backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )


Phyo Wai Yan မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

ငယ်ထိပ်ချိုင့်ခြင်းဆိုတာဘာလဲ။

ကလေးတွေဟာ Fontanelles များစွာဖြင့် မွေးဖွားလာပါတယ်။ ယင်းတို့ကို ငယ်ထိပ်လို့အခေါ်များကြပါတယ်။ မွေးလမ်းကြောင်းကို ဦးခေါင်းဖြတ်တဲ့အချိန်မှာ ကျုံ့နိုင်ဆန့်နိုင်စေဖို့ ထိုငယ်ထိပ်တို့က အရေးပါပါတယ်။ ထိုစွမ်းရည်ကပဲ ကလေး၁နှစ်သားလောက်မှာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ကို ကြီးထွားစေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ငယ်ထိပ်တို့ကို ဦးခေါင်းထပ်ပိုင်း၊ နောက်ပိုင်းနဲ့ ဘေးဘက်ပိုင်းတို့မှာ တွေ့ရှိနိုင်ပါတယ်။

ကလေးဦးခေါင်းခွံပေါ်မှာရှိတဲ့ ငယ်ထိပ်အရည်အတွက် သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်နေပါတယ်။ ဦးခေါင်းနောက်ဘက်ရှိ ငယ်ထပ်က ၁လသား၊၂လသားလောက်မှာ ပျောက်ကွယ်သွားပါတယ်။ ထိုအရာကို သင်ခံစားနိုင်မှာမဟုတ်သလို၊ မြင်နိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းထပ်ဘက်ရှိ ငယ်ထိပ်ကတော့ အသက်၇လနဲ့ ၁၉လကြားလောက်ထိ မပိတ်ဘဲရှိနေတတ်ပါတယ်။

ကလေးရဲ့ငယ်ထိပ်ဟာ အတော်အသင့်တင်းပြီး ကွေးသွားကာ အတွင်းသို့အနည်းငယ်ချိုင့်နေရပါမယ်။ အတွင်းကို အရမ်းချိုင့်နေတဲ့ ငယ်ထပ်ကို Sunken Fontanel လို့ခေါ်ပါတယ်။ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သော်လည်း များသောအားဖြင့် ကုသရ လွယ်ကူပါတယ်။

ငယ်ထိပ်ချိုင့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ငယ်ထိပ်ချိုင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ငယ်ထိပ်ချိုင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။

  • ဦးခေါင်းရှိငယ်ထပ်မှာ အတွင်းသို့ သိသိသာသာချိုင့်ဝင်နေခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ငယ်ထိပ်ချိုင့်ခြင်း ဖြစ်ပွားစေသလဲ။

ငယ်ထိပ်ချိုင့်ခြင်းရဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ရေဓါတ်ခန်းခြောက်ခြင်း – လိုအပ်တဲ့ ရေဓါတ်ပမာဏ မရအောင် ရေမသောက်တဲ့အခါ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ချွေးထွက်လွန်ခြင်းလိုမျိုး ရေဓါတ်ဆုံးရှုံးခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ကွာရှာကော – ပရိုတင်းမရှိတော့သောကြောင့် ဖြစ်ပေါ်လာသော အာစဟာရချို့တဲ့မှု ရောဂါတစ်မျိုးပါ။ ထိုအခြေအနေကို ဘယ်လိုသိပြီး ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာကြည့်ပါ။

မဖွံ့ဖြိုးနိုင်ခြင်း – စံသတ်မှတ်ထားတဲ့ ကြီးထွားနှုန်းနဲ့ မကိုက်တော့ဘူးဆိုရင် ထိုကလေးကို မဖွံ့ဖြိုးနိုင်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ မဖွံ့ဖြိုးနိုင်ခြင်းဆိုတာဘာလဲ၊ ဘယ်လိုကုသရမယ်နဲ့ ပတ်သက်ပြီး လေ့လာလိုက်ပါ။

အဆိပ်ဖြစ်သော အူမကြီးခြင်း – များသောအားဖြင့် အူရောင်ရောဂါ (IBD) ကြောင့်ရရှိလာသော အူမကျယ်သည့် ရှားပါးရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုရောဂါကို ရှာဖွေအတည်ပြုခြင်း၊ ကုသခြင်းတို့ပတ်သက်ပြီး လေ့လာလိုက်ပါ။ ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။

ဒိုင်ရာဘိတိစ် အင်စိပိဒပ်စ် (DI) ­– DI က ဆီးချိုသွေးချို မဟုတ်ပါဘူး။ ကျောက်ကပ်ကနေ ရေတွေ မထိန်းနိုင်သော ရှားပါးရောဂါတစ်မျိုးပါ။ ထိုရောဂါကို အဖြေရှာအတည်ပြုခြင်း၊ ကုသခြင်းနဲ့ ပတ်သက်ပြီး လေ့လာလိုက်ပါ။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက ငယ်ထိပ်ချိုင့်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ငယ်ထိပ်ချိုင့်ခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ကလေးမှာ ငယ်ထိပ်ချိုင့်နေမယ်ဆိုရင် ဆေးကုသမှု တတ်နိုင်သမျှ ခံယူသင့်ပါတယ်။ ဆရာဝန်က ကလေးကို ပထမဦးစွာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ချိုင့်နေတဲ့နေရာကို မျက်လုံးဖြင့်ကြည့်ခြင်း၊ ခံစားကြည့်ခြင်းတို့ ပါဝင်မှာပါ။ ကလေးအရေးပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ ကလေးမျက်လုံးနဲ့ ခံတွင်းတို့မှာရှိတဲ့ စိုစွတ်မှုပမာဏက ရေဓါတ်ခန်းခြောက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို သိဖို့ သဲလွန်စ ပေးနိုင်ပါတယ်။ ဒုတိယကတော့ ကလေးရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးမြန်းပါလိမ့်မယ်။ သင်သိသလောက် ပြောပြဖို့ အရေးကြီးပါတယ်။ ထိုပြဿနာက ဘယ်အချိန်မှာ ပေါ်ပေါက်လာတာလဲ၊ ကလေးပုံမှန် ငယ်ထပ်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ယခုငယ်ထိပ်က ဘယ်လောက်ဆိုးနေတယ်ဆိုတာတွေကို မေးမြန်းနိုင်ပါတယ်။ ကလေးဖျားဖူးတာတွေ၊ အန်ဖူးတာတွေ၊ ဝမ်းလျောဖူးတာတွေ ရှိမယ်ဆိုရင်လည်း မှတ်သားထားပေးပါ။ ကလေးက အရင်ထက် ချွေးပိုထွက်မယ်၊ ရေဆာမယ်၊ နိုးကြားမှုက ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်အားပြောပြပါ။

ပြီးနောက် ဆရာဝန်က တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ သွေးစစ်ခြင်းနဲ့ ဆီးစစ်ခြင်းတို့ ပါဝင်ပါတယ်။ သွေးဆဲလ်အားလုံးအရည်အတွက်ရှာခြင်းလိုမျိုး တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ထိုစစ်ဆေးမှုတွေက ရေဓါတ်ခန်းခြောက်ခြင်းဖြင့် တွဲဖက်နေနိုင်သော သွေးအားနည်းခြင်းနဲ့ ပိုးဝင်ခြင်းတို့ကို တွေ့ရှိစေနိုင်သည့် သွေးနီဥနဲ့ သွေးဖြူဥ အရည်အတွက်ကို စစ်ဆေးပေးနိုင်ပါတယ်။ ဆီးစစ်ခြင်းမှာလည်း ရေဓါတ်ခန်းခြောက်မှုကို သိရှိစေနိုင်သော စစ်ဆေးမှုများပါဝင်ပါတယ်။ နောက်ထပ်လိုအပ်နိုင်မယ့် စစ်ဆေးမှုကတော့ ဇီဝကမ္မစစ်ဆေးမှုပါပဲ။ ခန္ဓါကိုယ်တွင်း ဓါတုဒြပ်ပေါင်းတွေ ဘယ်လိုပြိုကွဲနေတယ်၊ အစားအစာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာတွေကို စစ်ဆေးပေးနိုင်မှာပါ။ အစာအာဟာရ မပြည့်ဝမှုကို တွေ့ရှိစေနိုင်ပါတယ်။

ငယ်ထိပ်ချိုင့်ခြင်းကို ဘယ်လိုကုသလဲ။

ဆရာဝန်က ကလေးမှာ ရေဓါတ်ခန်းခြောက်နေတယ်လို့ တွေ့ရှိသွားရင် သွေးကြောကနေတစ်ဆင့် အရည်ဓါတ် ထိုးသွင်းပေးပါလိမ့်မယ်။ အရမ်းငယ်တဲ့ကလေးတွေမှာ ရေဓါတ်ခန်းခြောက်ခြင်းက အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပြီး အိမ်မှာ မကုသသင့်ပါဘူး။ ကလေးက အာဟာရ ဓါတ်မပြည့်ဝနေဘူးဆိုရင် အစာပိုက်ကနေတစ်ဆင့် သို့မဟုတ ်အကြောတွင်းကနေတစ်ဆင့် ကျွေးပါလိမ့်မယ်။ ဆရာဝန်က ကလေးကို အိမ်မှာပဲ ကုသနိုင်မယ့်လို့ ထင်ရင် အောက်ပါတို့ကို ပြုလုပ်ခိုင်းနိုင်ပါတယ်။

အရည်များများတိုက်ပါ။ ကလေးအတွက် အခြားသော အရည်တွေလည်း တိုက်ဖို့ လိုပါတယ်။ နို့ခဏခဏတိုက်ပါ သို့မဟုတ် နို့ဘူးခဏခဏတိုက်ပါ။ အစာဝအောင်ကျွေးတာထက် ခဏခဏကျွေးကြည့်သင့်ပါတယ်။ နို့မှုန့်ကို သိပ်ပျော့အောင် ရေမရောပါနှင့်။ ကလေးက အခဲတွေ စားနေနိုင်ပြီဆိုရင် ရေတိုက်နိုင်ပါတယ်၊ ကလေးအတွက်ထုတ်ထားသော ဓါတ်ဆားရည် တိုက်နိုင်ပါတယ်။ ဆိုဒါတွေ၊ အသီးဖျော်ရည်တွေ မတိုက်ပါနဲ့။

ကလေးသီးသန့် ဓါတ်ဆားရည်သုံးပါ။ ဓါတ်ဆားရည်ပုလင်းကို အပြင်ဆောင်ထားပါ။ ဆရာဝန်က လက်ခံသော အမျိုးအစားကိုသာ အသုံးပြုပြီး အားကစားသုံးတွေကို ရှောင်ကျဉ်ပါ။ ဓါတ်ဆားရည်တွေက ကလေးကို ပိုတက်စီယမ်၊ သကြားနဲ့ ဆားဓါတ်တွေ ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများကို စမ်းသုံးကြည့်ပါ။ ကလေးနေမကောင်းတဲ့အခါ သို့မဟုတ် လည်ချောင်းနာတဲ့အခါ အစာစားဖို့ ငြင်းဆိုနိုင်ပါတယ်။ ဆရာဝန်ကလည်း ကလေးတွေအတွက်ထုတ်ထားသော ဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည့် အကိုက်အခဲပျောက်ဆေးတွေ ညွှန်ကြားနိုင်ပါတယ်။ အက်စီတာမီနိုဖန်ကို ၂လသားအထက်တွေနဲ့ အိုင်ဗျူပရိုဖန်ကို ၃လက်နဲ့အထက်ကလေးတွေကိုသာ ပေးနိုင်ပါတယ်။ ဆေးပမာဏကို သေချာမသိဘူးဆိုရင် ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတို့ထံမှ အချိုးအစားသေချာသိအောင်မေးပါ။

ပူအိုက်တဲ့နေ့တွေမှာ ကလေးကို အေးအောင်ထားပါ။ ရာသီဥတုပူပြီး ကလေးမှာ ရေဓါတ်ခန်းခြောက်နေပြီဆိုရင် နေပူနဲ့ ဝေးဝေးမှာထားပြီး အေးအောင်လုပ်ပေးပါ။ ရေဓါတ်ပိုရအောင် နို့ဘူးများများတိုက်ပေးခြင်း၊ အစာများများပိုကျွေးပေးခြင်းနဲ့ နို့ခဏခဏတိုက်ပေးခြင်းတို့ပြုလုပ်ပေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ငယ်ထိပ်ချိုင့်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ငယ်ထိပ်ချိုင့်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကလေးကို ရေဓါတ်မခန်းခြောက်အောင် ကာကွယ်ပေးခြင်းက ငယ်ထိပ်ချိုင့်ခြင်းကို ကာကွယ်ခြင်းနဲ့ အတူတူပါပဲ။ ကလေးက အစာလည်းမစား၊ အရည်လည်းမသောက်ဘူးဆိုရင် အရည်ဓါတ်ဖြည့်တင်းပေးနေဖို့ မမေ့ပါနဲ့။ ကလေးနို့ဆာတိုင်း နို့တိုက်ပါ။ ကလေးက အာဟာရဓါတ်တွေ ဖောက်ပြန်နေမယ်ဆိုရင် အသက်အရွယ်နဲ့လိုက်ပြီး စာသင့်တာနဲ့ ကိုက်ညီအောင် ကျွေးနေရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ပါ။ ကလေး၁နှစ်ထိ ထိုစားသောက်ပုံက အထောက်အကူပြုပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement