သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ဘေဘီလေးတွေက မေမေတိုင်းအတွက်တော့ချစ်မဝတဲ့သူတွေပေါ့။ ဒီလိုချစ်မဝတဲ့ဘေဘီလေးတွေကို အစစအရာရာကျန်းမာနေစေချင်တဲ့ ဆန္ဒကလည်း မေမေတိုင်းမှာရှိနေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင် မလိုပါဘူး။ အခုတစ်ခါပြောပြပေးမှာက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေနဲ့ အဲဒီအရေပြားပြဿနာတွေများ ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ဘေဘီလေးတွေမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေက ဘာတွေများလဲ…

နုနယ်လွန်းတဲ့ဘေဘီလေးတွေအနေနဲ့ အရေပြားကိုသေချာလေးဂရုစိုက်ဖို့လိုအပ်ပါမယ်။ အရေပြားကို သေချာဂရုမစိုက်ပေးမိတဲ့အခါ

ထိခိုက်မိတာ – မေမေရဲ့လက်သည်း၊ အသုံးအဆောင်တွေနဲ့ ထိခိုက်မိနိုင်သလို ဘေဘီလေးကိုယ်တိုင် ကုတ်ခြစ်မိတာကြောင့် အသားမှာ ထိခိုက်တာမျိုးဖြစ်လာနိုင်ပါတယ်။

အသားအရေခြောက်သွေ့တာ – ရေချိုးတဲ့အခါ၊ အဝတ်လျှော်တဲ့အခါမှာ အသုံးပြုတဲ့ ဆပ်ပြာတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။

ပိုးကောင်ကိုက်တာ – အခင်းတွေ၊ အဝတ်အစားအသုံးအဆောင်တွေမှာ ပိုးကောင်တွေကပ်နေရာကနေတဆင့် ဘေဘီလေး ကိုပိုးကောင်ကိုက်မိတာဖြစ်နိုင်ပါတယ်။ ပိုးကောင်ကိုက်တဲ့အခါ အရေပြားက နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။

နို့ပွေး – ပါးလေးတွေမှာ ဖြစ်တတ်တဲ့ အဖြူရောင်အကွက်လေးတွေပါ။ ပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ရပေမယ့် သေချာလေးဂရုစိုက်ပေးမှ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ပေါ်မှာပါ။

ဝဲ – ဝဲကSarcoptes scabiei ပိုးကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတစ်ခုပါ။ မကုသဘဲထားမယ်ဆိုရင် အဆိုပါပိုမွှားတွေက အရေပြားပေါ်မှာ လအတော်ကြာရှင်သန်နေနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံမှုတွေဖြစ်စေပြီး အနီရောင်အဖုအပိမ့်တွေဖြစ်စေပါတယ်။ အရေပြားနဲ့တိုက်ရိုက်ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ပိုးကူးခံထားရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေနဲ့ထိတွေ့မိ တာကြောင့်လည်း ဝဲကူးစက်နိုင်ပါတယ်။

နှင်းခူ – မျိုးရိုးရှိတာကြောင့်ဖြစ်နိုင်သလို အရေပြားခြောက်သွေ့တာရဲ့နောက်ဆက်တွဲအနေနဲ့ နှင်းခူဖြစ်နိုင်ပါတယ်။

အင်ပျဉ် – အရေပြားယားယံမှုကနေစဖြစ်တာပါ။ အစားအသောက်တွေကြောင့်လည်း အရေပြားမှာ အင်ပျဉ်တွေဖြစ်နိုင်ပါတယ်။ အင်ပျဉ်ကပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အသက်ရှုရခက်တာ၊ မျက်နှာမှာရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။

ကြွက်နို့– ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အရေပြားပြဿနာတစ်ခုပါ။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်းမရှိပါဘူး။ ကြွက်နို့က တစ်ယောက်ဆီကနေတစ်ယောက်ဆီကိုအလွယ်တကူကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ရှိနေသူ ကိုင်တွယ်ထိတွေ့ထားတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့မိတာကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။

သေးခံလောင်တာ – စိုနေတဲ့ သေးခံကို အကြာကြီးဝတ်ထားမိတာကြောင့် သေးခံလောင်တာမျိုးဖြစ်နိုင်ပါတယ်။ သေးခံလောင်တာကို သေချာဂရုမစိုက်ပေးမိဘူးဆိုရင် အရေပြားပိုးဝင်ကူးစက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။

အရေပြားက ကြီးမားတဲ့ပြဿနာတွေရဲ့ အစဖြစ်နိုင်ပါတယ်

ကလေးငယ်ရဲ့အရေပြားဟာ သာမန်လူကြီးတွေနဲ့မတူဘဲ ပိုလို့ အထိအခိုက်လွယ်တာကြောင့် စနစ်တကျနဲ့ ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ နှင်းခူ၊ အရေပြားကွဲအက်ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ပိုးဝင်ပြည်တည်ခြင်းနဲ့ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။

အရေပြားကို ဘယ်လိုစောင့်ရှောက်မလဲ……..

အရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်ပါ။ သူကျန်းမာမှ ကိုယ်တွင်းကို ရောဂါပိုးမွှားတွေမဝင်ရောက်နိုင်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒီတော့ အရေပြားကျန်းမာရေးက ပိစိလေးကတည်းက ဂရုစိုက်ပေးသင့်တဲ့အချက်တစ်ခုပေါ့။

• အရေပြားကို ပုံမှန်သန့်စင်ပေးပါ
သေးခံပုံမှန်လဲပေးပါ
• ရေချိုးပြီးတိုင်း ခြောက်သွေ့အောင်သုတ်ပေးပါ
• အရေပြားကိုနှုးညံ့တဲ့ formula နဲ့ ထုတ်လုပ်ထားသော parabens ၊ phthalates ၊ sulfates စတဲ့ အသားအရေကို မထိခိုက်စေနိုင်သည့် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုပုံမှန်လိမ်းပေးပါ
•ကလေးငယ် အသားအရေကို နူးညံ့ချောမွတ်စေမည့် အနူးညံ့ဆုံးဖော်မြူလာနဲ့ ပဲ ထုတ်လုပ်ထားသော Baby Oil လိမ်းပေးပါ
• အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ ကလေးငယ်နဲ့ မတည့်တဲ့အရာတွေ၊ ဘေးအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို သတိထားပြီး ရှောင်ကျဉ်ပါ။

ကလေးငယ်ရဲ့ အရေပြားကျန်းမာစေဖို့ဆိုရင် ရေချိုးဆပ်ပြာကနေစလို့ Body Lotion အထိအသေးစိတ်ဂရုစိုက်ဖို့လိုပါမယ်။ ဘေဘီလေးတွေရဲ့ အသားအရေအတွက် အသုံးပြုတဲ့အခါ အရေပြားကို ထိခိုက်မှုနည်းစေဖို့ဆိုရင် အကောင်းဆုံးကဓာတုပစ္စည်းရှောင်ကျဉ်ပြီး သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ အရာတွေကို အသုံးပြုပေးဖို့ပါ။

နုနယ်သေးတဲ့ဘေဘီလေးတို့ရဲ့ အသားအရေကို ထိခိုက်မှုကင်းပြီး ကျန်းမာစေဖို့ဆိုရင် သံလွင်ဆီ၊ ထောပတ်သီး၊ ဝါစေ့ဆီ၊ အုန်းဆီတို့လိုမျိုး အသားအရေကို အာဟာရဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက အကောင်းဆုံးဖြစ်မှာပါ။

ဒါကြောင့် သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို ပိစိလေးကတည်းက အသုံးပြုပေးလို့ အသားအရေပြဿနာကင်းတဲ့ ဘေဘီလေးအဖြစ်ပျိုးထောင်လိုက်ပါ မေမေတို့ရေ………

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Baby Skin Care Slideshow: Simple Tips to Keep Baby’s Skin Healthy https://www.webmd.com/parenting/baby/ss/slideshow-baby-skin-care Accessed Date 22 October 2019

Baby skin problems https://www.brunet.ca/en/beauty/beauty-tips/baby-skin-problems/ Accessed Date 22 October 2019

Simple Tips to Keep Baby’s Skin Healthy https://www.onhealth.com/content/1/baby_skin_care Accessed Date 22 October 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 24/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။