အရိုးတွေသန်မာစေနိုင်တယ်
ခန္ဓါကိုယ်မှာ ဗီတာမင် Dပြည့်ဝမှ အရိုးနဲ့သွားတွေကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်မှာပါ။ တကယ်လို့ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို မစုပ်ယူနိုင်ဘူးဆိုရင် အရိုးပွတာ၊ အရိုးပါးတာနဲ့ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားအရိုးတွေကောင်းစွာဖွံ့ဖြိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်သလို ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ဗီတာမင် Dပြည့်ဝနေဖို့လိုအပ်ပါမယ်။
ကိုယ်ခံအားေကာင်းစေတယ်
ဗီတာမင် D ကပြင်ပရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ကူညီပေးပါတယ်။ ဒါကြောင့် ဖျားနာမှု နဲ့ရောဂါပိုးတွေအန္တရာယ်ကနေ ကင်းဝေးချင်တယ်ဆိုရင်တော့နေ့စဉ် ဗီတာမင် D ရရှိအောင်လုပ်ဆောင်ဖို့ လိုပါမယ်။
Polycystic Ovarian Syndrome (PCOS) မဖြစ်အောင်ကာကွယ်ပေးတယ်
Polycystic Ovarian Syndrome ဆိုတာက အပျိုဖော်ဝင်တဲ့အရွယ် မိန်းကလေးတွေမှာ အဖြစ်များတဲ့ဟော်မုန်းမမျှတတဲ့ အခြေအနေတစ်ရပ်ပါ။တွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့ကတော့ ကိုယ်အလေးချိန်တက်လာတာ၊ ဝက်ခြံတွေထွက်တာ နဲ့ သန္ဓေမအောင်တာမျိုးအဖြစ်များပါတယ်။ များသောအားဖြင့် ဒီဝေဒနာက ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့နေတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ အခုလိုပြဿနာတွေ ကင်းဝေးစေဖို့ဆိုရင် နေ့စဉ်ပုံမှန် မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို ထိတွေ့ပေးတာ။ ဗီတာမင် D အားဖြည့်ဆေးတွေသောက်သုံးပေးတာဖြစ်ဖြစ် လုပ်ဆောင်ပေးလို့ရပါတယ်။
ကဲလေဒီတို့ရေ ဒီလောက်တောင်အကျိုးများတဲ့ ဗီတာမင် D ကို မနက်ခင်းနေရောင်နွေးနွေးအောက်မှာ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်းရယူလိုက်ပါနော်……
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။