backup og meta

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။
    ပါးစပ်ထဲမှာရှိတဲ့ တံထွေးတွေက ခန္ဓာကိုယ်အတွက် အကျိုးများ ပြုရဲ့လား ညစ်ပတ်တယ်။ ရွံစရာကောင်းတယ် လို့ပဲ အမြဲတွေးနေမိလား။ ဒါဆိုရင်တော့ တံထွေးက ဘာတွေ လုပ်ပေးလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    တံထွေး ဆိုတာ

    တံထွေးဆိုတာက ပါးစပ်ထဲမှာရှိတဲ့ ဂလင်း ပေါင်းများစွာကနေ ထုတ်လွှတ်လိုက်တဲ့ အရည်ကြည် တစ်မျိုးပါ။ တံထွေးမှာ antibodies နဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။

    တံထွေးက ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ များသောအားဖြင့်ကတော့ ရေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် တံထွေးက အစာခြေဖို့နဲ့ သွားတွေကို ခိုင်မာစေဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတွေ ပါဝင်နေပါတယ်။

    တံထွေးက အရေးကြီးတယ်လို့ ပြောရတဲ့ အကြောင်းအရင်း

    တံထွေးက အရေးကြီးတယ်လို့ ပြောရတာက တံထွေးက

  • ပါးစပ်ကို ကို စိုစွတ်စေတယ်
  • ပါးစပ်ကို သက်သောင့်သက်သာ ဖြစ်စေတယ်
  • အစားတွေကို ဝါးစားနိုင်စေဖို့ ကူညီပေးတယ်
  • မျိုချရလွယ်စေဖို့ အကူအညီ ပေးတယ်
  • အရသာခံနိုင်စေဖို့ ကူညီပေးတယ်
  • ခံတွင်း အနံ့ဆိုး မဖြစ်အောင် ကာကွယ်ပေးတယ်
  • ပါးစပ်ထဲမှာ ပိုးမွှားတွေ မပေါက်ဖွားစေဖို့ အကူအညီပေးတယ်
  • သွားဖုံး ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်
  • သွားပိုးစားတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
  • သွားကြွေလွှာတွေ မပျက်စီးစေဖို့ ကာကွယ်ပေးတယ်
  • သွားချေးတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။
  • အစားတစ်ခုခုကို ဝါးတဲ့အခါ တံထွေးတွေက ပျော့သွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒီလိုပါပဲ သကြားလုံးတွေကို ပျော်သွားစေဖို့လည်း တံထွေးကလုပ်ဆောင်ပေးတာပါ။

    တံထွေးကို ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကို တံထွေးဂလင်းတွေလို့ ခေါ်ပြီး ပါးအတွင်းပိုင်းမှာ ရှိပါတယ်။ တစ်နေ့တာမှာ ခန္ဓာကိုယ်က တံထွေး ၂ ပိုင့် ကနေ ၄ ပိုင့်အထိ ထုတ်လုပ်ပါတယ်။ မွန်းလွဲပိုင်းလောက်မှာ တံထွေးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ညပိုင်းမှာ တံထွေး ထုတ်လုပ်မှု နည်းသွားပါတယ်။

    တံထွေး မရှိရင် ဘာတွေဖြစ်သွားမလဲ။

    ခံတွင်းထဲမှာ တံထွေးရှိနေတာက ကျန်းမာတဲ့ လက္ခဏာပါ။ တံထွေးနည်းနေတာ၊ လုံလောက်တဲ့ တံထွေးမရှိဘူးဆိုရင်

    တံထွေး ထွက်ရှိမှု ကောင်းစေဖို့ ဘာတွေ လုပ်ရမလဲ။

    တံထွေးထွက်ရှိမှု ကောင်းပြီး  ခံတွင်းနဲ့ခန္ဓာကိုယ် ကျန်းမာစေဖို့ဆိုရင်

    ဒီလို လုပ်ပေမယ့် ခံတွင်းခြောက်တာ မသက်သာသွားဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသပြီး တံထွေးတု အသုံးပြုတာမျိုး လုပ်ဖို့ လိုပါမယ်။ တံထွေးတု ဆိုတာက အရည်တစ်မျိုး ဖြစ်ပြီး စပရေးပုံစံနဲ့ ရနိုင်ပါတယ်။ ဒီဆေးကို ဆေးဆိုင်တွေမှာ ဆရာဝန် ဆေးစာမလိုဘဲ ဝယ်ယူရရှိနိုင်ပါတယ်။တံထွေးတုက ခံတွင်းကို အစိုဓာတ် ထိန်းပေးပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုက တံထွေးတုမှာ တံထွေးမှာပါသလို ပရိုတင်း၊ သတ္တုဓာတ်၊ antibodies နဲ့ အင်ဇိုင်းတွေ မပါဝင်သလို အစာခြေရာမှာ ကူညီပေးနိုင်တာမျိုးလည်း မရှိပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement