ခံတွင်းကနေ မခံမရပ်နိုင်အောင် အနံ့ဆိုးထွက်တဲ့ ကိစ္စက တော်တော်လေး ရှက်ဖို့ကောင်းသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီခံတွင်းအနံ့ဆိုးကိုပဲ အာရုံစိုက်မိနေတဲ့အခါကျ တခြားသူနဲ့ စကားပြောရင်လည်း ပါးစပ်က မပွင့်တပွင့်ဖြစ်နေတာ၊ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားပြောနေရတာ၊ မျက်နှာချင်းဆိုင်ပြီး စကားမပြောဘဲ မျက်နှာကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာက တော်တော်လေးကို ကြည့်ရဆိုးပါတယ်။