backup og meta

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ

အရွယ်ရောက်လာတာနဲ့အမျှ ရင်ဆိုင်ရတဲ့ အခြေအနေတွေကလည်း ကလေးဘဝကထက် ခက်ခဲလာပါတယ်။ ကလေးတုန်းက ဘယ်လိုနေနေ သင့်တော်ပေမယ့် အရွယ်ရောက်လာရင် အနေအထိုင်ကတော်တော်လေးဂရုစိုက်ရပါတယ်။ ဘယ်လိုနေနေ ဖေဖေမေမေတို့မျက်စိထဲမှ အမြင်မတော်တာတွေ ကြုံတဲ့အခါများဆိုရင် အလိုလိုနေရင်းကို စိတ်ညစ်နေရရောနော်။ ဒီမှာတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ဘယ်လိုပြဿနာမျိုးတွေကို ရင်ဆိုင်ရနိုင်မလဲဆိုတာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ပြောပြပေးထားပါတယ်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ

အရွယ်ရောက်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ ခံစားရပါတယ်။

  • ကလေးဘဝက မြင်တွေ့ခဲ့ရတဲ့ ကိုယ်ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပြီ။ အရင်က အင်္ကျီပဲကောက်စွပ်လိုက်ရင် အဆင်ပြေနေပြီကို အတွင်းခံထပ်တိုးဝတ်ရတာက စိတ်ညစ်စရာဖြစ်လာပြီ။
  • ရင်သားတွေ စတင်ဖွံ့ဖြိုးလာသလို ခန္ဓာကိုယ်က မိန်းကလေးတစ်ယောက်လို့ ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီ။ အစ်ကိုတွေ၊မောင်တွေနဲ့ ကစားရတာကအရင်လောက် ယုံကြည်မှု မရှိတော့ဘူး။ ဘောလုံးကန်ရတာ ကြိုက်ပေမယ့်တောင် ယောက်ျားလေးတွေနဲ့ ရောကစားရတာ တစ်မျိုးဖြစ်လို့ သိပ်မကစားဖြစ်တော့ဘူး။
  • သူငယ်ချင်းချင်းကြားမှာလည်း ဆက်ဆံရတာ တစ်မျိုးတွေ ဖြစ်လာတယ်။ စကားအမှားမခံတာက သူတို့ရော၊ ကိုယ်တိုင်မှာရော ဖြစ်နေတဲ့ပြဿနာဖြစ်လာတယ်။
  • စိတ်တည်ငြိမ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း သိပ်မကောင်းတော့သလိုပဲ။ ဘာတွေကို စိတ်ရှုပ်နေမှန်း မသိဖြစ်နေတယ်။
  • လည်ပင်းဖက်ပေါင်းလာတဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ဆက်ဆံရတာ အရင်လောက် အဆင်မပြေချင်တော့ဘူး။ ရှက်သလို ကြောက်သလိုဖြစ်လာတယ်။
  • ခန္ဓာကိုယ်ရဲ့ အချို့နေရာတွေမှာ အမွေးအမျှင်တွေ ထွက်လာတယ်။
  • ချွေးထွက်ရင် ကိုယ်နံ့ပြင်းလာတယ်။
  • အသားအရေပြောင်းလဲမှုတွေဖြစ်လာတယ်။
  • ဝက်ခြံတွေ ပေါက်လာတယ်။
  • ခန္ဓာကိုယ် ပင်ပန်းနုံးချိနေတာမျိုးတွေ ခံစားလာရတယ်။
  • မိန်းမကိုယ်ကနေ အကျိအချွဲလေးတွေ စဆင်းလာပြီ။
  • ရာသီသွေးစပေါ်ပြီ။ လစဉ် ပြဿနာကြောင့် စိတ်ညစ်ရတဲ့ အချိန်တွေကို စကြုံရပြီလေ။

ဒါတွေက တကယ်တော့လည်း စိတ်ညစ်စရာမဟုတ်ပါဘူး။ အရွယ်ရောက်လာတာ နဲ့အညီပြောင်းလဲလာတဲ့ ခန္ဓါကိုယ်ရဲ့ပြောင်းလဲဖွံ့ဖြိုးမှုတွေပါ။ အချို့သောအရာတွေက လက်မခံချင်ရင်တောင် သူ့အလိုလိုရောက်လာမှာဆိုတော့ ကိုယ်ဘက်ကလုပ်နိုင်မှာက ဒီအခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်ဖို့ပါ။

ဘယ်လိုဖြေရှင်းမလဲ

အရင်ဆုံးက ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင် ရှောင်လွှဲလို့ မရဘူး ဆိုတာကို အရင်ဆုံး လက်ခံဖို့ လိုပါမယ်။ မဖြစ်မနေ လက်ခံရမယ့် ကိစ္စကို အကောင်းဆုံးကျော်လွှားဖို့က အတွေ့အကြုံရှိသူတွေထံကနေ အကူအညီ ရယူဖို့ လိုပါမယ်။ ကိုယ့်မှာ အစ်မ မရှိဘူးဆိုရင်တောင်မှ အကောင်းဆုံး တိုင်ပင်ဖော်ဖြစ်တဲ့ မေမေရှိနေသေးတယ် ဆိုတာကို သတိရပါ။ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကောင်းဆုံး တိုင်ပင်ဖော်ဖြစ်တဲ့ မေမေ့ကို တစ်နေ့တာမှာ ခံစားရသမျှကို ရင်ဖွင့်တိုင်ပင်လို့ အကောင်းဆုံး အကြံဉာဏ်တွေ ရယူတာကနေစပါ။

  • ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်နဲ့ သင့်တော်မယ့် အဝတ်အစားအတွက်ကမေမေဆင်ပေးသမျှကို ဝတ်လိုက်ပါ။
  • ခန္ဓာကိုယ်မှာ ပေါက်လာတဲ့ အမွေးအမျှင်တွေအတွက် ဖယ်ရှားဖို့ အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကိုရွေးချယ်ပါ။
  • အနံ့အသက်ဆိုး အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ပိုဂရုစိုက်လို့ လိုအပ်မယ့် အသုံးအဆောင်တွေကို အသုံးပြုဖို့ လုပ်ပါ။
  • ရာသီလာတာကို ဖြေရှင်းဖို့အတွက်ကတော့ လစဉ်သုံးပစ္စည်း အသုံးပြုနည်းကို မေမေ့ဆီကနေ သင်ယူပါ။
  • မိန်းကလေးတွေရဲ့ ဓမ္မတာ စတင်ဖြစ်ပေါ်ခြင်းနဲ့ အရွယ်ရောက်လာတာနဲ့အမျှ အားအင်ကုန်ခမ်းတာတွေ အားနည်းတာတွေ ခံစားရတာအတွက် ဒီကာလမှာ အာဟာရပြည့်ဝအောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ပရိုတင်း၊ဗီတာမင်၊ သတ္တုဓာတ်တွေပြည့်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။
  • အသားအရေပြောင်းလဲမှု နဲ့ ဝက်ခြံအတွက်ကတော့ လိုအပ်တဲ့ အသားအရေ ထိန်းသိမ်းမှုကို လုပ်ဆောင်ဖို့ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လှပကြော့ရှင်းတဲ့ အသွင်အပြင်တစ်ခုဆီကို ယုံကြည်မှုရှိရှိနဲ့ပြောင်းလဲနိုင်စေဖို့အတွက် အခုပြောခဲ့တဲ့ အချက်လေးတွေက အသုံးဝင်မှာပါ။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း ကျော်လွှားလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

Parenting children through pubertyhttps://www.betterhealth.vic.gov.au/health/healthyliving/Parenting-children-through-puberty

Accessed Date 17 May 2019

Short Children and Normal Growthhttps://www.verywellfamily.com/the-short-child-2633629

Accessed Date 17 May 2019

Puberty – boy changes, girl changeshttp://www.cyh.com/HealthTopics/HealthTopicDetailsKids.aspx?p=335&np=289&id=1774

Accessed Date 17 May 2019

ယခုပုံစံ

16/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ

ဆယ်ကျော်သက်တို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော သွားရည်စာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement