backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား
နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

အသက်ရှူလမ်းကြောင်းရောဂါ အများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား ဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။

နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက် ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။

ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။

ဒီလို အခြေအနေတွေ မှာတော့ သွားပွတ်တံ လဲရပါမယ်။

  • ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ထားရင်
  • နေမကောင်း ဖြစ်တုန်းက စတီးရွိုက်လိုမျိုး ခုခံအား ကျစေတဲ့ ဆေးတွေ သောက်ထားရရင်
  • ပိုးသတ်ဆေးတွေ အများကြီး သောက်ထားရရင်
  • ကိုယ်တိုင်မှာ ခုခံအား ကျတဲ့ ရောဂါ ရှိနေရင်
  • ခုခံအားကျစေတဲ့ ကင်ဆာကုထုံးလိုမျိုး ဆေးကုသမှု ခံယူနေရင်တော့ သွားပွတ်တံလဲသင့်ပါတယ်။

ခုလို ကိုဗစ်ကာလမှာလည်း ကိုဗစ်ဖြစ်ပြီး နာလန်ပြန်ထလာတယ်ဆိုရင် သွားပွတ်တံ လဲလိုက်တာ ကောင်းပါတယ်။ အထူးသဖြင့် စတီးရွိုက်တွေ၊ ပိုးသတ်ဆေးတွေ သောက်ထားတဲ့သူတွေဆို လဲသင့်ပါတယ်။ ပိုးသတ်ဆေးတွေ အများကြီးသောက်ထားတဲ့အတွက် ဆေးယဉ်ပါးပိုးတွေလည်း ရှိနိုင်လို့ပါ။

သွားပွတ်တံမှာ ပိုးမပေါက်အောင် ဘယ်လို ကာကွယ်ကြမလဲ။

American Dental Association (ADA)ရဲ့ အဆိုအရ

  • သွားပွတ်တံကို သူများနဲ့ မျှပြီး မသုံးပါနဲ့။

အများစုကတော့ မျှပြီး မသုံးကြဘူးလို့ ယူဆပါတယ်။ သာမန်အချိန်တွေမှာလည်း မသုံးသင့်သလို ခုလို ကိုဗစ်ကာလမှာ ပိုတောင် မသုံးသင့်ပါဘူး။ Oral Health Foundation အဆိုအရ ကိုဗစ်လူနာရှိတဲ့ မိသားစုရာကျော်ကို ၁၅ရက်လောက် လေ့လာကြည့်တဲ့အခါ သွားပွတ်တံ မျှသုံးတတ်တဲ့ သူတွေမှာ တစ်ဝက်လောက် (၅၅ ရာခိုင်နှုန်း)က ရောဂါပိုး ကူးကြတာကို တွေ့ရပါတယ်။

သွားပွတ်တံတင်မက သွားတိုက်ဆေးကလည်း ဒီနေရာမှာ အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ်လူနာကို သွားပွတ်တံရော၊ သွားတိုက်ဆေးရော သက်သက်ထားပေးပါ။ သိမ်းတဲ့နေရာလည်း သီးသန့် သတ်မှတ်ပေးထားပါ။

  • သွားပွတ်တံကို သုံးပြီးရင် ဆေးပါ။

ဆပ်ပြာရည် သုံးပြီး ဆေးစရာတော့ မလိုပါဘူး။ ရေဖွားဖွားအောက်မှာ စင်အောင် ဆေးရင် ရပါပြီ။

  • သွားပွတ်တံကို ပိုးမသတ်ပါနဲ့။

သွားပွတ်တံက အထူးတလည် ပိုးသတ်စရာ မလိုပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ နည်းမျိုးစုံသုံးပြီး ပိုးသတ်ချင်ကြပါတယ်။ သွားပွတ်တံကို ပိုးသတ်တာ ကောင်းလားဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက် မရှိသေးပါဘူး။

တချို့ကလည်း သွားပွတ်တံကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၃%  ဒါမှမဟုတ် Listerine အာလုပ်ကျင်းဆေးရည်ထဲကို ထည့်စိမ်တာက ပိုးသေစေတယ်လို့ ဆိုပါတယ်။ တချို့ကလည်း ဒီလို ပိုးသတ်တာက ပိုးတွေကို ပိုပြန့်စေပါတယ်တဲ့။

သွားပွတ်တံကို အပူတိုက်တာ၊ ရေနွေးပူထဲ ထည့်တာကိုတော့ မလုပ်ရပါဘူး။ သွားပွတ်တံရဲ့ အမွေးလေးတွေ ပျက်စီးနိုင်လို့ပါ။

Toothbrush sanitizer ဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေကလည်း ပစ္စည်းကောင်းပြီး FDAထောက်ခံချက်ရဖို့ လိုပါတယ်။

အကောင်းဆုံးကတော့ ဘာမှမလုပ်တာပါပဲ။

  • သွားပွတ်တံကို လေသလပ်ခံပါ။

သွားပွတ်တံကို သုံးပြီးရင် ရေသေချာဆေး၊ ပြီးရင် ထောင်ထားပြီး လေသလပ်ခံထားပါ။ သွားပွတ်တံကို အလုံပိတ်ပြီး မသိမ်းပါနဲ့။ ပိုးတွေ ပိုပေါက်နိုင်ပါတယ်။ တခြား သွားပွတ်တံတွေနဲ့လည်း နီးနီးကပ်ကပ် မသိမ်းပါနဲ့။ နေရာခြားပြီး သိမ်းပေးပါ။

  • သွားပွတ်တံကို ပုံမှန်လဲပေးပါ။

၃-၄ လပြည့်တိုင်းမှာ ဒါမှမဟုတ် သွားပွတ်တ့ အမွေးတွေ ဖွာလာတဲ့အခါ အသစ်လဲပေးပါ။ ဒါကတော့ နေကောင်းကောင်း၊ မကောင်းကောင်း ပုံမှန်လုပ်ပေးရမယ့် ကိစ္စပါ။ ဖွာလန်ကျဲနေတဲ့ သွားပွတ်တံက သွားနဲ့ ခံတွင်းကို ထိထိရောက်ရောက် သန့်ရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.dentalhealth.org/news/toothbrushing-habits-linked-with-spread-of-covid-19-infections-research-finds

https://www.verywellhealth.com/should-i-replace-my-toothbrush-after-ive-been-sick-770715

https://health.clevelandclinic.org/throw-away-toothbrush-sick/

https://www.ada.org/en/member-center/oral-health-topics/toothbrushes

 

 

ယခုပုံစံ

22/02/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement
ad iconadvertisement