အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Frozen Shoulder (ပခုံးခိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Frozen Shoulder (ပခုံးခိုင်ခြင်း) ကဘာလဲ။ ပခုံးခိုင်ခြင်းဆိုသည်မှာ သင်၏ပခုံးသည်နာကျင်နေခြင်း၊မာတောင့်သွားခြင်းနှင့်နဂိုအတိုင်းမလှုပ်ရှားနိုင်ခြင်းတို့ဖြစ်ပေါ်နေခြင်းကိုဆိုလိုသည်။ ပခုံးအားထိခိုက်ဒဏ်ရာရခြင်း(သို့)အလွန်အကျွံအသုံးပြုခြင်း(သို့)ဆီးချို၊လေဖြတ်စသောရောဂါများကြောင့်လည်းဖြစ်ပွားတတ်သည်။ ပခုံးဆစ်နားရှိတစ်ရှူးများသည် မာကျောလာကာအမာရွတ်တစ်ရှူးများဖြစ်ပေါ်လာပြီးပခုံးအားလှုပ်ရှားမှုသည် ခက်ခဲနာကျင်လာတတ်သည်။ အများအားဖြင့် ထိုကဲ့သို့ဖြည်းဖြည်းသာဖြစ်လေ့ရှိပြီး တစ်နှစ်(သို့)ထို့ထက်ပိုသောနှစ်များအတွင်း တဖြည်းဖြည်းသက်သာသွားလေ့ရှိသည်။ Frozen Shoulder (ပခုံးခိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFrozen Shoulder (ပခုံးခိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပခုံးခိုင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာ ကတော့ တောက်လျှောက်နာကျင် တောင့်ခဲနေသော ပခုံးဆစ်ပင်ဖြစ်သည်။ ထိုလက္ခဏာများသည် ဖြည်းဖြည်းချင်းသာဖြစ်ပေါ်လာတတ်သည်။ အများအားဖြင့် အဆင့်သုံးဆင့်တွင် လက္ခဏာများသည် တဖြည်းဖြည်းပိုဆိုးလာတတ်ပြီး 2နှစ်အတွင်း ပျောက်ကင်းသွားတတ်သည်။ ပခုံးခိုင်ခြင်းသည်အဆင့်သုံးဆင့်တွင် ဖြည်းဖြည်းချင်းဖြစ်ပေါ်တတ်သည်။ အဆင့်တခုသည် လအနည်းငယ်ကြာမြင့်တတ်သည်။ Freezing အဆင့် – ပခုံး၏လှုပ်ရှားမှုတိုင်းသည် နာကျင်စေပြီး လှုပ်ရှားနိုင်သည့် အတိုင်းအတာပမာဏမှာ နည်းပါးလာတတ်သည်။ Frozen အဆင့် – နာကျင်မှုသည်ယခုအဆင့်တွင် စတင်နည်းပါးလာသော်လည်း သင်၏ ပခုံးသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Bone Spurs (အရိုးများငေါထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone Spurs (အရိုးများငေါထွက်ခြင်း) ကဘာလဲ။ အရိုးများငေါခြင်းဆိုသည်မှာ အချို့သောချွန်ထက်သည့်အရိုးများသည် အရိုးမှ ငေါထွက်နေခြင်းကိုခေါ်သည်။ အရိုးငေါခြင်းအများစုမှာ ရောဂါလက္ခဏာမပြတတ်ပဲ အက်ဆီးဒင့်တခုခု ဖြစ်မှသိသည်အထိ သတိမထားမိပဲရှိနေတတ်သည်။ အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေတတ်သော်လည်း အချို့မှာ နာကျင်စေသည်။ အချို့သောငေါသည့် အရိုးများသည်ကုသမှုမလိုအပ်ပါ။ ကုသမှုများသည်အများအားဖြင့် ငေါထွက်သည့်အရိုးများတည်ရှိရာနေရာနှင့်ဖြစ်ပေါ်နေသည့် ရလဒ်များအပေါ်မူတည်သည်။ Bone Spurs (အရိုးများငေါထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBone Spurs (အရိုးများငေါထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေသောကြောင့် သတိမထားမိပဲရှိနေတတ်သည်။ တနည်းအားဖြင့်ဆိုပါက အရိုးငေါထွက်ပါက နာကျင်မှုကို ပထမဦးစွာခံစားရသည်။ ထို့နောက် ထုံကျင်လာပြီး အရိုးငေါနေသည့် နေရာများတွင် အထိမခံနိုင်လောက်အောင် နာကျင်မှုများဖြစ်လာနိုင်ပါသည်။ အကယ်၍ ခြေဖနောင့် အရိုးငေါပါက သင်သည် ခြေထောက်နာပြီး လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Clubfoot (ခြေခွင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Clubfoot (ခြေခွင်ခြင်း) ကဘာလဲ။ ခြေခွင်ခြင်းဆိုတာဟာ မွေးရာပါ ခြေထောက်ပုံစံမူမှန်တာတစ်မျိုးဖြစ်ပြီး သင့်ကလေးခြေထောက်တွေဟာ ပုံစံအနေအထားတွေက လိမ်ပြီးအတွင်းကို ခွင်နေခြင်းကိုဆိုပါတယ်။ ဒီခြေခွင်ခြင်းမှာ အရိုးတွေကို လှမ်းဆက်သွယ်ထား တဲ့ကြွက်သားတွေဟာ ပုံမှန်ထက်တိုနေသလိုဖြစ်နေတာပါ။ ခြေခွင်ခြင်းဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်ဖြစ်ပြီးသီးခြားတွေ့ရတဲ့ပြသနာတစ်ခုဖြစ်ပါတယ်။ ခြေခွင်ခြင်းဟာ သိပ်မဆိုးတာရယ် အရမ်းဆိုးတာရယ်ဆိုပြီးရှိပါတယ်။ ဒီခြေခွင်ခြင်းဖြစ်တဲ့ကလေးအများစုရဲ့တစ်ဝက်လောက်က ခြေထောက်နှစ်ဖက်စလုံးခွင်ကြပါတယ်။ ဒီလိုခြေခွင်တာရှိခဲ့ပါက သင့်ကလေးက ပုံမှန်အတိုင်းလမ်းလျှောက်နိုင်ဖို့ခက်ခဲမှာပါ။ အဲ့ဒါကြောင့်သင့်ဆရာဝန်ကလည်း မွေးပြိးပြီးချင်းကုသမှုခံယူဖို့အကြံပေးမှာပါ။ ဆရာဝန်တွေက ဒီခြေခွင်ခြင်းကို ခွဲစိတ်မှုမပြ ုလုပ်ပဲ အောင်မြင်စွာကုသနိုင်ကြပါတယ်။ ဒါပေမယ့်လည်းတစ်ချို့ကလေးတွေမှာတော့ နောက်ပိုင်းမှာ ခွဲစိတ်ဖို့လိုတတ်ပါတယ်။ Clubfoot (ခြေခွင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေခွင်ခြင်းဆိုတာဟာ အတွေ့ရများတဲ့ မွေးရာပါ ချိ ု့ယွင်းချက်တစ်ခုဖြစ်ပါတယ်။ အမေရိကားနိုင်ငံမှာ ၁၀၀၀မှာ၁ယောက်ကတော့ ဒီခြေခွင်ခြင်းမျိုးနဲ့မွေးလာတတ်ပါတယ်။ အခြားအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများClubfoot (ခြေခွင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ -ခြေထိပ်လေးက အောက်ဘက်နဲ့အတွင်းဘက်ကိုလိမ်နေပြီးခြေထောက်ကိုခုံးသလိုဖြစ်စေပြီး အတွင်းကိုလိမ်တဲ့ပုံရှိပါတယ်။ ခြေထောက်က တအားဆိုးတဲ့အနေအထားမျိုးမှာဆိုရင် ခြေထောက်ကို ဇောက်ထိုးထောင်ထားသလိုကိုဖြစ်နေတတ်ပါတယ်။ ခွင်တဲ့ဘက်က ခြေထောက် ဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကဘာလဲ။ သင့်ရဲ့ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံနားထင်ရိုးကို ပတ္တာကဲ့သို့ ဆက်သွယ်ပေးတဲ့ နားရွက်အရှေ့မှာရှိတဲ့ အဆစ်တစ်ခုဖြစ်ပါတယ်။ သင်စကားပြောနိုင်အောင်၊ ဝါးနိုင်အောင်၊ သန်းဝေနိုင်အောင် ဒီအဆစ်က မေးရိုးကိုအပေါ်အောက်နဲ့ ဘေးတိုက်ရွေ့လျားစေပါတယ်။ သင့်မေးရိုးနဲ့ မေးရိုးကိုထိန်းချုပ်တဲ့ မျက်နှာက ကြွက်သားတွေရဲ့ပြဿနာများကို မေးရိုးဆစ်ဆိုင်ရာပြဿနာများလို့ ခေါ်ပါတယ်။ Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ မေးရိုးဆစ်ပြဿနာတွေဟာ အလွန်နာကျင်စေပြီး နေရခက်စေပါတယ်။ ယာယီလည်းဖြစ်နိုင်ပြီး နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။ မျက်နှာရဲ့ တစ်ခြမ်းတည်းရော နှစ်ခြမ်းလုံးပါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်၂၀နဲ့၄၀ကြားမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများTemporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ မေးရိုးဆစ်ဆိုင်ရာပြဿနာများရဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Skier's thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။ စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ လက်မရှိအရိုးများကို ချိတ်ဆက်ပေးထားသော တစ်ရှုးအပျော့အား ထိခိုက်ဒဏ်ရာရခြင်းကိုဆိုလိုသည်။ ဆေးပညာအရ ထိုတစ်ရှူးပျော့အား အရွတ်ပြားဟုခေါ်သည်။ ပြင်းထန်ပါက အရွတ်ပြားသည် လုံးဝစုတ်ပြဲသွားပြီး ခွဲစိတ်ပြုပြင်ရသည်အထိဖြစ်သွားနိုင်သည်။ ထိုအရွတ်ပြား၏ ခိုင်မာမှုသည်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွတ်ပြားသည် လက်မ၏ ဆုပ်ကိုင်ခြင်းတာဝန်ကို ထမ်းဆောင်သည့်အတွက် ဖြစ်သည်။ Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ စကိတ်စီးရင်းရသောဒဏ်ရာများကြောင့် အများအားဖြင့်ဖြစ်ပွားသည်။8-10% သော စကိတ်စီးရင်းဖြစ်ပွားသည့် မတော်တဆမှုများတွင် တွေ့ရှိရသည်။ ဖြစ်နိုင်ချေများကို လျှော့ချပြီး ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပါ။ လက္ခဏာများSkier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မည်သည့်လက္ခဏာရပ်များတွေ့ရသနည်း။ အဖြစ်များသောလက္ခဏာများမှာ လက်မ၏အောက်ခြေဖြစ်သော လက်မနှင့် လက်ညှိးကြားကွက်လပ်နေရာတွင် နာကျင်နေခြင်း လက်မရောင်ရမ်းခြင်း လက်မနှင့်လက်ညှိုးကြားမှ မညှစ်နိုင်ခြင်း၊မဆုပ်ကိုင်နိုင်ခြင်း(သို့) ညှစ်ရန်အားနည်းနေခြင်း လက်မဘက်တွင်ရှိသော လက်ညိုးမျက်နှာပြင်အား ထိတွေ့လျှင်နာကျင်နေခြင်း လက်မပေါ်ရှိအရေပြားသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကဘာလဲ။ ဒူးတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာတခုဖြစ်သည်။ ဒူးအရွတ်ပြားဆိုသည်မှာ အင်္ဂလိပ်အက္ခရာ C ပုံစံရှိပြီး ဒူးအရိုးအားငြိမ်အောင် ခုထားပေးသည့် ရာဘာကဲ့သို့သော အရွတ်ပြားတခုဖြစ်သည်။ ဒူးတစ်ဘက်စီတွင် အပြင်ဘက်အစွန်းရှိ အရွတ်ပြားတခုနှင့် အတွင်းဆုံးအစွန်းရှိ အရွတ်ပြားတခု ပေါင်းသော် နှစ်ခု ရှိသည်။ ထိုအရွတ်ပြားများသည် ဒူးတလျှောက်ရှိကိုယ်အလေးအချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် ဒူးအားငြိမ်အောင်ထိန်းထားပေးသည်။ ထိုအရွတ်ပြားများစုတ်ပြဲသွားပါက ဒူးသည် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပေ။ Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေများသော အရာများကို ရှောင်ကြည်၍ ကာကွယ်နိုင်သည်။ ဘော်စတွန်ရှိ ကလေးဆေးရုံတစ်ရုံ၏လေ့လာချက်အရ 500,000 ထက်များသော ဒူးရွတ်ပြဲမှုများသည် အမေရိကန်နိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားနေကြောင်းသိရှိရသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။ လက္ခဏာများKnee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒူးပြဲပါက ဒူးအားလှုပ်ရှားသောအခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Lumbar Herniated Disc (ခါးကျောရိုးပြား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbar Herniated Disc (ခါးကျောရိုးပြား) ကဘာလဲ။ ခါးကျောရိုးပြား(Lumbar Vertebral disc)တွေဆိုတာ လူရဲ့ ခါးပိုင်းမှာ အရေးပါတဲ့ ကဏမှပါတယ်။ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ တုန်ခါ ပွတ်တိုက်မှုများကို သက်သာစေခြင်း၊ ခနာကိုယ်အပေါ်ပိုင်းကို ထောက်ကန်ပေးခြင်း၊ ဘယ်စောင်းညာစောင်း ခါးကိုင်းခြင်းစတဲ့လှုပ်ရှားမှု အပြုအမူတွေအားလုံးကိုပါပြုလုပ်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။ ကျောရိုးဆစ်ကြားအပြား(Lumbar vertebral disc) ကျွံကျခြင်း ဒါမှမဟုတ် သူ့ရဲ့ အတွင်းထဲအရာအချို့ အပြင်ဘက်သို့ လျှံကျပြီး ကျောရိုးမဘေးမှ အာရုံကြောများကို ထိခိုက်မိကာ ခါးနာခြင်း၊ ခြေသလုံး ပေါင်များ နာကျင်ခြင်း စတဲ့ အာရုံကြောနာကျင်တဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ Lumbar herniated disc လက္ခဏာတွေဟာ အများအားဖြင့် သိသာတဲ့ အကြောင်းအရင်းမရှိပဲ စဖြစ်တက်ပေမဲ့ တစ်ခါတစ်လေမှာတော့ ပစ္စည်းအလေးအပင်တွေမခြင်း၊ ခါးကို လိမ်ပြီး လှည့်မိခြင်းတို့ကြောင့် ခါးရိုးပြားအပေါ်မှာ ဝိတ်ပိရာက စပြီး […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကဘာလဲ။ တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်းဆိုတာ ဘာလဲ၊ တင်ပဆုံရိုးရှိအရွတ်သည် တင်ပဆုံရိုးအဆစ် လှုပ်ရှားမှုတွင် ပေါင်ထိပ်ရိုးနှင့်အတူ ပါဝင်သည်။ ထို့အပြင် တင်ပဆုံရိုးလှုပ်ရှားမှုတွင် ထိုအရွတ်သည် ရာဘာကဲ့သို့ ကြားခံတစ်ခုအနေဖြင့်၊ ပေါင်ထိပ်ရိုးကို ပေါင်ဆစ်ရိုးတွင် လုံခြံစိတ်ချရစွာနှင့် အဆင်ပြေချောမွေ့စွာလှုပ်ရှားသွားလာနိုင်ရန် ကူညီပေးပါသည်။ Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် အားကစားသမားများတွင် အလွန်အဖြစ်များပါတယ်။ နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လက္ခဏာများ Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများစုသော ထိုကဲ့သို့အရွတ်စုတ်ပြဲခြင်းတို့သည် ရောဂါလက္ခဏာ မပြတတ်ပဲရှိတတ်လေသည်။ တခါတရံမှသာ အောက်ပါအခြေအနေများထဲမှတချို့ လက္ခဏာများကို သင်ခံစားရတတ်ပါသည်။ လှုပ်ရှားမှုတိုင်းတွင် ပေါင်ထိပ်ရိုးနေရာမှ ထစ်နေ၊ သကဲ့သို့ခံစားရခြင်း ပေါင်ထိပ်အဆစ်နေရာ သို့မဟုတ် ပေါင်အတွင်းဘက်နေရာမှ နာကြင်ခြင်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကဘာလဲ။ အရည်အိတ်ရောင်ခြင်း ဆိုသည်မှာ ချောဆီဟု ခေါ် သော အရည်များဖြည့်ထားသော အိတ်များ ရောင်ခြင်း၊ နီရဲ ခြင်းကို ခေါ်ပါသည်။ ချောဆီသည် ပုခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခြေထောက် ဝန်းကျင်တွင် အများအား ဖြင့် ရှိပါသည်။ ချောဆီသည် အရိုးနှင့် ကြွက် သား၊ အရွတ်၊ အရေပြားစသော ဝန်းကျင်ရှိ အင်္ဂါများကြား တွင် ကြားခံအဖြစ် ဆောင်ရွက်ပေးကာ တစ်ခုနှင့် တစ်ခု လွယ်ကူစွာ လှုပ်ရှားနိုင်စေပါသည်။ အရည်အိတ်ရောင်ခြင်း သည် အရိုးအဆစ်များ မကြာခဏလှုပ်ရှားသောကြောင့် ဖြစ်ပွားပါသည်။ ဖြစ်စေသော အကြောင်းရင်းကို မရပ်တန့် နိုင်ပါက ရောဂါသည် ကုသမှုအပြီး ပြန်ဖြစ်နိုင်ပါသည်။ Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများ

ခါးဆစ်ချော်ခြင်းဖြစ်လျှင် ကွေးရဆန့်ရ လှုပ်ရှားရ မလွယ်ကူခြင်းများဖြစ်စေသောကြောင့် ထိုပြသနာကို သေချာစွာ ကုသမှု ခံယူသင့်ပါသည်။ ထိုသို့ ထိရောက်သော ကုသမှုများ ခံယူရန် ခါးဆစ်ချော်ခြင်းကိုဖြစ်စေသော အကြောင်းများကို သိထားရမည်ဖြစ်ပါသည်။   ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း ခါးအရိုးဆစ်များတခုနှင့် တခုကြားတွင် အနောက်ဘက်တွင် ဆက်ထားသော အဆစ်ငယ်တစ်ခုနှင့် ကြားခံချပ်ပြား တခုစီရှိကြပါသည်။ ထိုကြားခံချပ်ပြားများသည် ကျောရိုးကို မထိခိုက်အောင် ကာကွယ်ပေးပါသည်။ အနောက်ဘက်ရှိ အဆစ်လေးများက ခါးရိုးကို အနေအထားမှန်စေရန် ကူညီပေးပါသည်။ ထို့ကြောင့် ထိုနှစ်ခုပေါင်းပြီး ခါးကို အရှေ့ကုန်းခြင်း၊ အနောက်ကော့ခြင်း၊ ဘေးစောင်းခြင်းတို့ကို ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့်ကြောင့် ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ အဆစ်များချော်ထွက်ခြင်း ဖြစ်လာရပါသည်။   ခါးအဆစ်အလယ်နေရာ ချော်ခြင်း ပင်မကျောရိုးကြီးတွင် ကျောရိုးများ၏နောက်တွင် အရိုးငယ်လေးများရှိပါသည်။ ယင်းတို့ကို ကြားခံအရိုးငယ်လေးများဟုခေါ်ပြီး ယင်းတို့သည် ကျောရိုးအနောက်ရှိ အဆစ်ငယ်လေးများကို အထက်အောက်ဆက်ပေးထားသော […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်