backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးကို တစ်ကိုယ်ရည်သန့်ရှင်းစေရန်နည်းလမ်းတွေ ဘယ်လိုသင်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးကို တစ်ကိုယ်ရည်သန့်ရှင်းစေရန်နည်းလမ်းတွေ ဘယ်လိုသင်ပေးမလဲ

ကလေးများကျန်းမာစေရေးနှင့် ရောဂါပိုးမွှားများကင်းရှင်းစေ ရန်တစ်ကိုယ်ရည်သန့်ရှင်းရေးသည်အလွန်အရေးပါပါတယ်။ ကလေးငယ်များသည်သန့်ရှင်းရေးနှင့်ပတ်သက်၍ဗဟုသုတ များမရှိခြင်းကြောင့်မိဘများက ကလေးများကိုငယ်စဉ်ကပင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်သင်ကြားပေးသင့်ပါ တယ်။

၁။ လက်ဆေးခြင်း

လက်ဆေးခြင်းသည်ရောဂါပိုးမွှားများပျံ့ပွားခြင်းကိုထိရောက် စွာကာကွယ်နိုင်သောကြောင့်အရေးကြီးပါတယ်။ ဒါကြောင့် ကလေးများအား ကစားပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အစာမ စားမီနှင့် စားပြီးချိန်တွင်လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်၂၀ခန့်ဆေးခိုင်းပါ။

ဆပ်ပြာနှင့်ရေမရလျှင် အရက်ပြန် ပါဝင်သောရေမလိုသည့်hand sanitizerကိုသုံးနိုင်ပါတယ်။ သို့သော်လည်းhand sanitizerသည် ရောဂါပိုးမွှားများအား လုံးကိုမဖယ်ရှားနိုင်ဘဲ လက်ညစ်ပေသောအခါမျိုးတွင်လည်း ဆပ်ပြာ၊ရေနှင့်ဆေးခြင်းလောက်မထိရောက်ပါဘူး။

ကလေး များကိုလက်သည်းကြားရှိအညစ်အကြေးများကိုသေချာစွာ ဆေးကြောရန်၊ လက်ကိုအနည်းဆုံးစက္ကန့်၂၀ဆေးကြောရန် သတိပေးပါ။

၂။ သွားကျန်းမာသန့်ရှင်းရေး

ကလေးများကိုသွားတိုက်ခြင်း၊ သွားကြားထဲရှိအညစ်အ ကြေးများကိုဖယ်ရှားခြင်းအလေ့အထကိုသင်ပေးသင့်ပါ တယ်။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးငယ်များပျော်ရွှင်နိုင်ပါ တယ်။ တခါတရံတွင်သူတို့ကြိုက်နှစ်သက်သောသွားပွတ်တံ၊ သွားတိုက်ဆေးများကလည်းကလေးများသွားမှန်မှန်တိုက်ရန် အထောက်အကူပြုနိုင်ပါတယ်။

၃။ နှာချေ၊ ချောင်းဆိုးစဉ်တွင်ပါးစပ်ကိုအုပ်၍ဆိုးရန်သင်ပြပါ။

နှာချေ၊ ချောင်းဆိုးခြင်းသည်ရောဂါပိုးမွှားများကိုလေထုထဲ သို့ပျံ့နှံ့စေနိုင်သောကြောင့် တစ်ရှူး သို့ အဝတ်စနှင့်ခံ၍ဆိုး သင့်ပြီး ချောင်းဆိုးပြီးလျှင်လက်ကိုဆေးကြောသင့်ပါတယ်။

၄။ ပုံမှန်ရေချိုးသောအလေ့အထပြုလုပ်ပါ။

ညနေခင်းရေချိုးခြင်းက ကလေးများကိုလန်းဆန်းစေနိုင်ပါ တယ်။ ရေချိုးစဉ်တွင်ရေပူပေါင်းများထအောင်ပြုလုပ်ခြင်းဖြင့် ကလေးငယ်များကိုပျော်ရွှင်စေနိုင်ပါတယ်။

၅။ မိဘများ၏တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ပုံကိုကလေး များကိုလေ့လာစေပါ။

ကလေးများကိုမိမိ၏မျက်နှာသစ်နည်း၊ ခေါင်းလျှော်နည်း၊ သွားတိုက်နည်းများကိုသင်ယူစေပါ။ ထိုသို့မြင်ရသောအခါ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပို၍လုပ်ချင်လာပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement