home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေး ရေချိုးဆပ်ပြာများ နှင့် ဓာတုအန္တရာယ်

ကလေး ရေချိုးဆပ်ပြာများ နှင့် ဓာတုအန္တရာယ်

ကိုယ့်ရဲ့သားသားမီးမီးလေးတွေအတွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ် ကလေး အသုံးအဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ ဘာတွေထည့်ပြီးစဉ်းစားဖြစ်လဲ။ ကျသင့်မယ့်ဈေးနှုန်းလား၊ ဘရန်းဖြစ်မဖြစ်လား၊ လှတပတလေးတွေလား။ ဒါတွေထက်ပိုပြီး အရေးကြီးတဲ့အချက်က နုနယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်ဘေဘီလေးအတွက် ဘေးအန္တရာယ်ကင်းပြီး အဆင်ပြေစေမယ့်အသုံးအဆောင်ပစ္စည်းတွေဖြစ်ဖို့ပါပဲ။

အရေပြားနုနုလေးပေါ်မှာ အသုံးပြုမယ့်ပစ္စည်းတွေဆို သက်ရောက်မှုကပိုသိသာတာပေါ့။ ဓါတ်မတည့်ခြင်းဖြစ်လွယ်တာက ကလေးတွေမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်နေတာကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ရေချိုးဆပ်ပြာအပါအဝင် ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ တကိုယ်ရေသုံးပစ္စည်းတွေကိုဝယ်ယူရာမှာ ဒီအချက်လေးတွေ မေမေတို့ သတိထားဖို့လိုတယ်နော်။

ဘာတွေပါဝင်လဲသိရအောင် Label ကိုသေချာဖတ်ပါ။

ကလေးအသားအရေသုံးပစ္စည်းတွေမှာ အရောင်ဆိုးဆေး၊ရေမွှေးနံ့နဲ့ ဓါတုပစ္စည်းတွေပါနေခဲ့ရင်ပြဿနာရှိပါတယ်။

phthalate နဲ့ paraben မပါတဲ့ကုန်ပစ္စည်းတွေကိုရွေးပါ။

အဲဒီဓါတုပစ္စည်းတွေက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ကလေး ရေချိုးဆပ်ပြာက အပျော့စားပဲဖြစ်ပါစေ။

အဆိပ်အတောက်ကင်း၊ ဓါတုအပြင်းစားတွေကင်းတဲ့ အပျော့စားဆပ်ပြာပဲဖြစ်ရပါမယ်။

အသားအရေချောမွေ့စေတဲ့ ဆပ်ပြာတွေကို ရှောင်ပါ။

ကလေးရဲ့အသားအရေကို လူကြီးသုံးဆပ်ပြာတွေ မသုံးမိပါစေနဲ့။ အသားအရေချောမွေ့သန့်စင်စေနိုင်တဲ့ဆပ်ပြာဆိုတာ ဓါတုပစ္စည်းတွေပိုပါတတ်လို့ ကလေးအသားအရေအတွက် မသင့်တော်ပါဘူး။

အမွှေးနံ့တွေပါဝင်တာလည်း မကောင်းပါဘူး။

ရနံ့မွှေးကြိုင်နေတဲ့ကလေးရေချိုးဆပ်ပြာတွေမှာ ကလေးအသားအရေကို မကောင်းတဲ့ဓါတ်ပြုပြောင်းလဲမှုတွေရှိလာစေနိုင်တဲ့ အပြင်းစားဓါတုပစ္စည်းတွေပါနေနိုင်တဲ့အတွက်ကြောင့်ပါ။ အနံ့မွှေးမွှေးလေးမှ ကလေးကကြိုက်တယ်ဆိုတိုင်း အလိုမလိုက်ကြပါနဲ့။

Hypoallergenic ဖြစ်တဲ့ဆပ်ပြာကို ရွေးပါ။

ကလေးရဲ့အသားအရေက ဓါတ်မတည့်ဖြစ်လွယ်တတ်ရင်၊ခြာက်သွေ့တတ်ရင်၊ အရေပြားပြဿနာတစ်ခုခုရှိရင် အသားအရေမရွေးသုံးနိုင်တဲ့ hypoallergenic အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။

ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

Sodium Lauryl Sulfate (SLS) –အာရုံကြောပစ္စည်းတွေကိုပျက်စီးစေတဲ့ neurotoxin တစ်မျိုးဖြစ်ပြီး အသားအရေနဲ့မျက်စိကိုထိခိုက်စေတဲ့အပြင် ကင်ဆာအထိပါဖြစ်စေနိုင်ပါတယ်။

Dioxane –ရင်သားကင်ဆာဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေကတွေ့ရှိထားတဲ့ ဓါတုပစ္စည်းပါ။

Diethanolamine (DEA) – ဒီပါဝင်ပစ္စည်းက ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ ကိုလင်းဓါတ် စုပ်ယူနိုင်စွမ်းကို ဟန့်တားတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ကလေးအတွက်ဆို ပိုအန္တရာယ်ကြီးပါတယ်။

Propylene Glycol –ဒီပစ္စည်းက အသည်းရဲ့လုပ်ဆောင်ချက်ကိုမူမမှန်ဖြစ်စေပြီးကျောက်ကပ်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။