အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှုတတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။ အမျိုးသားတွေက အသက်ရှည်ရှည်နေချင်တယ်ဆိုတဲ့ ဆန္ဒထက် ရနေတဲ့ ဘဝခဏတာမှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ကိုပဲ ပိုမို အားသန်ကြသူတွေပေါ့။
နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း သူတို့ မလုပ်သလို ဆရာဝန်တွေနဲ့ရက်ချိန်း ပုံမှန်ပြသတာကလည်း သူတို့ရဲ့ အလေ့အထ မဟုတ်ပါဘူး။ တကယ်ကတော့ ဆရာဝန်နဲ့ပုံမှန် ပြသမှပဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန် ပြသတာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာဟာ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရော ပမာဏတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။ ဒီအခြေအနေတွေကို ကြိုတင် ကာကွယ်ဖို့ဆိုရင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို လုပ်ဆာင်ဖို့ လိုပါမယ်။
အမျိုးသား ကျန်းမာရေးအကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်လား။
အမျိုးသားတွေ ကျန်းမာစေဖို့
အမျိုးသားတွေ ကျန်းမာဖို့အတွက် လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါကတော့
သဘာဝ အစားအစာတွေ စားပါ
အသင့်ထုပ်ပိုးထားတဲ့ အစားအစာတွေ၊ပြုပြင်ထားတဲ့ အစားအစာတွေက သကြားတွေ၊ ဆားတွေ အလွန်အကျွံပါဝင်နေတာပါ။ ဒါတင်မကသေးပါဘူး။ ဒီအစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ သဘာဝမဟုတ်တဲ့ အရသာတွေ၊ ကယ်လ်လိုရီတွေပါဝင်နေပါတယ်။ ဒါတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကျန်းမာစေဖို့ဆိုရင်
- လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်
- ဆန်လုံးညို၊ ကောက်နှံတစ်ခုလုံးပါနေတဲ့ အစားအစာတွေ
- ပဲ အမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ လိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
- အဆီမပါ၊ အရေခွံမပါတဲ့ အသားတွေ
- ဆယ်လ်မွန်ငါးလိုမျိုး ငါးတွေကို စားပေးလို့ ရပါတယ်။
လှုပ်လှုပ်ရှားရှားနေပါ
ဗီတာမင် ပြည့်ဝပါစေ
များသော အားဖြင့်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ် စားသုံးနေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။
အစားအစာ အများစုမှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပေးတဲ့ အမျှင်ဓာတ်တွေ၊ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေကို ဖျောက်ပစ်ပါ
ဆေးလိပ်သောက်တာက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံး အချက်တွေထဲက တစ်ခုပါ။ တဆင့်ခံဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အန္တရာယ်များစေပါတယ်။ ဆေးလိပ်မသောက်ပေမယ့် တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာနဲ့ သေဆုံးသူ အမျိုးသား ဦးရေက မနည်းပါဘူး။ ဒါကြောင့် ကျန်းမာရေးကို စောင့်ရှောက်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်။ တဆင့်ဆေးလိပ်ငွေ့ကို ရှောင်ပါ။
ဆေးလိပ်သောက်တာနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့က နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ(COPD)၊ အဆုတ်လေအိတ်များပျက်စီးတာ (emphysema)၊ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆေးလိပ်ငွေ့တွေက ကင်ဆာရောဂါခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။
ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထဆိုးတွေကတော့ အရက်အလွန်အကျွံ သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတတွေပါ။ အရက်ကို မဖြတ်နိုင်ဘူးဆိုရင်လည်း အနည်းငယ်ပဲ သောက်သုံးဖို့ လိုပါမယ်။ တစ်နေ့ကို ၂ ခွက်ထပ် ပိုမသောက်သင့်ပါဘူး။ မူးယစ်ဆေးကိုတော့ လုံးဝကို ရပ်တန့်ဖို့ လိုပါမယ်။
မပြတ်စောင့်ကြည့်သင့်တဲ့ အခြေအနေများ
အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့ဆိုရင်
အသားအရေ ထိန်းသိမ်းပါ။
အသားအရေ ထိန်းသိမ်းပါလို့ ပြောလိုက်ရင် အမျိုးသမီးတွေ အလုပ်ပါလို့ ယူဆတာ များပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း အသားအရေ ထိန်းသိမ်းဖို့ လိုပါမယ်။ အမျိုးသားတွေလည်း အရေပြားကင်ဆာ ခံစားရနိုင်ပါတယ်။
- လက်ရှည်ဝတ်တာ
- အရိပ်ထဲမှာနေတာ
- ထီးဆောင်းတာ
- ဦးထုပ်ဆောင်းတာ
- နေလောင်ကာခရင်မ် လိမ်းတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
ဆီးကျိတ် ပုံမှန်စစ်ဆေးပါ။
အရေပြားကင်ဆာ ပြီးရင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးက ဆီးကျိတ်ကင်ဆာပါ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆီးကျိတ်ကို ပုံမှန် စစ်ဆေးဖို့ လိုပါမယ်။
ဆီးသွားတဲ့အခါ ဆီးသွားရခက်တာ၊ ဆီးသွားရင် နာကျင်တာ၊ ဆီးထဲ သွေးပါတာမျိုး တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့ လိုပါမယ်။
အူမကြီးကင်ဆာ စစ်ဆေးပါ။
အူမကြီးကင်ဆာကလည်း အမျိုးသားတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ အသက် ၅၀ ကျော်လာပြီဆိုရင် အူမကြီးကင်ဆာ ပုံမှန် စစ်ဆေးပါ။
အမျိုးသားများအတွက် သတင်းစကား
[embed-health-tool-bmi]