home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သောက်ပြီးသား ရေသန့်ဘူးခွံ ကို ရေပြန်ထည့်သောက်တာ မလုပ်သင့်ပါ

သောက်ပြီးသား ရေသန့်ဘူးခွံ ကို ရေပြန်ထည့်သောက်တာ မလုပ်သင့်ပါ

သောက်ပြီးသား ရေသန့်ဘူးခွံ ကို ရေပြန်ထည့်သောက်တာ မလုပ်သင့်ပါ

ရေသန့်ဘူး ဝယ်သောက်တယ်၊ အိမ်က လူကြီးတွေက ဘူးအကောင်းတွေမို့ နှမျောပြီးပြန်ဆေးပြီးသုံးတယ်။ရေကုန်သွားရင်ရေပြန်ဖြည့်ပြီးသောက်ရေဘူးအဖြစ်သုံးကြတယ်။သေချာဆေးကြောလိုက်ရင် ရပြီလို့ ထင်ကြတယ်။ တချို့နေရာတွေမှာဆိုရေသန့်ဘူးခွံတွေစုပြီးရေပြန်ဖြည့်၊ရေခဲရေရောင်းကြတယ်။ ဒါတွေအားလုံးက မလုပ်သင့်တဲ့အရာတွေပါ။

ပလတ်စတစ်ရေဘူးတွေအသုံးပြုတာ သိပ်ကိုများနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တဲ့အနေနဲ့ သုံးလို့ရသလောက်ပြန်လည်အသုံးပြု(recycle)လုပ်ဖို့ အကြံပြုထားကြပါတယ်။ ဒါပေမယ့်သောက်သုံးရေလို အရေးပါတဲ့အရာအတွက် ဒီလိုပြန်အသုံးပြုတဲ့အခါ ဘေးအန္တရာယ်ကင်း၊ မကင်းကို အရင်ဦးစားပေးဖို့ အရေးကြီးပါတယ်။

ဘာတွေဖြစ်လာနိုင်လဲ

ဘာတွေဖြစ်လာနိုင်လဲ

ဘက်တီးရီးယားပေါက်ဖွားမှု

ပလတ်စတစ်ရေဘူးတွေကို ဆပ်ပြာနဲ့ဆေးကြောကြပေမယ့် ထောင့်တွေ၊ အတွန့်တွေမှာဘက်တီးရီးယားတွေကပ်တွယ်ပေါက်ဖွားနိုင်ပါတယ်။ အပေါက်ကျဉ်းပြီးဆေးကြောလို့မလွယ်တဲ့ရေသန့်ဘူးတွေထဲမှာ မမြင်ရတဲ့ပိုးမွှားတွေပေါက်ဖွားနေမှာကြောက်စရာပါနော်။norovirus လိုကြောက်စရာဗိုင်းရပ်စ်တွေလည်းပြန့်ပွားနိုင်ပါသေးတယ်။ရေဘူးနှုတ်ခမ်းဝကို ထိတွေ့မိသမျှ( ကိုယ့်လက်၊ ပါးစပ်နဲ့ ဖုန်မှုန့်တွေကနေ ဘက်တီးရီးယားတွေကပ်ကျန်ရစ်ခဲ့တာများပါတယ်။

ကွဲအက်မှု

တစ်ခါသုံးအတွက်ရည်ရွယ်တဲ့ ပလတ်စတစ်ပစ္စည်းတွေကိုပြန်လည်သုံးတဲ့အခါ အက်ရာသေးသေးလေးတွေဖြစ်လာတတ်တယ်။ အဲဒီအက်ရာလေးတွေထဲမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေပေါက်ဖွားလာနိုင်ပြီးဆေးကြောလိုက်တဲ့အခါလည်း သူတို့ကိုဖယ်ရှားဖို့မလွယ်ပါဘူး။

ဓါတုပစ္စည်း ယိုစိမ့်မှု

ဓါတုပစ္စည်း ယိုစိမ့်မှု

ပလတ်စတစ်ရေဘူးတွေကိုပြန်သုံးတဲ့အခါရေထဲကို ဓါတုပစ္စည်းတွေစိမ့်ထွက်တာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် polyethylene terephthalate (PET) နဲ့ ထုတ်လုပ်တဲ့ ရေဘူးအပါအဝင် ပလတ်စတစ်ဘူးတွေ၊ ခွက်တွေကို အခါခါသုံးလို့ဘေးကင်းပါတယ်လို့ ကျန်းမာရေးပညာရှင်တွေကပြောကြပါတယ်။ ဒါပေမယ့် ကိုယ်သောက်နေတဲ့ဘူးက PET ပါလို့သေချာရဲ့လားဆိုတဲ့အချက်က အဓိကကျနေပါတယ်။

ဒါ့ကြောင့်ရေသန့်ဘူးတွေကို တစ်ကြိမ်၊ နှစ်ကြိမ်ထက်ကျော်ပြီး သောက်ရေဘူးအဖြစ် ပြန်လည်အသုံးပြုတာမျိုး ရက်ပေါင်းတာရှည်မသုံးသင့်ပါဘူး။ ဘယ်လောက်ပဲဆေးကြောထားတယ်ပြောပြော အတွင်းမှာ ပိုးမွှားကပ်နေနိုင်တယ်၊ ပွန်းရာအက်ရာလေးတွေမှာဆေးကြောမရအောင် ဘက်တီးရီးယားတွေကပ်ကျန်နေနိုင်တယ်၊ ဆပ်ပြာတွေလည်းကပ်ကျန်နိုင်တယ်။ သုံးတာကြာလာတဲ့ ဒါမှမဟုတ် မသောက်ဘဲထားမိတဲ့ရေဘူးတွေမှာ မှိုနံ့လိုလို အနံ့တွေဖြစ်လာတာ၊ ချွဲတာတွေတွေ့ဖူးတယ်မလား။

ထပ်ပြီး သတိပေးချင်တာက ရသန့်ဘူးဟာရေဘူးမဟုတ်ပါ။ ကြာရှည်စွဲသုံးသင့်တဲ့ ဘူးခွံမဟုတ်ပါဘူး။ ကမ္ဘာအနှံ့မှာပြောကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် ပြန်လည်အသုံးချကြပါ (reuse )ဆိုတဲ့ အချက်ကသောက်ရေဘူးအဖြစ် သုံးဖို့မဟုတ်ပါဘူး။ ဥပမာ ဆပ်ပြာရည်ထည့်တာမျိုး၊ တခြားပစ္စည်းတွေထည့်ဖို့ တနည်းနည်းနဲ့ပြန်အသုံးချဖို့ရည်ရွယ်တာပါ။ ကိုယ့်ဗိုက်ထဲကိုရောက်မယ့်သောက်သုံးရေဟာ အတတ်နိုင်ဆုံး သန့်ရှင်းလတ်ဆတ်နေပြီး ညစ်ညမ်းမှုကင်းစင်နေသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 15/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။