backup og meta

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ကလေး သေးခံ၊ အနှီးကို ကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ၊ ဝမ်း အပျော့အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

ဝမ်းအရောင် က ပြောပြနေတဲ့ သင့်ကလေး ကျန်းမာရေး ။ ။

ဝမ်းအမည်းရောင် ။ ။

  • မွေးပြီးပြီးချင်း ၂၄ နာရီအတွင်းကလေးစသွားတဲ့ ဝမ်းအရောင်က အမည်းရောင်ဖြစ်နေတတ်ပါတယ်။ ဒါက ပုံမှန်ဖြစ်နေကျပါ။ မွေးပြီးပြီးချင်း ၁ ပတ်အတွင်းမှာ အမည်းရောင်ဝမ်းတွေ အများကြီးသွားနိုင်ပါတယ်။ ၁ပတ်ထက်ကျော်လို့ ဝမ်းက အမည်းရောင်ပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ သင့်ကလေး ကျန်းမာရေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါပြီ။ ။
  • ဝမ်းအမည်းရောင်ကို မိခင်နို့တိုက်နေတဲ့ကလေးမှာရော၊ နို့မှုန့်သောက်နေတဲ့ကလေးမှာရော တွေ့ရပါတယ်။
  • ဝမ်းက စေးကပ်နေတတ်ပြီး အချွဲတွေပါတဲ့ အပြင် ရေမြွာရည်နဲ့ အရေပြားဆဲလ်တွေပါလို့ သူ့ကို meconium (ငယ်ချေး) လို့လည်းခေါ်ကြပါတယ်။

ဝမ်းအစိမ်းရောင် ။ ။

  • ဝမ်းအမည်းရောင်သွားပြီးနောက်ပိုင်းမှာ ဝမ်းအစိမ်းရောင်တွေ လိုက်လာတတ်ပါတယ်။
  • နို့ဘူးသောက်တဲ့ ကလေးတွေမှာ အတွေ့များပြီး ပုံမှန်ဖြစ်နေကျပါ။

အဝါရောင်ဝမ်း ။ ။

  • မိခင်နို့သောက်နေတဲ့ ကလေးတွေမှာ ပုံမှန်သွားနေကျ ဝမ်းအရောင်ပါ။ ကလေး ဝမ်းအရောင် အဝါရောင်ကို ပြောင်းသွားပြီဆိုရင် သင့်ကလေး သောက်နေတာ နို့ဦးရည်တွေ မဟုတ်တော့တဲ့ မိခင်နို့ကို သောက်နေရပြီ ဖြစ်ကြောင်းပြောတာပါ။
  • ပျစ်ချွဲချွဲဖြစ်နေတတ်ပြီး ရံဖန်ရံခါ အရည်လိုမျိုးဖြစ်နေတတ်လို့ ကလေးဝမ်းလျှောတာနဲ့တောင် မှားတတ်ကြပါတယ်။ ဝမ်းပျက်နေတာလား ပုံမှန်ပဲလား သိချင်ရင် ဝမ်းအနံ့နဲ့ ပြန်ခွဲလို့ရပါတယ်။

အနီရောင်ဝမ်း ။ ။

  • ကလေးဝမ်းက အနီရောင်ဆိုရင် သိပ်လည်းလန့်မသွားပါနဲ့ဦး။ မေမေစားတဲ့ အစားအသောက်တွေထဲမှာ အနီရောင်တွေပါသွားရင် ကလေးဆီကို ရောက်ပြီး ဝမ်းက အနီရောင်ဖြစ်နေတတ်ပါတယ်။ ( ဥပမာ သကြားမုန်လာ၊ နဂါးမောက်သီးတို့လို အရောင်ရင့်တာမျိုးတွေစားထားတဲ့ အခါမှာပေါ့)
  • အရောင်ရင့်တဲ့အစားအစာတွေ စားမထားဘူးဆိုရင်တော့ သင့်ကလေးသွားတဲ့ အနီရောင်ဝမ်းဟာ နို့နဲ့ ဓာတ်မတည့်တာ ( ဒါမှမဟုတ်) စအိုဝကွဲတာကြောင့် သွေးနဲ့ ဝမ်းရောသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးဆရာဝန်နဲ့ တိုင်ပင်ကြည့်တာပါပဲ။

ဝမ်းအဖြူရောင်။ ။

  • ဝမ်းအရောင် ဖြူနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အစာခြေစနစ်ကို ကူညီပေးတဲ့ သည်းခြေရည်တွေ သင့်ကလေးဆီမှာ အလုံအလောက်မထွက်သေးဘူးဆိုတာကို ပြောချင်တာပါ။ ဥပမာ သည်းခြေပြွန် ပိတ်တာမျိုးပေါ့။
  • ကလေးဝမ်းက အဖြူရောင်တွေသွားနေပြီဆိုရင် စိုးရိမ်ရတဲ့အတွက် ကလေးဆရာဝန်ဆီ အမြန်ဆုံးသွားပြစေချင်ပါတယ်။

ဘယ်လို ဝမ်းတွေ သင့်ကလေးသွားနေပြီဆို ဆရာဝန် ဆီ သွားပြဖို့လိုအပ်လဲ ။ ။

  • ကလေးဝမ်းက အရည်တွေပဲသွားနေပြီး အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေဖြစ်နေမယ်ဆို အူလမ်းကြောင်းကို ပိုးဝင်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ အမြန်ဆုံးသွားပြဖိုလိုပါတယ်။ ပေါ့ပေါဆဆ နေလိုက်မိတယ်ဆိုရင် ဝမ်းအသွားများပြီး ကလေးမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်သွားနိုင်လို့ပါ။
  • ကျောက်စရစ်ခဲလိုမျိုး ဝမ်းမာမာလေးတွေ တစ်လုံးချင်း သင့်ကလေးသွားနေပြီဆိုရင် ဒါ ဝမ်းချုပ်တာဖြစ်နေနိုင်ပါတယ်။ ဖြည့်စွက်စာ စစားတဲ့အချိန်မှာ အသီးအရွက်သိပ်မစားတဲ့ ကလေးတွေဆို ဝမ်းချုပ်တတ်ကြပါတယ်၊ ဝမ်းချုပ်တာများသွားရင်လည်း စအိုကွဲတာ၊ လိပ်ခေါင်းထွက်လာတာမျိုးတွေ ဆက်ဖြစ်နိုင်တဲ့အတွက် ကလေးဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ ကျွေးစေချင်ပါတယ်။ အသီးအရွက်တွေကျွေးတာတောင် ကလေးက ဆက်ဝမ်းချုပ်နေတုန်းဆိုရင် ကလေးဆရာဝန်ဆီသွားပြီးမှ ကလေးသောက်သင့်တဲ့ ဝမ်းနှုတ်ဆေးကို တိုက်ပါ။
  • ကလေးဝမ်းထဲသွေးပါနေပြီဆိုရင် ကလေးကဝမ်းချုပ်တတ်တဲ့သူဆို လိပ်ခေါင်းကို အရင်စဉ်းစားပါ။ ဝမ်းကလည်း လျှောတယ်၊ ဝမ်းထဲသွေးလည်းပါတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးဝမ်းကပုံမှန်ပဲ။ ဒါပေမယ့် သွေးရောင်လိုမျိုး နီနီလေးတွေ ပါနေတယ်ဆိုရင် နို့နဲ့ ဓာတ်မတည့်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ အနီရောင်အစားအစာတွေ ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေသေချာသိဖို့ ကလေးဆရာဝန်တွေကသာ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်မှာပါ။ ။

ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။

ရေးသားသူ− Dr Thin Yadanar @ Frances

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.unitypoint.org/blankchildrens/article.aspx?id=40567710-74c7-4ef2-a040-847be9fbd35a Accessed date 24.12.2018

https://www.healthline.com/health/parenting/baby-poop-color#chartAccessed date 24.12.2018

https://www.parents.com/baby/diapers/dirty/baby-poop-guide/Accessed date 24.12.2018

ယခုပုံစံ

18/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း)

ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement