backup og meta

ခံတွင်းနံ့ဆိုး သက်သာစေဖို့ အထိရောက်ဆုံးနည်းလမ်းတွေက ဘာတွေများလဲ


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းနံ့ဆိုး သက်သာစေဖို့ အထိရောက်ဆုံးနည်းလမ်းတွေက ဘာတွေများလဲ

    စကားပြောမယ်ကြံတိုင်း ခံတွင်းကအနံ့ဆိုးတွေထွက်နေလို့ လူအထင်သေးမှာစိုးပြီး မပြောရဲဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီနေ့ပဲ ဒီပြဿနာကို ဖြေရှင်းလိုက်ရအောင်လား။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် Helloဆရာဝန်ပရိသတ်ကြီးရေ….

    ခံတွင်းနံ့ဆိုးကို ဒီလိုမောင်းထုတ်ပါ

    ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို အလေ့အထလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပါ။

    သွားပုံမှန်တိုက်ပါ

    သွားမှာ သွားချေးတွေရှိနေတာကလည်း ခံတွင်းအနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားကြားထဲမှာ စားကြွင်းစားကျန်တွေမရှိစေဖို့လည်း သွားပွတ်ကြိုးအသုံးပြုပေးဖို့ မမေ့ပါနဲ့။

    ပလုတ်ကျင်းပါ

    ခံတွင်းထဲမှာ ဘက်တီးရီးယားတွေများတာကလည်း ခံတွင်းနံ့ကိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဒီလိုလုပ်ပေးတာက စားကြွင်းစားကျန်တွေကိုရှင်းပေးပြီးသားဖြစ်စေမှာပါ။ ဘက်တီးရီးယားတွေကိုလည်း ဟန့်တားပြီးသားဖြစ်စေမှာပါ။

    ငုံဆေးငုံပါ

    ဒါကလည်း ခံတွင်းနံ့ဆိုးကင်းစေပြီးခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေထဲကတစ်ခုပါ။ သဘာဝအဆီအနှစ်တွေကနေထုတ်ထားတဲ့ ငုံဆေးဆိုရင် ပိုအဆင်ပြေပါမယ်။

    လျှာကို သန့်ရှင်းပါ

    လူအများစုက ခံတွင်းသန့်ရှင်းပါလို့ပြောလိုက်ရင် လျှာကိုမေ့ထားတတ်ကြပါတယ်။ တကယ်တော့ ခံတွင်းအနံ့ဆိုးကင်းစေဖို့က လျှာကို သန့်စင်ပေးဖို့လည်း လိုပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာကိုပါတိုက်ပေးပါ။

    ခံတွင်းနံ့ဆိုးစေနိုင်တာတွေကိုရှောင်ပါ

    အစားစားတဲ့အခါ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဓညင်းသီး၊ ကော်ဖီ စတာတွေကိုရှောင်ရပါမယ်။ ဒီအစားအစာတွေက သင့်ကို ခံတွင်းနံ့ဆိုးဖြစ်စေနိုင်ပါတယ်။

    ဆေးလိပ်ဖြတ်ပါ
    ဆေးလိပ်သောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တာအပြင် သွားနဲ့သွားဖုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလောက်နဲ့ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ခံတွင်းနံ့ဆိုးကိုဖြစ်စေနိုင်ပါသေးတယ်။ ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် မဖြစ်မနေလုပ်သင့်တာတစ်ခုက ဆေးလိပ်ဖြတ်ဖို့ပါ။
    သွားဖုံးကျန်းမာရေးဂရုစိုက်ပါ
    သွားဖုံးကျန်းမာရေးမကောင်းတာကလည်း ခံတွင်းနံ့ဆိုးတွေကိုဖြစ်စေပါတယ်။ ဒါကြောင့် သွားဖုံးတွေမှာ ရောင်နေတာမျိုး နာနေတာမျိုးဖြစ်မယ်ဆိုရင် ဆားရည်နဲ့ပလုတ်ကျင်းတာမျိုးလုပ်ပေးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ပြသပါ။ရေများများသောက်ပါရေဓါတ်ပြည့်ဝမှုကလည်း ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ခြေကို လျှော့ချပေးနိုင်တာကြောင့် ခံတွင်းနံ့ဆိုးကင်းစေဖို့ဆိုရင် နေ့စဉ်လုံလောက်တဲ့ရေပမဏကို သောက်ဖြစ်ဖို့လည်းလိုပါမယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ပါ။ပုံမှန်စစ်ဆေးမှုလုပ်ပါပုံမှန် ၆ လတစ်ကြိမ် သွားနဲ့ခံတွင်းစစ်ဆေးမှုလုပ်ဖို့လိုပါမယ်။ ဒါမှ သွားနဲ့ခံတွင်းကျန်းမာပြီး ခံတွင်းနံ့ဆိုးကင်းမှာပါ။ သွားထိခိုက်ပျက်စီးမှုလည်း ကင်းစေမှာဖြစ်ပါတယ်။

    အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ သန့်စင်တဲ့ ခံတွင်းနံ့နဲ့ လူကြားထဲမှာ ရဲရဲဝံ့ဝံ့စကားပြောလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement