နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံးရေသောက်နေစရာတော့မလိုပါဘူးနော်။ရေဆာတဲ့အချိန်မှာတော့ရေသောက်ရမှာမှန်ပေမယ့်ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။
ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ
မိခင်နို့က အစာကြေလွယ်ပါတယ်။မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ဘေဘီလေးရဲ့အစာအိမ်လေးကလည်းသေးမေမေ့နို့ကလည်း အစာကြေလွယ်တော့ဘေဘီလေးခဏခဏနို့သောက်ရပြီပေါ့။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။
ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆးဖို့လိုမယ်
ဒါကလည်းဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ ကလေးတွေဟာမွေးဖွားလာစဉ်ကတည်းကမေမေ့ရဲ့ ကိုယ်နံ့ နဲ့အသံတို့ကို ရင်းနှီးပြီးသားပါ။ နို့သီးခေါင်းမှာ အနံ့တစ်ခုရှိနေသလိုဘေဘီလေးတို့ကို ကိုယ်ခံအားေကာင်းစေနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေရှိနေပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်နေရတဲ့မေမေတွေအနေနဲ့ရေချိုးချိန်မှာ နို့သီးခေါင်းကိုသေချာဆေးကြောပေးရင်ကို လုံလောက်ပါပြီနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။