိုင်ပါတယ်။ ပိုးကူးစက်ခံထားရတဲ့ ရင်သားက အရမ်းနာကျင်နေမယ်၊ ဒါမှမဟုတ် ကလေးက နို့စို့ဖို့ ငြင်းဆန်နေမယ်ဆိုရင် နို့တွေကို လက်နဲ့ပဲ ဖြစ်ဖြစ်၊ နို့ညှစ်ကိရိယာနဲ့ပဲ ဖြစ်ဖြစ် ညှစ်ထုတ်ပစ်ပါ။
ကလေးကိုနို့ကောင်းကောင်း တိုက်လို့ရအောင် အစကတည်းကနေ ကောင်းကောင်း လုပ်ဆောင်သင့်ပါတယ်။ နို့နာလို ရောဂါမျိုး မဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ ရင်သားနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ သူတွေနဲ့ တွေ့ဆုံရပါမယ်။ လိုအပ်တဲ့ အကြံဉာဏ် ယူရပါမယ်။ အောက်ပါအချက်တွေကို လိုက်နာခြင်းအားဖြင့် နို့နာဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
- နို့တိုက်တဲ့ အချိန်မှာ နို့တွေ ကုန်စင်ဖို့ ကြိုးစားပါ။
- ကလေး နို့စို့တဲ့ အချိန်မှာ တစ်ဖက်ကို ကုန်အောက် တိုက်ပြီးမှ နောက်တစ်ဖက်ကို ပြောင်းပါ။
- နို့တိုက်တဲ့ ခန္ဓါကိုယ်အနေအထားကို ခဏခဏ ပြောင်းပါ။
- နို့တိုက်နေတဲ့အချိန်မှာ ကလေးက ကောင်းကောင်းလှဲနေနိုင်အောင် လုပ်ပေးပါ။
မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။