home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ရွက်ကို ပုံမှန်အားဖြင့်ကတော့ အချဉ်တည်ပြီး တို့စားတာ၊ ခံတက်ချဉ်ကို ပါးပါးလှီးလို့ ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သုပ်စားတာမျိုး အများဆုံး စားဖြစ်မယ် ထင်ပါတယ်။

ခံတက်ရွက် နုနုလေးကို အချဉ်တည်ထားတာက မွှေးနေပြီး စားလိုက်ရင်လည်း ချဉ်ချဉ်လေးနဲ့ အရသာတွေ့တာ အမှန်ပါ။ မြန်မာလူမျိုး တော်တော်များများ သဘောကျတဲ့ ခံတက်ရွက်လေးတွေက စားကောင်းတာအပြင် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ ခံတက်

ခံတက်ပင်ကို အစား အများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ခံတက်ပင်က အရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် စားရတဲ့ အခေါက်ပါ)၊ အမြစ် တို့ကလည်း ဆေးဖက်ဝင် ပါတယ်။ ရှေးယခင် ကာလတွေ ကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အများက အသိအမှတ်ပြု ထားတာပါ။

ခံတက်ရွက်ကပေးတဲ့ ကျန်းမာရေး

နုတုန်းမှာ ချိုပြီး ရင့်လာတာ နဲ့အမျှ ဖန်တွန့်တွန့် ဖြစ်လာမယ်။ လုံးဝ ရင့်သွားတဲ့အခါ ခါးသွားတတ်တဲ့ ခံတက်ရွက်က

အရွက်ကို ပြုတ်ပြီး ရလာတဲ့ အရည်၊ အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်၊ ပင်စည် အခေါက်ကို ပြုတ်ထားတဲ့ အရည်တွေကို အသုံးပြုပေးလို့ ရသလို အရွက်ကို အချဉ်တည်ထားတဲ့ ကတက်ချဉ်ကို စားပေးလို့လည်း ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Crataeva nurvala Buch-Ham https://www.vasuhealthcare.com/three-leaved-caper/ Accessed Date 22 June 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 22/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။