backup og meta

အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့

အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့

ကလေးလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ မိဘတွေအနေနဲ့ အဖက်ဖက်က ဂရုစိုက်ရပါတယ်။ ဒီလိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်မွေးထားတဲ့ ကလေးလေးတစ်ယောက် ကိုယ်ကျွေးလိုက်မိတဲ့ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်မှာကိုတော့ ဘယ်မိဘမှဖြစ်ချင်မယ်မထင်ပါဘူးနော်။ ဒီတော့ အစားတစ်လုတ်ကြောင့် ကိုယ့်ရင်သွေးလေးဒုက္ခမရောက်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အစားဘယ်လိုကျွေးမလဲပြောပြမယ်နော်။

ဘေဘီလေးတွေ အစားစားတဲ့အခါ အန္တရာယ်ကင်းကင်းဖြစ်စေဖို့

  • အစာစားစမှာ စားစရာတွေကို ကြိတ်ခြေပြီးကျွေးရပါမယ်။ ထမင်းကနေစလို့ အသီးအရွက်တွေရော၊ သစ်သီးတွေရောပေါ့။ ဒါမှ ကလေးက အစာနင်တာ၊ သီးတာမျိုးမဖြစ်စေမှာပါ။
  • ကလေးအစားစားတဲ့အခါ အရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးပါ။
  • ကလေးကို အစားကောင်းကောင်းဝါးနိုင်စေဖို့အတွက် စားနေတုန်းမှာ အချိန်လေးပေးလိုက်ပါ။
  • အစားစားတဲ့အခါ ကလေးကို မတ်မတ်လေးထိုင်ခိုင်းပေးပါ။ သရေစာစားချိန်ရော၊ရေသောက်ချိန်မှာပါ ကလေးကို မတ်မတ်လေးထားပေးပါ။
  • ကလေးကိုလှဲနေတုန်း အစားခွံတာ၊ပြေးလွှားဆော့နေတုန်းအစားခွံတာ၊ ငိုနေတုန်းခွံတာမျိုးတွေမလုပ်ပါနဲ့။
  • ကလေးကို နို့ဘူးတိုက်တဲ့အခါမှာလည်း ကိုင်ပြီးတိုက်ပါ။ သူ့လက်နဲ့သူ ကိုင်သောက်တာမျိုးမလုပ်ပါနဲ့။
  • ကလေးကို နင်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေ မကျွေးပါနဲ့။
  • နင်စေနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ စပျစ်သီး၊ သကြားလုံး၊ ဂျယ်လီတို့လိုမျိုး အစားအစာတွေကို မကျွေးပါနဲ့။
  • စေးကပ်တဲ့ အစားအစာတွေနဲ့ မျိုချရခက်တဲ့ အစားအစာတွေကိုလည်း မကျွေးပါနဲ့။
  • ကလေးကို အစားစားနေတုန်း စနောက်ပြီး လှုပ်ခါတာမျိုးမလုပ်ပါနဲ့။

အစာသီးတာ၊ နင်တာက အခန့်မသင့်ရင် ကလေးကိုသေစေနိုင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအစာကျွေးတဲ့အခါ သီးတာနင်တာမျိုးတွေမဖြစ်စေဖို့ အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစားအစာပြင်ဆင်တဲ့အခါ ဂရုစိုက်ပေးရမှာလေးတွေရှိပါသေးတယ်နော်။

ဒါတွေမကျွေးပါနဲ့ ကလေးနင်နိုင်တာကြောင့်ပါ

အရမ်းသေးလွန်းတဲ့ အစားအစာတွေအခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပြောင်းဖူး၊ ချယ်ရီခရမ်းချဉ်သီး၊ ပြောင်းဖူးပေါက်ပေါက်တို့လိုမျိုးအရာတွေမကျွေးပါနဲ့။

လည်ချောင်းထဲကို အလွယ်တကူဝင်သွားနိုင်တဲ့ အစားအစာတွေ – သစ်သီးသေးသေးလေးတွေ၊ စပျစ်သီး၊ ဘယ်ရီသီးနဲ့ ချယ်ရီသီးတို့လိုမျိုးပေါ့။ ရေခဲတုံးလေးတွေ၊ အနီရောင်အသားနဲ့ ကြက်သားတွေကို ခပ်ကြီးကြီးတုံးထားတာမျိုး နဲ့ ဝါးရခက်တဲ့ သကြားလုံးတွေ၊ ချိုချဉ်တွေ မကျွေးပါနဲ့။ အခန့်မသင့်ရင် နင်တာ၊ သီးတာဖြစ်စေနိုင်တာကြောင့်ပါ။ စပျစ်သီးတွေကို တစ်လုံးကို ၄ စိတ်လောက်စိတ်ပြီးကျွေးပေးပါ။

စေးကပ်တဲ့အစားအစာတွေ မကျွေးပါနဲ့ -မြေပဲထောပတ်၊ ယိုတွေ၊ ဝါးစားလို့ရတဲ့ ချိုချဉ်တွေ၊ marshmallowတွေ၊ ဂျယ်လီလေးတွေ၊ သစ်သီးခြောက်တွေမကျွေးပါနဲ့။ပေါင်မုန့်ကို ယိုသုတ်ကျွေးချင်တယ်ဆိုရင်တောင် ခပ်ပါးပါးလေးပဲ သုတ်ပြီးကျွေးပါ။

ဘေဘီလေးတွေ အစားမတော် တစ်လုတ်ကြောင့် အသက်အန္တရာယ်မထိခိုက်စေဖို့နေ့စဉ် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါနော်……

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Food Safety Tips for Young Childrenhttps://www.eatright.org/homefoodsafety/safety-tips/food-poisoning/food-safety-tips-for-young-children Accessed Date 6 March 2019

Baby Safetyhttps://www.webmd.com/parenting/guide/baby-safety#4 Accessed Date 6 March 2019

Eating tips for babieshttps://www.betterhealth.vic.gov.au/health/healthyliving/eating-tips-for-babies Accessed Date 6 March 2019

Feeding Tips for Your Babyhttps://my.clevelandclinic.org/health/articles/12261-feeding-tips-for-your-baby Accessed Date 6 March 2019

First aid for a choking infant under 1https://healthywa.wa.gov.au/Articles/F_I/First-aid-for-a-choking-infant-under-1 Accessed Date 6 march 2019

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေ အော့အန်ရင်

ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement