အာခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာတွေလို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါကမထူးဆန်းတဲ့ကိစ္စပါ။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေ နဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ ဖော်ပြပါအခြေအနေတွေက သူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။
နာကျင်စေတတ်တဲ့ ရောဂါတွေ (နှုတ်ခမ်းနဲ့ နှာခေါင်းတွေမှာ နီရဲရောင်ရမ်းနာကျင်နေတတ်တဲ့ ပါးစပ်နာ နဲ့ကျိုင်းအနာလို့ခေါ်တဲ့ canker sore) ဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်က နာကျင်ခြင်းတွေက ပိုဆိုးလာနိုင်ပါတယ်။ Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာအများဆုံးဖြစ်ပေါ်တတ်ပြီး canker sore ကတော့ လျှာ၊ သွားဖုံးနဲ့ ပါးတွေမှာတောင်ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် ဒီအခြေအနေတွေထဲကတစ်ခုဖြစ်နေပြီဆိုရင် ပြဿနာကို ပိုပြီးပြန့်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် cold sore (အပူကန်နာ လို့လည်းခေါ်ကြပါသေးတယ်) တွေဟာ အအေးမိခြင်း အေးခြင်းတို့ကြောင့်ဖြစ်တတ်ပြီး canker sore ကတော့ သင့်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေချို့တဲ့နေလို့ဖြစ်ရတာပါ။ သင်က ဒီလိုပြဿနာတွေမဖြစ်ချင်ဘူးဆိုရင် ရောဂါဖြစ်နေတဲ့လူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။ ဖြစ်လာတတ်တဲ့အကြောင်းရင်းတွေကိုတော့မသိရသေးပေမယ့် သင့်မှာ ဒီပြဿနာတွေဖြစ်နေခဲ့ရင်တော့ ဒီတိုင်းထားလိုက်ပါ။ တစ်ပတ် ၂ပတ်အတွင်းမှာ သူ့အလိုလိုပျောက်သွားနိုင်တယ်လေ။ ပိုပြီးပြင်းထန်တဲ့အခြေအနေမျိုးဆိုရင်တော့ နာကျင်မှုကိုသက်သာစေတဲ့အဆီ သို့မဟုတ် ခရင်မ် အချို့လိုအပ်ပါလိမ့်မယ်။
ခံတွင်းနံ့ဆိုးခြင်း
မကြာခဏဆိုသလို ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေနဲ့ စားကြွင်းစားကျန်တွေစုလာခြင်းဟာ ခံတွင်းနံ့ကို အတော်ဆိုးရွားစေပါတယ်။ တစ်ရက် ၂ကြိမ်သွားတိုက်ခြင်းနဲ့ တစ်ရက်တစ်ကြိမ် သွားကြားထိုးခြင်း(ကြိုးဖြင့်) တွေလုပ်ပြီး ခံတွင်းကိုသန့်ရှင်းနေပါစေ။ လိုအပ်မယ်ဆိုရင် ပိုးသတ်ဆေးပါတဲ့ အာလုပ်ကျင်းဆေးရည် ကိုသုံးပါ။ ဒါ့အပြင် ဒီလိုပြဿနာမျိုး ကြာရှည်ဖြစ်လာခဲ့ပြီဆိုရင်တော့ သွားဖုံးရောဂါ သို့မဟုတ် သွားတွေပျက်စီးနေတာမျိုးစတဲ့ ခံတွင်းပြဿနာတစ်ခုခုဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ သွားဆရာဝန်ကို သွားပြသင့်ပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။