အဓိပ္ပါယ်ဖွင့်ဆိုချက်
Rheumatic Fever (လေးဘက်နာ အဖျား ) ကဘာလဲ။
Rheumatic အဖျား ဆိုတာဟာ အကင်းသေအောင် မကုသလိုက်တဲ့ လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျား ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျားရောဂါတွေဟာ streptococcus ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပါတယ်။Rheumatic အဖျားရောဂါဟာ အသက် ၅နှစ်ကနေ ၁၅နှစ်အရွယ် ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ဒီထက်ငယ်တဲ့ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်ပွားလာနိုင်တဲ့ ရောဂါတမျိုးပါ။Rheumatic အဖျားရောဂါဟာ နှလုံး အဆို့ရှင်တွေ ပျက်စီးတာ၊နှလုံး အလုပ်မလုပ်တော့တာတို့အပါအဝင် (ပြန်ကောင်းမလာနိုင်တော့တဲ့) နှလုံးထိခိုက်မှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေကို လျှော့ချနိုင်ခြင်း၊နာကျင်မှုအပါအဝင် တခြားသော ရောဂါလက္ခဏာတွေကို သက်သာစေခြင်း၊Rheumatic အဖျား နောက်တကြိမ် ပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။