သွားတိုက်ခြင်း၏ အကျိုးကျေးဇူးများ အပြည့်အ၀ ရရှိစေနိုင်ဖို့အတွက် သင့်၏ ခံတွင်းနှင့်သင့်တော်သော သွားအားလုံးကိုတိုက်နိုင်သော သွားတိုက်တံကို အသုံးပြုသင့်သည်။ သွားတိုက်ရာတွင် သက်သောင့်သက်သာရှိစေရန် သွားပွတ်တံ၏ လက်ကိုင်၊ ဒီဇိုင်းပုံစံများကို အဓိကထား၍ ရွေးချယ်သင့်သည်။
သွားဖြူစေသော ကုန်ပစ္စည်းများကို သတိပြု၍ ရွေးချယ်ပါ
သင်၏လိုအပ်ချက်ပေါ်မူတည်၍ အမျိုးမျိုးသော သွားဖြူစေသောပစ္စည်းများကို အသုံးပြုနိုင်သည်။ သင်သည် ကော်ဖီ၊ လက်ဖက်ရည်တို့ကို ပုံမှန်သောက်သုံးသူဖြစ်ပါက သွားဖြူစေသော သွားတိုက်ဆေးများနှင့် ခံတွင်းသန့်စင်ဆေးရည်များကို အသုံးပြုသင့်သည်။ Gel pens များသည် အနောက်သို့ဝင်နေသော သွားများကိုပင် သန့်စင်စေနိုင်သည်။ Custom Whitening trays နှင့် laser whitening ပစ္စည်းများသည် သွားများကို သိသိသာသာ ဖြူဖွေးစေနိုင်သော သွားဆရာဝန်သုံးပစ္စည်းများ ဖြစ်သည်။
သင်၏ အခြားသောကျန်းမာရေးအခြေအနေများကို ဂရုစိုက်ပါ
အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေ (သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း နှင့် သွားကြိတ်ခြင်း) များသည် သင့်အပြုံးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မိမိတစ်ကိုယ်ရည်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကျန်းမာသော ဘဝ၊ လှပသော အပြုံးနှင့် လတ်ဆတ်သော ခံတွင်းနံ့များကို ရယူလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။