home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

နို့တိုက်မေမေ အချိုရည်တွေသောက်လို့ဖြစ်ရဲ့လား

နို့တိုက်မေမေ အချိုရည်တွေသောက်လို့ဖြစ်ရဲ့လား

စားချင်တိုင်းမစားနဲ့နော်။ နို့တိုက်နေရတာနော်။ ကလေးတစ်ခုခုဖြစ်နေမယ်၊လို့ဘေဘီလေးရဲ့ ဖွားဖွားက ဆူတာကိုခံနေရတဲ့မေမေတွေများရှိနေလား။ အခုလိုနွေပူရင် အချိုရည်အေးအေးလေးသောက်ချင်ပေမယ့် ဖွားဖွားက ဆူလို့မသောက်ရဘူးဖြစ်နေတဲ့မေမေတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဘာကြောင့် အချိုရည်မသောက်ဖို့ ဖွားဖွားတို့ပြောရတာလဲဆိုတာ ရှင်းပြပါရစေနော်။

မိခင်စားသမျှ နို့ရည်ကနေတဆင့်ဘေဘီလေးတို့ဆီရောက်သတဲ့

မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှအစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာမေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေသောက်သုံးတာဖြစ်ဖြစ်၊ဆေးဝါးတွေသောက်သုံးတာပဲဖြစ်ဖစ်မေမေနို့ကနေတဆင့်ဘေဘီလေးဆီရောက်သွားတာပါပဲ။ အပြည့်အဝတော့မဟုတ်ပေမယ့်ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။မေမေ့အနေနဲ့ကြည့်တော့ နည်းနည်းလေးပဲဆိုပေမယ့် ကလေးကအရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေကတော်တော်လေးများသေးတာပါနော်။

ဒါတွေတင်မဟုတ်ပါဘူးနော်။မေမေစားလိုက်တဲ့အချို့သောအစားအစာတွေက ကလေးကိုလေနြာဖစ်စေနိုင်ပါတယ်။ ဘာမှာမစားတတ်သေးဘဲမေမေ့နို့ကိုပဲ အာဟာရဖြည့်နေရတဲ့ဘေဘီလေးအဖို့ကမေမေစားတာတစ်ချက်မှားတာနဲ့ ထိခိုက်နိုင်ခြေက ရာနှုန်းပြည့်ပါနော်။ ဒါကြောင့်မေမေတို့ကို နို့တိုက်နေချိန်မှာ အစားအသောက်ဆင်ခြင်ဖို့ပြောရတာပါ။

အချိုရည်မသောက်ပါနဲ့လို့ ဒါကြောင့်ပြောရတာပါ

ရာသီဥတုပူတယ်၊ အစာမကြေဘူးထင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်ကြိုက်တဲ့ အချိုရည်တစ်ခုခုကိုသောက်လိုက်တယ်။ ဘာမှမဖြစ်လောက်ပါဘူး။ ကလေးကို တိုက်တာမှမဟုတ်ဘဲလို့များတွေးနေလား။ ဒီအချိုရည်တွေကသောက်လိုက်တုန်းမှာ အရသာရှိသလို အမောပြေတယ်၊ အစာကြေတယ်ဆိုပေမယ့် နို့ရည်ကနေတဆင့်ဘေဘီလေးဆီပါသွားရင်တော့ စိတ်ညစ်စရာ ဇာတ်လမ်းက စလာပါပြီ။

နောက်တစ်ခုဆိုးတာရှိသေးတယ် ဒါကတော့ အားပြည့်လန်းဆန်းစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေလ။ ဒါတွေကတော့ လုံးဝကိုရှောင်ရမှာပါနော်။ မေမေ့အတွက်ရောဘေဘီအတွက်ရောကောင်းကျိုးမပြုတဲ့အရာတွေပေါ့။ ပင်ပန်းနေတဲ့ အချိန်မှာသောက်လိုက်မယ်ဆိုရင် အားပြည့်သွားသလိုခံစားရနိုင်ပေမယ့် အားဖြည့်အချိုရည်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေက ထိခိုက်မှုများစေတာတော့အမှန်ပါပဲ။

အချိုရည်မှာ ပုံမှန်ထက်အချိုပါဝင်မှုများပါတယ်။ ဒါ့အပြင်ကဖင်းဓါတ်ပါဝင်မှုရှိတာကြောင့်မေမေ့အတွက်ရောဘေဘီလေးအတွက်အဆင်မပြေပါဘူး။ ကဖင်းပါတဲ့အရာတွေကသောက်ပြီး မိနစ် ၆၀ အတွင်းမှာ ပါဝင်မှုအားအများဆုံးဖြစ်တာကြောင့် ဒီအချိန်မျာ ကလေးကိုနို့တိုက်လိုက်မယ်ဆိုရင် ကလေးကိုအစာခြေစနစ်မအီမသာဖြစ်တာအပြင် ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပါခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဖွားဖွားတို့ကမေမေ့အစားတစ်လုတ်ကြောင့်ဘေဘီလေးမှာ မထိခိုက်စေဖို့မေမေတို့ကို အချိုရည်မသောက်ဖို့ပြောရတာပါနော်။

အချိုရည်တင်လား

နို့တိုက်မေမေတို့ မသောက်သင့်တာက အချိုရည်တင်လားဆိုတော့ မဟုတ်ပါဘူး။ ဒါလေးတွေကိုလည်းသတိထားရမှာပါ။

နို့တိုက်မေမေအနေနဲ့ဆေးတစ်ခုခုသောက်တော့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှသောက်သင့်တာပါ။ ဒါမှမေမေလည်းပျော်ရွှင်ပြီးဘေဘီလေးလည်းကျန်းမာမှာပါနော်။နွေပူလို့ အေးတာလေးတစ်ခုခုသောက်ချင်တယ်ဆိုရင် သံပုရာသီးစစ်စစ်ကိုဖျော်ထားတဲ့ သံပုရာရည်ေလးသောက်ပေးလို့ရပါတယ်။ သဘာဝအသီးဖျော်ရည်လေးတွေကို အထိုက်အသင့်သောက်သုံးပေးလို့ရပါတယ်နော်။

ဒါကြောင့်ဘေဘီလေးကိုနို့တိုက်နေရတယ်ဆိုရင် အချိုရည်တွေ။ကော်ဖီ၊လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေကို တတ်နိုင်သမျှရှောင်လို့ သဘာဝ အရသာလေးတွေကိုပဲ စားသုံးပေးပါလို့ အကြံပြုပါရစေနော်။နောက်ဆုံးတစ်ချက်အနေနဲ့ မှာချင်တာက ဂျင်ဆင်းလိုမျိုး အားဖြစ်ပါတယ်ဆိုတဲ့ အရာတွေနဲ့ဆေးဖက်ဝင်တယ်ဆိုတဲ့ရေနွေးကြမ်းတွေကို မသောက်ဖို့ပါ။ ဒါတွေကဘေဘီလေးတို့အတွက် လုံးဝအဆင်မပြေပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Will My Breastfed Baby Be Affected By What I Eat And Drink?https://welladjusted.co/babies/will-my-breastfed-baby-be-affected-by-what-i-eat-and-drink/ Accessed Date 18 April 2019

Is It Safe To Have Energy Drinks While Breastfeeding?https://www.momjunction.com/articles/side-effects-of-energy-drinks-on-breastfeeding-mom_00359671/ Accessed Date 18 April 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။