backup og meta

ဆယ်ကျော်သက်တို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော သွားရည်စာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော သွားရည်စာများ

    သွားရည်စာတွေကို မှားယွင်းစွာ ရွေးချယ် စားသောက်မိတဲ့အခါ မလိုလားအပ်တဲ့ကယ်လိုရီတွေကို ရရှိစေနိုင်ပြီး ထမင်းစားချိန်တစ်ဝိုက်တွေမှာ ကလေးတွေကို ပိုပြီးဆာလောင်စေပါတယ်။

    အာဟာရဓါတ် နည်းနည်းပဲပါဝင်တဲ့ သွားရည်စာတွေကို စားသောက်ခြင်းက ဆယ်ကျော်သက်တွေကို ပိုပြီးဉာဏ်ကောင်းလာစေတာတို့ ပိုပြီးသန်မာလာစေတာတို့ ဘာမှဖြစ်လာစေမှာမဟုတ်ပါဘူး။

    အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ညီတဲ့ သွားရည်စာတွေကို ရွေးချယ်စားသောက်တာက ဗိုက်ပြည့်စေပြီး ကလေးတွေအတွက် ကယ်လိုရီမများဘဲ အာဟာရပြည့်စေမှာပါ။

    သွားရည်စာတွေနဲ့ ဆယ်ကျော်သက်တို့ရဲ့ အလေးချိန်

    ဆယ်ကျော်သက်တွေစားတတ်တဲ့ သွားရည်စာတွေထဲမှာတော့ အာလူးကြော်၊ အချိုရည်၊ ကွတ်ကီးတွေ၊ ချိုချဉ်ချောင်းတွေ၊ ပီဇာ၊ ဘာဂါနဲ့ အာလူးချောင်းကြော်တွေ၊ ရေခဲမုန့်တွေ ပါဝင်တတ်ပါတယ်။

    ဒီသွားရည်စာတွေအားလုံးမှာ ကယ်လိုရီမြင့်မားစွာပါဝင်ပြီး အလေးချိန်ကို ပိုတိုးလာစေပါတယ်။ ဆယ်ကျော်သက်တွေဟာ သူတို့အလေးချိန်တက်လာတာကို သတိပြုမိတဲ့အခါ ဘာလုပ်မယ်ထင်ပါသလဲ။ အများစုကတော့ သွားရည်စာစားတာကို ရပ်တန့်လိုက်ပြီး နာရီအတော်ကြာ ဘာမှမစားဘဲ နေလိုက်ကြတော့တာပါပဲ။

    ပြဿနာက ဆယ်ကျော်သက်တွေဟာ သူတို့ဖာသာ မစားဘဲ ၅နာရီက ၆နာရီလောက်ထိနေပြီးတဲ့အခါ တကယ်တမ်းစားတဲ့အချိန်မှာ ပိုပြီး စားမိကြတာပါပဲ။ ကျွန်တော်တို့ဟာ အနပ်သေးကလေးတွေကို ၃နာရီကနေ ၄နာရီကြာတိုင်း တစ်ခါ စားပေးသင့်ပါတယ်လို့ ယုံကြည်ကြပါတယ်။ (တစ်ရက်ကို အနပ်ကြီး ၃နပ်စားနေမယ့်အစားပေါ့) ဒါဟာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ကို ပိုပြီးတည်ငြိမ်စေပါတယ်။

    ကျွန်တော်တို့ရဲ့ ဦးနှောက်ကိုလည်း ဂလူးကို့စ်ပမာဏ ပုံမှန်ထောက်ပံ့ပေးနိုင်ပြီး စိတ်ခံစားမှုမကြာခဏပြောင်းလဲတတ်တာတွေနဲ့ ဒေါသထွက်လွယ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ အလွန်အကျွံစားမိနိုင်ချေတွေကို လျှော့ချပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။

    သွားရည်စာစားခြင်းရဲ့ သတင်းကောင်းနဲ့ သတင်းဆိုးများ

    သတင်းကောင်း

    ဆယ်ကျော်သက်တွေအတွက် ပုံမှန်အလေးချိန်အတိုင်းကျန်အောင် (ပိုပြီးဉာဏ်ကောင်းသန်မာလာအောင်)ကတော့ ခြိုးခြံစားသောက်နေတာကို သူတို့ကိုယ်တိုင် ရပ်ပစ်နိုင်မှ ဖြစ်မှာပါ။ စားသောက်ချိန်တွေကြားထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သွားရည်စာတွေကို စားသုံးပါ။

    ဒီလိုစားသုံးခြင်းက ဆယ်ကျော်သက်တွေရဲ့ ခန္ဓါကိုယ်ကို လောင်စာခမ်းစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဗိုက်အရမ်းဆာပြီး တဂွီဂွီမြည်နေပြီဆိုရင်တော့ ညနေစာစားချိန်မှာ ဘာစားရမလဲဆိုတာကို ဆင်ဆင်ခြင်ခြင်ရွေးချယ်စားသုံးနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။

    သတင်းဆိုး

    တကယ်လို့ ဆယ်ကျော်သက်တွေရဲ့ သွားရည်စာစားချိန်တွေမှာ ရွေးချယ်စရာတွေ သိပ်မရှိတာမျိုး ဒါမှမဟုတ် ကယ်လိုရီတွေအများကြီးစားမိတာမျိုးတွေဖြစ်မယ်ဆိုရင်တော့ အလေးချိန်တိုးလာနိုင်ချေ များပါတယ်။

    တကယ်လို့ သူတို့ရဲ့ သွားရည်စာရွေးချယ်မှုတွေဟာ အဲ့ဒီအချိန်မှာ သူတို့ခံစားမှုပေါ်လိုက်ပြီး ရွေးချယ်ခဲ့မယ်ဆိုရင်ဒါမှမဟုတ် vending machine ထဲမှာ အာဟာရပြည့်တဲ့ သွားရည်စာ ရွေးချယ်စရာတွေမရှိခဲ့ဘူးဆိုရင် လိုတာထက်ပိုစားမိမှာတွေ၊ အရေးကြီးတဲ့ အာဟာရဓါတ်တွေ မရရှိနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာ အစီအစဉ်ဆွဲပြီး စားသင့်ပါတယ်။

    ဘယ်အစားအစာတွေက အကောင်းဆုံးလဲ။

    အကောင်းဆုံး သွားရည်စာတွေမှာ ရှုပ်ထွေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (complex carbohydrates)၊ အဆီနည်းနို့ထွက်ပစ္စည်းတွေ နဲ့ အဆီနည်း ပရိုတိန်းတွေပါဝင်ပါတယ်။

    ရှုပ်ထွေးတဲ့ ကာဗိုဟိုက်ဒရိတ်များ : အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ လုံးတီးအနှံ၊ ပဲ(beans) ၊ ပဲအမျိုးမျိုး (Legumes)၊ ပဲနှစ် (Hummus)၊ edamame လို့ခေါ်တဲ့ ဂျပန်ပဲပုပ်ပေါင်း စတာတွေမှာ ပါဝင်ပါတယ်။

    အဆီနည်း နို့ထွက်ပစ္စည်းများ : အဆီနည်းနို့၊ ဒိန်ချဉ်၊ ချိစ်၊ cottage cheese စတာတွေကို ရွေးချယ်နိုင်ပါတယ်။

    အဆီနည်း ပရိုတိန်း : အဆီထုတ်ကြက်သား၊ ကြက်ဆင်သား သို့မဟုတ် ငါး စတာတွေကို ရွေးချယ်နိုင်ပါတယ်။

    ဘယ်အစားအစာတွေကို သတိထားသင့်သလဲ။

    ပြန်လည်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်စားစရာတွေ (refined carbohydrates foods) မှာ သကြားဓါတ်တွေမြင့်မားစွာပါဝင်တတ်တာကြောင့် ဒါတွေနဲ့ ဂျုံဖြူတွေကို ဝေးဝေးရှောင်ပါ။

    အာလူးဖြူ (အာလူးပြား)၊ အချို၊ ချိုချဉ်၊ သကြားပါတဲ့သောက်စရာတွေနဲ့ အချိုအချဉ်တွေ(Pastries)တွေကို လုံးဝရှောင်ပါ။ ဒီအစားအစာတွေဟာ ဆယ်ကျော်သက်တွေရဲ့ သွေးတွင်းသကြားဓါတ်ကို ရုတ်တရက်ပြောင်းလဲစေတာမျိုး (အတက်အကျမြန်တာမျိုး) ဖြစ်စေတတ်ပြီး ကျသွားပြီဆိုတာနဲ့ ချက်ချင်းဗိုက်ပြန်ဆာလာတာမျိုး ဖြစ်စေတတ်ပါတယ်။

    ဒါ့အပြင် ဈေးကြီးတဲ့ “Power bars” တွေကိုလည်းရှောင်ပါ။ ကျွန်တော်တို့တွေက တံဆိပ်တွေ အခွံတွေမှာ ကြည့်လိုက်မယ်ဆိုရင် ပရိုတိန်းဘားတွေ၊ energy barတွေ၊ sport barတွေနဲ့ အချို့သော အသွင်ပြောင်း ချိုချဉ်ချောင်းတွေ (ဗီတာမင်အနည်းငယ်ပါဝင်တာမျိုး)၊ ဒီလို Power bars အများစုမှာ ကယ်လိုရီ လယ်ဗယ်မြင့်မားစွာ ပါဝင်နေတာမျိုးကို တွေ့ရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement