backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pseudogout ()

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pseudogout ကဘာလဲ။

Pseudogout ဆိုသည်မှာ တစ်ခု သို့မဟုတ် ပို၍များသော အရိုးအဆစ်များတွင် ရုတ်တရက် နာကျင်ရောင်ရမ်းခြင်း ဖြစ်စေသော အဆစ်အမြစ်ရောင်နာတစ်မျိုး ဖြစ်သည်။ ရက် များ သို့မဟုတ် အပတ်များအထိ ကြာနိုင်သည်။ အဖြစ် အများဆုံး အဆစ်မှာ ဒူးခေါင်းဖြစ်သည်။

အခြားထိခိုက်နိုင် သော အဆစ်များမှာ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ တံ တောင်ဆစ်၊ နှင့် ပခုံးတို့ဖြစ်သည်။ gout ရောဂါနှင့် ဆင်တူ သော်လည်း ဖြစ်စေသော အကြောင်းရင်းမှာ မတူပါ။ Pseudogout ဟူသော အဓိပ္ပါယ်မှာ gout ရောဂါအတု ဖြစ်သည်။

Pseudogout က ဘယ်လောက်အဖြစ်များသလဲ

Pseudogout သည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင် သော်လည်း အသက် ၆၀ ကျော်သူများတွင် များသောအား ဖြင့် ဖြစ်ပွားသည်။ လေ့လာမှုများအရ Pseudogout လူနာ တစ်ဝက်သည် အသက် ၈၅ နှစ်ကျော် ဖြစ်သည်။ အဆစ် များတွင် ထိခိုက် ဒဏ်ရာကြီးစွာ ရသောသူများသည် pseudogout ဖြစ်ပွားနိုင်သည်။

လက္ခဏာများ

Pseudogout ရဲ့လက္ခဏာတွေကဘာတွေလဲ

Pseudogout ၏ ရောဂါလက္ခဏာများမှာ အဆစ်နာခြင်း၊ ရောင်ခြင်း၊ ပူနွေးပြီး နီရဲခြင်း တို့ဖြစ်ပါသည်။ ၎င်းတို့သည် လျင်မြန်စွာ စတင်ဖြစ်ပွားပါသည်။ နာကျင်မှုသည် ဆက်တိုက် ဖြစ်ပေါ်ပြီး အဆစ်ကို လှုပ်ရှားသောအခါ ပို၍ ဆိုးပါသည်။ လမ်းလျှောက်ခြင်း၊ အဝတ်အစားဝတ်ခြင်း နှင့် ပစ္စည်းမခြင်း စသော လှုပ်ရှားမှုများ ပြုလုပ်ရန် ခက်ခဲပါသည်။

တစ်ခါတစ်ရံ အဆစ်တစ်ခုထက် ပို၍ ထိခိုက်စေပါသည်။ ရောဂါ လက္ခဏာ ပြမှု သည် ဘယ်အချိန်မဆို ဖြစ်ပွားနိုင်သည်။ ခွဲစိတ်မှု သို့မဟုတ် ဖျားနာခြင်းစသော အကြောင်းကိစ္စများသည် ရော ဂါလက္ခဏာများကို အစပျိုးနိုင်ပါသည်။ ကုသမှုအပြီး ရက်အ နည်းငယ်အတွင်းတွင် ရောဂါလက္ခဏာများ ပျောက်ကင်း သွားနိုင်ပါသည်။

မကုသပါက လက္ခဏာများသည် သီတင်း ပတ် အနည်းငယ် သို့မဟုတ် ပို၍ ကြာနိုင်ပါသည်။ အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရုတ်တရက် ပြင်းထန်စွာ အဆစ်နာခြင်း နှင့် ရောင်ရမ်း ခြင်း ဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဆရာဝန်နှင့် ပြသရန် ကြန့်ကြာလေ ရောဂါပိုဆိုးလေဖြစ်ပြီး နာတာရှည် နာကျင်ခြင်းကို ဖြစ်စေသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Pseudogout ကိုဘာတွေကဖြစ်စေသလဲ

Pseudogout သည် ထိခိုက်သော အဆစ်အတွင်း Calcium pyrophosphate dehydrate crystals များပါရှိခြင်း ကြောင့်ဖြစ်ပါသည်။ ထို ကျောက်မှုန်များသည် အသက်ကြီး လေ ပိုများလာလေဖြစ်သည်။ အသက် ၈၅နှစ်ကျော်သော လူများ၏ တစ်ဝက်နီးပါးတွင် တွေ့ရှိရပါသည်။

သို့သော် ကျောက်မှုန် အနယ်ကျမှုဖြစ်သူတိုင်း pseudogout မဖြစ်နိုင် ပါ။ အချို့လူများတွင် ရောဂါလက္ခဏာများ ဖြစ်ပြီး အချို့တွင် မဖြစ်ပွားခြင်းမှာ ဘာကြောင့်ဆိုသည်ကို ရှင်းလင်းစွာမသိပါ။ ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ခြင်းမဟုတ်ပါ။ အခြားသူများ သို့ ကူးစက်ပျံ့နှံ့ခြင်းလည်း မရှိပါ။

Risk factors

Pseudogout ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Pseudogout ဖြစ်နိုင်ချေကို မြင့်စေသော အချက်များမှာ-

  • အသက်ကြီးခြင်း။ Pseudogout ဖြစ်နိုင်ချေသည် အသက်ကြီးသူများတွင် မြင့်ပါသည်။
  • အဆစ်ဒဏ်ရာရမှု။ အဆစ်ကို ဒဏ်ရာရခြင်း ဥပမာ- ပြင်းစွာ ထိခိုက်ခြင်း သို့မဟုတ် ခွဲစိတ်ခြင်း သည် ထို အဆစ်တွင် Pseudogout ဖြစ်နိုင်ချေကို မြင့်စေပါ သည်။
  • မျိုးဗီဇ ရောဂါ။ အချို့ မိသားစုများတွင် Pseudogout ဖြစ်နိုင်ချေသည် မျိုးရိုးလိုက်ပါသည်။ ထိုသူများသည် ငယ်ရွယ်စဉ်ပင် Pseudogout ဖြစ်နိုင်ပါသည်။
  • သတ္တုဓါတ် မညီမျှခြင်း။ Pseudogout ဖြစ်နိုင်ချေ သည် သွေးတွင်းတွင် ကယ်စီယမ် သို့မဟုတ် သံ ဓါတ် အလွန်များသော သို့မဟုတ် မက်ဂနီဆီယမ် အလွန်နည်းသော သူများတွင် မြင့်ပါသည်။
  • အခြား ကျန်းမာရေး အခြေအနေများ။ Pseudogout သည် ထကြွမှု မရှိသော thyroid gland သို့မဟုတ် အလွန် ထကြွသော parathyroid gland ရှိခြင်းဖြင့် ဆက်စပ်မှု ရှိပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pseudogout () ကို ဘယ်လိုအတည်ပြုပါသလဲ

Pseudogout ၏ ရောဂါလက္ခဏာများသည် gout နှင့် အ ခြား အဆစ်အမြစ်ရောင်နာ အမျိုးအစားများ၏ လက္ခဏာနှင့် ဆင်တူပါသည်။ ထို့ကြောင့် ဆရာဝန်သည် ရောဂါအဖြေရှာ နိုင်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။

ဓါတ်ခွဲခန်း စစ်ဆေးမှုများ။ သွေးစစ်ခြင်းသည် thyroid နှင့် parathyroid glands ပြဿနာများကို စစ်ဆေးနိုင်ပါ သည်။ pseudogout နှင့် ဆက်စပ်သော သတ္တုဓါတ်မမျှမှု များကိုလည်း စစ်ဆေးနိုင်ပါသည်။ အဆစ်မှ အရည်များ ထုတ်ယူပြီး pseudogout ကျောက်မှုန်များ ကို အဏုကြည့် မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ရှုနိုင်ပါသည်။

ပုံရိပ်ဖော်သော စစ်ဆေးမှုများ။ ထိခိုက်သော အဆစ်ကို ဓါတ်မှန်ရိုက်ခြင်းသည် အဆစ်ပျက်စီးမှုနှင့် အဆစ်၏ အရိုးနု အတွင်း ကျောက်မှုန်များ အနယ်ကျခြင်းကို ဖော်ထုတ်တွေ့ရှိ နိုင်ပါသည်။

Pseudogout () ကို ဘယ်လိုကုသပါသလဲ

ကျောက်မှုန်များကို ဖယ်ထုတ်ရန် လက်ရှိတွင် နည်းလမ်း မရှိသေးသော်လည်း ဆေးများဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ပါသည်။ ibuprofen, naproxen, indomethacin စသော စတီးရွိုက်မပါသော အကိုက်အခဲ ပျောက်ဆေး (NSAIDs) ကို ကုသမှုအတွက် အသုံးပြုနိုင်ပါ သည်။

တစ်ခါတစ်ရံ ပို၍ ပြင်းသော အကိုက်အခဲပျောက်ဆေး များ (prednisone, colchicines) တို့ လိုအပ်ပါသည်။ အဆစ် မှ အရည်များ ဖယ်ထုတ်ပြီး အဆစ်တွင်းသို့ cortisone ထိုးခြင်း သည် အသုံးများသော ကုသမှုတစ်မျိုး ဖြစ်သည်။ Cortisone ထိုးခြင်းသည် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို အမြန်ဆုံးနှင့် ပြီးပြည့်စုံဆုံး သက်သာစေပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Pseudogout ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Pseudogout ကို ထိန်းချုပ်နိုင်ပါသည်။

  • သင် ပြန်ကောင်းမလာမချင်း ထိခိုက်သော အဆစ်ကို အနားပေးပါ။
  • ညွှန်ကြားထားသည့်အတိုင်း ဆေးသောက်ပါ။
  • ကုသမှုသည် ရောဂါလက္ခဏာများကို မသက်သာစေ ပါက ဆရာဝန်ကို အကြောင်းကြားပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement