backup og meta

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

သင့်ဘဝမှာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကို ပထမဆုံးမိဘဖြစ်ခြင်းက သယ်ဆောင်လာပေးနိုင်ပါတယ်။ အခုတော့ သင့်ကမ္ဘာမှာ သင့်ကိုသာ လုံးလုံးလျားလျား မူတည်နေတဲ့ သူတစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ တခါတရံမှာ စိတ်ဖိစီးမှု အများအပြားကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ရဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။

၁။ ကောင်းမွန်တဲ့ ကလေးငယ်စောင့်ရှောက်တဲ့ အစီအစဉ် ဆွဲပါ။

သင်ဟာ ကျန်းမာပျော်ရွှင်မှသာ ကလေးငယ်ကို စောင့်ရှောက်ဖို့ လုံလောက်တဲ့ အားအင်ရရှိမှာ ဖြစ်ပါတယ်။ ကော်ဖီလွန်ကဲစွာ သောက်ခြင်း၊ အအိပ်ပျက်ခြင်းဟာ မိခင်အသစ်တွေကို စိတ်ဖိစီးမှု ပြင်းထန်စေပါတယ်။

ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ သင့်ကလေးအိပ်နေချိန်မှာ သင်လည်း အိပ်သင့်ပါတယ်။

ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို သင်ရော သင့်အိမ်ထောင်ဖက်ပါ ညအချိန် စောင့်ရှောက်ဖို့ အစီအစဉ် ဆွဲသင့်ပြီး ကောင်းကောင်း အနားယူသင့်ပါတယ်။

၂။ ကလေးကို လာကြည့်ဖို့ စည်းကမ်းသတ်မှတ်ပါ။

သတင်းကောင်း ကြားရပြီးချိန်မှာတော့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေက မွေးကင်းစ ကလေးငယ်ကို လာကြည့်နိုင်ပါတယ်။ အနားမယူနိုင်ခြင်းနဲ့ ဧည့်သည်တွေကို ဆက်တိုက်ဧည့်ခံရခြင်းကို ကာကွယ်နိုင်ဖို့ ဘယ်နေ့ဘယ်အချိန်ဟာ နှစ်ဖက်စလုံးအတွက် အဆင်ပြေလဲဆိုတာကို သူတို့ကို သိစေသင့်ပါတယ်။

ကလေးကို မကိုင်မီ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် လက်သေချာ ဆေးဖို့ ယဉ်ကျေးစွာ တောင်းဆိုသင့်ပါတယ်။

၃။ သင့်အတွက် အချိန်ချန်ထားပါ။

ကလေးကို နေ့ရောညပါ ပြုစုစောင့်ရှောက်နေရခြင်းဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ပြီး စိတ်အပန်းပြေစေဖို့အတွက် နာရီဝက်လောက်ကို သင်လုပ်ချင်တဲ့ စာအုပ်ဖတ်ခြင်း၊TV ကြည့်ခြင်း၊ ရေနွေးနဲ့ ရေချိုးခြင်း၊ online shopping လုပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ သင့်အတွက် အချိန်တွေကို အမြဲထားသင့်ပါတယ်။

၄။ သင့်ရဲ့ စိုးရိမ်မှုတွေကို အိမ်ထောင်ဖက်နဲ့ ဝေမျှသင့်ပါတယ်။

ကလေးရပြီးရင် စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်ဖြုန်းနိုင်ခြင်း မရှိတော့ပါဘူး။ သင်တို့ရဲ့ စိတ်ကြည်နူးဖွယ် ဆက်ဆံရေးဟာ ပင်ပန်းမှု၊ တင်းကျပ်မှု၊ အချိန်ပေးနည်းမှုတွေ ဖြစ်လာရင် ပျက်စီးသွားနိုင်ပါတယ်။

ကလေး နှစ်ခြိုက်စွာ အိပ်နေစဉ် တစ်ယောက်နဲ့တစ်ယောက် ညစာအတူစားခြင်း၊ TV ရှေ့မှာ ပွေ့ဖက်ခြင်း၊ ဖက်အိပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

၅။ ဖိအားများစွာ မထားသင့်ပါဘူး။

တခါတရံမှာ သင်လိုအပ်တာတွေ များလေလေ ဖိအားများလေလေပဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်အလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ်ပျော့ပျော့ ပြောင်းပြောင်းရှိဖို့ လိုအပ်ပါတယ်။

ကလေးငယ်ရဲ့ အရုပ်ကို ကြမ်းပြင်ပေါ်မှာ ထားမိတာမျိုးဟာ ပြဿနာမရှိပဲ တစ်အိမ်လုံးကို တစ်နေကုန် သန့်ရှင်းရေး လုပ်နေတာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

ဆပ်ပြာနဲ့ ဘရက်ရှ်နဲ့ နာရီပေါင်းများစွာ ဆေးနေမယ့်အစား diaper wipes တွေနဲ့ ရေချိုးခန်း သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ ဟင်းချက်ဖို့ ပင်ပန်းနေတယ်ဆိုရင်လည်း ပီဇာ ဝယ်စားနိုင်ပါတယ်။

၆။ လေရအောင်နေပါ။

ကလေးငယ်ကို လေညင်းခံဖို့ အပြင်ခေါ်သွားခြင်းဟာ ကလေးကို ပြင်ပအရာတွေ မြင်စေရုံသာမက သင်လည်း လေကောင်းလေသန့်ရစေပါတယ်။ သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ အပန်းပြေပြီး သင်တို့ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေဖို့ ပျော်ပွဲစားထွက်ခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် သင်ယုံကြည်ရသူကို ကလေးထိန်းပေးဖို့ အကူအညီတောင်းသင့်ပြီး သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းသင့်ပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

25 Ways to Handle the Stress of a New Baby. http://www.webmd.com/parenting/baby/features/25-ways-to-handle-the-stress-of-a-new-baby#1. Accessed December 26, 2016.
Stressed out: Life with a newborn. http://www.babycenter.com/0_stressed-out-life-with-a-newborn_10201.bc. Accessed December 26, 2016.
New-mum stress and how to cope with it. http://www.babycentre.co.uk/a536695/new-mum-stress-and-how-to-cope-with-it#ixzz4Tw5qfXHN. Accessed December 26, 2016.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement