အမျိုးသားလိင်အင်္ဂါရဲ့ အရေပြားဆိုတာ မနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံတွေ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။