ကလေးငယ်လေးတွေဟာ မသိ၊မတတ်သေးတဲ့ အရွယ်လေးတွေဖြစ်တဲ့အတွက် သွားတိုက်ပေးတဲ့အခါမှာ မငြိမ်တာ၊ ရုန်းနေတာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ ကလေးငယ်ကို အရုပ်လေးတွေပြထားပြီး အာရုံလွှဲတာမျိုး၊ သီးချင်းဆိုပြပေးတာမျိုး၊ ကလေးလေးကို ကိုယ်တိုင်သွားတိုက်ပြတာ၊ သူ့လက်ကလေးနဲ့ ကိုယ်တိုင်ကိုင်စေပြီး တိုက်ပေးတာ မျိုးလေးတွေ လုပ်ဆောင်သင့်ပါတယ်။
၄။ ကလေးက ကိုယ်တိုင်ကိုင်ပြီး တိုက်နိုင်တဲ့ အသက်အရွယ်ရောက်လာတဲ့ အခါမှာ ကိုယ်တိုင်တိုက်နိုင်ဖို့ သင်ကြားပေးပါ။
ကလေးလေးတွေဟာ သွားတိုက်တဲ့အခါမှာ အသက်ရှစ်နှစ် ကိုးနှစ်မတိုင်ခင် အရွယ်လောက်အထိ မိဘတွေရဲ့ အကူအညီကို လိုအပ်ပါသေးတယ်။ ကလေးကိုယ်တိုင် သွားတိုက်တံလေးကို ဆုပ်ကိုင်လာနိုင်တဲ့ အရွယ်ကတည်းက သူ့ဘာသာသူ ကိုင်စေပြီး သွားတိုက်ပုံတိုက်နည်း မှန်ကန်အောင် ဘေးကနေ အကူအညီပေးသင့်ပါတယ်။
၄။ ကလေးငယ်ရဲ့ သွားလေးတွေကို ဂရုတစိုက်စောင့်ကြည့်ပါ။
သွားပိုးစားတာ၊ သွားအပေါက်ဖြစ်တာ ၊ သွေးထွက်လာတာ စတဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
၅။ သွားဆရာဝန်နဲ့ ပုံမှန် ပြသပေးပါ။
ကလေးရဲ့ သွားနဲ့ သွားဖုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက် သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး စစ်ဆေးပေးဖို့လည်း မမေ့ပါနဲ့နော်။
၆။ ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်ပြီး ကျွေးပေးပါ။
ကလေးလေးမှာ သွားနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် ကလေးကို အချိုတွေ အများကြီး ကျွေးတာမျိုးမလုပ်ဘဲ ကျန်းမာရေးအတွက်ကောင်းတဲ့ အသီးအနှံတွေ၊ သဘာဝအစားအစာတွေကို ဂရုတစိုက်ကျွေးပေးရပါမယ်။
ဘဝတစ်လျှောက်လုံးမှာ ယုံကြည်မှုရှိတဲ့ အပြုံးလေးတွေနဲ့ ကျန်းမာပျော်ရွှင်တဲ့ သူတစ်ယောက်ဖြစ်လာအောင် ကလေးဘဝကတည်းက သွားနဲ့ သွားဖုံးကျန်းမာရေးကို အလေးထားပြီး အလေ့အကျင့်ကောင်းတွေရှိသွားအောင် ဂရုစိုက်ပေးဖို့ အကြံပေးပါရစေ။
ရေးသားသူ- Khine Phoo Ngon
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။